သန်းခေါင်ယံ ချစ်သူSeason - 2 _Episode (24)(zawgyi+Unicode)

4K 372 35
                                    


သန်းခေါင်ယံ ချစ်သူ

Season – 2 _Episode (24)


မင်သတိုးသည် ဂူထဲကိုဝင်လိုက်သည်နှင့် နှလုံးကို လာဖိနှိပ်သည့် အအေးလှိုင်းကို ခံစားလိုက်ရသည် ။

"အရှင် ... ဒီနေရာက အအေးဓါတ်က ပုံမှန်ထက်ကို အင်အားကြီးလွန်းလှတယ် ။ အအေးဓါတ် ပွင့်တဲ့နေရာဖြစ်နေမလားပဲ "

စစ်သူကြီးတဦးက မင်းသတိုးကို လှမ်းပြောလိုက်သည် မင်းသတိုး ထိုစစ်သူကြီးကို လှမ်ကြည့်လိုက်တော့ သူ့ကိုယ်ထဲမှ အဖြူရောင် အလင်းစက်တချို့စတင်လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည် ။

"ကျွန်တော့်ကိုယ်ထဲက စွမ်းအင်တွေ မငြိမ်တော့ဘူးအရှင် ။ အအေးတွေ ကျွန်တော့်ကိုယ်ထဲ စပြီးစိမ့်ဝင်နေပြီ "

ထိုစကားကို ကြားသော် ကျန်သည့် မြေဓါတ်၊ လေဓါတ်၊ မီးဓါတ်စစ်သူကြီးများလည်း မိမိတို့စွမ်အားကို အလိုလိုထုတ်ပြီး အအေးစွမ်းအင်ကို ခုခံနေမိသည်ကို သတိပြုမိလာသည် ။

"အားလုံးသတိထား ...."

မင်းသတိုးသတိပေးပြီး ဂူထဲကို ဖြည်းဖြည်းခြင်းဆက်ဝင်လာခဲ့သည် ။ ဂူထဲ ရောက်လောလော အအေးဓါတ်ကပိုပြင်းထန်လေဖြစ်ကာ စစ်သူကြီးတချို့ မျက်နှာနီရဲလာကြပြီး သွေးထဲမှ ဆန့်ကျင်ဘက်စွမ်းအင်နှစ်ခု ထိပ်တိုက် တိုက်ခိုက်စပြုလာလေပြီ ။ သို့သော် လက်ရွေးစင် စစ်သူကြီးများဖြစ်သောကြောင့် ခေါင်းဆောင်၏ အမိန့်မရမချင်း နောက်လှည့်ရန် တခွန်းမှ မပြောပဲ ရှေ့ကိုဆက်လာခဲ့သည်ကို တွေ့သော် မင်းသတိုး ခြေလှမ်းရပ်လိုက်သည် ။

"အားလုံးပြန်ဆုတ်မယ် ..."

မင်းသတိုး၏အမိန့်ကိုကြားမှ စစ်သူကြီးများစိတ်သက်သာရ ရသွားကြပြီး စတင်ဆုတ်ခွါတော့သည် ။ ထိုအထဲတွင် အအေးဓါတ်စွမ်းအင် ပိုင်ရှင် စစ်သူကြီးများက ပိုပြီး ၀မ်းသာသွားကြသည် ။ အအေးဓါတ် ကျင့်စဉ်ကြောင့် သူတို့ ကိုယ်ကို ထိခိုက်မှုမရှိသော်လည်း သူတို့ခေါင်းထဲ ထူးဆန်းသော အမြင်အာရုံများကို ထင်ဟပ်လာစေပြီး လူသတ်ချင်စိတ်တို့ ပေါ်လာသောကြောင့် ဖြစ်သည် ။ သို့သော် မဟာမြိုင်၏ တင်းကျပ်သော လေ့ကျင့်ရေးကို အောင်မြင်ပြီး လက်ရွေးစင် စစ်သူကြီးများ ဖြစ်နေလို့သာ အကြောင့်မဲ့ လူသတ်ချင်သည့် စိတ်ရိုင်းကို ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည် ။ ဒါပေမယ့် ဂူအတွင်းထဲကို ရောက်လေလေ စိတ်ရိုင်းက ထိန်းချုပ်ရခက်လေလေဖြစ်သည် ။ ဒါကြောင့် ဂူအတွင်း ထဲရောက်မည်ကို တိတ်တခိုး ကြောက်ရွံ့နေကြခြင်း ဖြစ်သည် ။ မင်းသတိုးသည် ဂူအတွင်းပိုင်းမှ ထူးခြားသည့် အအေးလှိုင်း စွမ်းအင်နှင့် မှော်နက်ဆရာ ပတ်သတ်မည်ကို သိသော်လည်း မိမိ စစ်သူကြီးများ၏ အခြေအနေ မဟန်သည်ကို သိကာ နောက်ပြန်လှည့် လာကြသည် ။ အထဲမှ ထောင်ချောက်ထဲကို မတိုးဝင်တော့ပဲ စခန်ကို ပြန်လာပြီး တယောက်ခြင်းခံစားရသည်ကို သေချာမေးမြန်းကာ ဖြစ်နိုင်ချေရှိသည်ကို တွက်ဆပြီး မဟာမြိုင်ကို အကြောင်းကြားစာပို့လိုက်သည် ။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now