သန်းခေါင်ယံချစ်သူ Season -2 Episode (32)(zawgyi+Unicode)

2.3K 279 19
                                    

သန်းခေါင်ယံချစ်သူ

Season -2 Episode (32)





မင်းသတိုးသည်အဇိုင်းနှင့်အတူ သွေးသောက်ကမာကို ချုပ်နှောင်ထားသည့် ရေအောက်ချောက်ထဲကို ဆင်းသက်လာခဲ့သည်။ရေအောက်ချောက်ကြမ်းပြင်နှင့် နီးလာလေ အမှောင်စွမ်းအင်တို့ ပိုသိပ်သည်းလာလေဖြစ်ပြီးမောင်ရှင်ကို ရှေ့ဆက်မသွားနိုင်အောင် ဖြစ်လာစေပြီး အပေါ်ကို တက်သွားစေတော့သည်။


"ကမာတွေဆီကစွမ်းအင်တွေ ပိုပြင်းထန်လာပါလား.."


သွေးသောက်ကမာ၏စွမ်းအင်နှင့်ထိတွေ့ကာ ရင်းနှီးနေသော အဇိုင်းပင် အဆမတန် သိပ်သည်းလာသည့် မှော်နက်စွမ်းအင်ကြောင့်လန့်သွားသည်။ မင်းသတိုး၏ကိုယ်ထဲမှ မှော်နက်စွမ်းအင်များက ကမာအုပ်ထဲမှ လွင့်ပျံလာသည့်စွမ်းအင်နှင့်ထိတွေ့မိသော်လည်း ချက်ချင်း သဟဇာတဖြစ်ကာ မင်းသတိုး၏ကိုယ်ကို ပိုပြီး သက်တောင့်သက်သာဖြစ်လာစေသည်။ တစ်ခုတော့ရှိသည်။ မင်းသတိုး၏ကိုယ်ထဲတွင် သတ်ဖြတ်လိုစိတ်များက နှစ်ဆမကတိုးလာခဲ့သည်။ ဒါပေမယ့် မိမိရင်ထဲမှ မှော်နက်ကြောင့်ဖြစ်လာသည့် သတ်ဖြတ်ချင်စိတ်ကိုသတိနှင့်ဖိနှိပ်ထားပြီး ကမာအုပ်ဆီကို ဆက်လက် ဆင်းလာခဲ့သည်။


"ကမာတွေရဲ့မျက်လုံးက...."


အဇိုင်းသည်သွေးနီရောင်ရဲရဲတောက်နေသော ကမာများ၏မျက်လုံးများကိုတွေ့သော် ကြက်သီးမွှေးညင်းထသွားသည်။တစ်သက်လုံး ကမာမွေးမြူရေးတွင် အချိန်ကုန်ကာ ကမာကောင်လေးများကို ချစ်မြတ်နိုးသော လူတစ်ယောက်ပင်မှော်နက်အစွမ်းကြောင့် ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသည့် ကမာများကိုတွေ့သော် နောက်တွန့်သွားတော့သည်။


"ဒါကလပြည့်ညဖြစ်လို့ ကမာတွေဆီက မှော်နက်အစွမ်း ထွက်နေတာပဲ.. သူတို့ ပင်ကိုယ်စိတ်တော့ မဟုတ်ဘူး.."

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)जहाँ कहानियाँ रहती हैं। अभी खोजें