အမြည်းကျွေးခြင်း (အမြည်းကျွေးခြင်း )😉😉
2.1K 205 12
"သူ အဲ့လို မဟုတ်ဘူး။ ခင်ဗျား မစွပ်စွဲနဲ့..."
==================
"မင်း ဒီကို လာအောင် သူရ လိုက်ပို့တာ မဟုတ်လား။ သူရက မင်းကို ဘာတွေသင်ပေးလိုက်သေးလဲ... "
"ခင်ဗျား.... ကျွန်တော်တို့ နှစ်ယောက်ကို သမုတ်တာလား။ အကိုသူရက ကျွန်တော် တောင်းဆိုလို့ မဟာမြိုင်အကြီးကဲတွေရဲ့ အမိန့်ကို ဆန့်ကျင်ပြီး လိုက်ပို့ခဲ့တာ... ဘာကြောင့် ကျွန်တော်ရောက်လာတာကို ဝမ်းမသာပဲ လိုက်ပို့တဲ့ လူကို ရမယ်ရှာပြီး ဒီလို ရန်လုပ်ရတာလဲ... ခင်ဗျား အရမ်းပြောင်းလဲသွားတယ် ကဝေကြီး...ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုရင် ဒီမှာ နေလည်း ဘာမှမထားဘူး။ ကျွန်တော် ပြန်တော့မယ်..."
"နေဦး နွေဦး။ မင်းကို ပြန်မလွှတ်နိုင်ဘူး။ မင်း ပြန်သွားရင် သူတို့က မင်းကို တခုခုလုပ်လိမ့်မယ်။ အထူးသဖြင့် သူရက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
"ကဝေကြီး...ခင်ဗျား စော်ကားလွန်းနေပြီနော်.... အကိုသူရက ကျွန်တော့်အပေါ် အဲ့ဒီလို မရိုးသားတဲ့ စိတ်မရှိဘူး..."
"ဒါဆိုရင် မင်းကိုယ်ထဲမှာ ဘာကြောင့် သူ့စွမ်းအင်ကို အာရုံခံမိနေတာလဲ။ မင်းကိုယ်ထဲ သူ့စွမ်းအင်ရောက်ဖို့ တနည်းပဲရှိတယ်။ အဲ့ဒါ လိင်ဆက်ဆံတာပဲ... မင်း သူနဲ့ ဖောက်ပြန်နေတာလား။ ကျုပ်မရှိတာနဲ့ သူ့ကို လက်ခံလိုက်တာလား..."
"ခင်ဗျား... ခင်ဗျား... ဘာကြောင့် ဒီလောက် မိုက်ရိုင်းတဲ့ အတွေးတွေဝင်နေရတာလဲ... ကျွန်တော်က ခင်ဗျား ရှေ့မှာရော ကွယ်ရာမှာရော ဘယ်သူနဲ့မှ မဖောက်ပြန်ဖူးဘူး။ ကိုယ်နဲ့မပြောနဲ့ စိတ်နဲ့တောင် တဖက်သားကို မပြစ်မှားဖူးဘူး။ "
"မင်းက မဖောက်ပြန်ဘူးဆိုရင်တောင် သူရက မင်းအပေါ် ဖောက်ပြန်နေတယ်ဆိုတာ မင်းသိတယ် မဟုတ်လား."
"သူ အဲ့လို မဟုတ်ဘူး။ ခင်ဗျား မစွပ်စွဲနဲ့..."
သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now