Season - 2 , Episode (4) (zawgyi+Unicode)

7.5K 579 44
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (4)
(zawgyi+Unicode)

မင်းသတိုးသည် ထိုင်ခုံတွင်ဝင်ထိုင်ပြီးနောက် ထရမ်ဇမ်းနှင့် စ၀်ဟုန်ဖကို အေးဆေး စကားပြောလိုက်သည်။ ဒီတက်သစ်စ လူငယ်မှော်ဆရာလေးများကို တာဝန်တချို့ခွဲပေးချင်သည်။ ဒါပေမယ့် သူတို့ကလည်း မိမိပေးသည့် တာဝန်ဖိအားကို ယူချင်စိတ် ရှိရဲ့လားဆိုတာကိုမေးရဦးမည်။ မိမိက ခေါင်းဆောင်ဆိုသည့် စိတ်နှင့် သူတို့အပေါ်ကို ဖြစ်စေချင်တာကို ဇွတ်တိုက်တွန်းတာမျိုး လည်း မလုပ်ချင်ပါ။

"အခု လက်ရှိအခြေအနေကိုလည်း မင်းတို့ သိသင့်သလောက်လည်း သိပြီ။ ထရမ်းဇမ်း နဲ့ စ၀်ဟုန်ဖကို ကျုပ်ခေါ်တွေ့ရတာက မင်းတို့ ကျုပ်နဲ့ တစ်သဘောတည်းလားဆိုတာကိုသိချင်လို့ပါ။ အခုလို စစ်ပွဲကို ဦးတည်နေတဲ့အခြေနေမှာ တက်ကြွတဲ့ လူငယ် လူတော်တွေကို လိုအပ်တယ်။ ကျုပ်က ဒီတာဝန်တွေကို တစ်ယောက်တည်းလည်း အောင်မြင်အောင် မလုပ်နိုင်ဘူး။"

"တကယ်ပဲ စစ်ပွဲကို ဦးတည်မှ ဖြစ်မှာလားအရှင်။ အရီးတော် ကို ဖြောင့်ဖြလို့မရနိုင်တော့ဘူးလား အရှင်..."

ထရမ်ဇမ်းက အေးချမ်းမှုကိုလိုလားသူပီပီ စိတ်မသက်မသာနှင့်မေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် တကယ်ပဲ တိုက်ပွဲဖြစ်လျှင် ဟိုဘက်ပါသည့် လူမျိုးစုနှင့် ဒီဘက်ပါသည့် လူမျိုးစုများက အချင်းချင်း သတ်ဖြတ်ကြလိမ့်မည်။ ကိုယ်လူမျိုးစု၊ မှော်ဆရာအချင်းချင်း တိုက်ခိုက်သည်ကို မလုပ်ချင်သဖြင့် ကြံရာမရမေးလိုက်မိခြင်းဖြစ်သည်။

မင်းသတိုးသည် ထရမ်ဇမ်းကို တည်ငြိမ်စွာဖြင့် ဖြေကြားလိုက်သည်။

"တိုက်ပွဲမဖြစ်စေချင်ရင် လွယ်လွယ်လေးပဲ။ သူဖြစ်စေချင်သလို လုပ်ပေးလိုက်ရင် မှော်ဆရာ မျိုးနွယ်တွေကြား တိုက်ပွဲဖြစ်စရာ မရှိတော့ဘူး။ ဒါဆိုရင် အပြစ်မဲ့ မှော်ပညာ မတတ်တဲ့သူတွေကို ကျွန်ပြုမယ်။ နှိပ်စက်မယ်။ သတ်ဖြတ်မှုတွေဖြစ်လာမယ်။ "

မင်းသတိုး၏ စကားကြောင့် ထရမ်ဇမ်း စိတ်ညစ်နွမ်းသွားခဲ့သည်။ မှော်ပညာမတတ်သည့် မိခင်ကို ဖခင်ဘက်မှ မျိုးနွယ်စုများ မည်မျှ နှိမ့်ချဆက်ဆံသည်ကို အသိဆုံးဖြစ်သောကြောင့် ထိုသို့ မှော်ပညာဖြင့် နိုင်ထက်စီးနင်းလုပ်ချင်သည်ကိုတော့ လုံးဝလက်မခံနိုင်ပေ။ မှော်ပညာမတတ်သည့် လူသားများကို မှော်ပညာအားကိုးနှင့် အနိုင်ကျင့်ခြင်းက အင်မတန်ကို အောက်တန်းကျသည်ဟု ထရမ်ဇမ်း ယူဆထားသဖြင့် အရှင် ၏ နောက်ကို လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မိမိဆုံးဖြတ်ချင်ကို ပွင့်လင်းစွာပြောလိုက်သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Waar verhalen tot leven komen. Ontdek het nu