Chapter (42) (Zawgyi+Unicode)

3.4K 276 15
                                    

Chapter (42) (zawgyi+Unicode)

"ဘယ်ကိုသွားမလို့လဲ အကိုသူရ"
သူရက နွေဦးကို ပွေ့ချီပြီး မှော်စွမ်းအင်ဖြင့် အမြင့်တစ်နေရာကို ပျံသန်းလိုက်စဉ် နွေဦး သူ့လည်ပင်းကို အလန့်တကြားဖက်ကာ မေးလိုက်သည်။ အကိုသူရက လူတစ်ယောက်နှင့်တွေ့ပေးမည်ဆိုပြီး ရုတ်တရက်ပွေ့ကာ ထပျံလိုက်သဖြင့် စိတ်မသက်မသာဖြစ်သွားသည်။ တကယ်ဆိုရင် အကိုသူရနှင့် မိမိ ဒီလောက် လက်ပွန်းတသီးမနေသင့်ဟု နွေဦး ခံစားလိုက်ရသည်။ မင်းသတိုးကို မိမိဘယ်လောက် စိတ်ဆိုးနေပါစေ၊ ကိုယ့်ချစ်သူ၏ ကွယ်ရာတွင် သူစိမ်းတစ်ယောက်၊ အထူးသဖြင့် ရည်းစားဟောင်းနှင့် ခုလို မနေသင့်ဟု နွေဦး၏ ကိုယ်ကျင့်တရားက လက်ခံထားသည်။

"တောင်ပေါ်မှာ ခဏထိန်းသိမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီး စကားပြောကြည့်စေချင်တာပါ..."

မကြာခင် တောင်ထိပ်တစ်နေရာကို ဆင်းသက်ပြီး နွေဦးကို ချပေးသဖြင့် နွေဦး ပတ်ဝန်းကျင်ကို အမြန်လှည့်ပတ်ကြည့်လိုက်သည်။ သစ်ပင်စုလေးအလယ်တွင် တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပြီး မိန်းကလေး တစ်ယောက် အိမ်ရှေ့မှာ ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ထိုမိန်းကလေးနှင့် တွေ့ရန်ခေါ်လာသည်ကို ရိပ်မိလိုက်သည်။

"သူက ဘယ်သူလဲ..."

"မင်းသတိုးနဲ့စေ့စပ်ထားတဲ့ မိန်းကလေး...ရတနာဒေဝီတဲ့"

အကိုသူရ၏ စကားကိုကြားသော် နွေဦးတွေဝေသွားခဲ့သည်။ မင်းသတိုးနှင့် စေ့စပ်ထားသည့် မိန်းကလေး ဆိုသည့် စကားကို ယုံရမလား၊ မယုံရဘူးလားဖြစ်နေစဉ် အကိုသူရက မိမိလက်ကို ဆွဲလိုက်ပြီး ညင်သာစွာပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့။ ဒါတွေက မင်းသတိုးရဲ့ အတိတ်က ဇာတ်လမ်းတွေပါ။ သူနဲ့စကားပြောကြည့်စေချင်တာက မင်းသတိုးကို ဖြောင့်ဖြနိုင့်မယ့် အချက်များတွေ့မလားရယ်လို့ပါ။ ကဲ အကို့လက်ကို မြဲမြဲကိုင်ထား။ ကိုယ် ဒီနေရာကို ကာထားတဲ့ အကာရံကို ကိုဖွင့်လိုက်တော့မယ်။"

သူရက ပြောလိုက်ပြီး လက်တစ်ဖက်ကို ယမ်းကာ အအေးလှိုင်းတစ်ခုပေါ်လာပြီး ဘာမှမရှိသည့် နေရာတစ်ခုလုံးလွှမ်းခြုံသွားပြီး ခိုင်မာသည့် သံကွန်ခြာကြီးတစ်ခုပေါ်လာခဲ့သည်။ ထိုသံကွန်ခြာကို ဆက်ပြီး အားလှိုင်းဖြင့် ထိတွေ့စေသော် အပေါက်တစ်ပေါက်ပွင့်သွားတော့သည်။ သူရက နွေဦးလက်ကိုဆွဲကာ ထိုအပေါက်ထဲမှ အထဲကို ဝင်လာခဲ့သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Tahanan ng mga kuwento. Tumuklas ngayon