Season - 2 , Episode (11) (zawgyi+Unicode)

4.4K 408 12
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (11)

နွေဦးသည် မှန်ထဲကိုကြည့်ပြီး တုန်လှုပ်နေစဉ် ကိုစိုင်းမာန်က ကိုယ်ကိုတင်းနေအောင်ဖက်ပြီး ပြောလိုက်သည့်စကားကြောင့် ကြက်သေသေသွားရပြန်သည်။ ဘာလဲ။ ကိုသူရက မိမိကိုချစ်နေတာလား။ သူ့ချစ်သူကောင်လေးဆိုတာကကော၊ အဲ့ကောင်လေးကို ချစ်တယ်ဆိုတာကကော၊ ပြီးတော့ လာပြီးအပန်းဖြေတယ်ဆိုတာကရော လိမ်ထားတာလား။ ဘာတွေလဲ။

"ကိုစိုင်းမာန်..."

"သူရ... မင်း ငါ့ကို အဲ့လိုစိမ်းစိမ်းကားကား မခေါ်နဲ့စမ်း.. ငါ့ကို အဲ့လိုခေါ်တာကြားရင် ငါ လူသတ်ချင်စိတ်ပေါက်လာတယ်ကွ"

နွေဦးသည် ကိုသူရ ဘယ်လိုခေါ်သည်ကို မနည်းစဉ်းစားပြီးနောက် သူ့စိတ်တိုင်းကျခေါ်လိုက်သည်။

"အေးပါ ငစိုင်းရာ.. ငါ နည်းနည်းအမူးမပြေသေးလို့ပါ...လူလည်းရူးချင်သလိုဖြစ်နေလို့.."

နွေဦး ကိုစိုင်းမာန်ကို အလိုက်ထိုက်ပြောလိုက်ပြီး မိမိခန္ဓာကိုယ်ကို သတိရသွားသည်။ ကိုသူရက မိမိကိုယ်ထဲမှာရှိမလား။ ဇာတ်ကားတွေထဲကလို စိတ်ဝိဥာဉ်အပြောင်းအလဲဖြစ်သွားတာလား။ ဒါဆိုလျှင် မှော်ပညာတတ်သူတစ်ယောက်ယောက် လုပ်ထားတာဖြစ်ရမည်။ မိမိကိုယ်ထဲ ကိုသူရရောက်သွားလျှင် ဟိုလူကြီးသိနိုင်မလား။ သိသွားလျှင် ကိုသူရ ၀ိဥာဉ်ကို တခုခုလုပ်လိုက်မည်ကို စိုရိမ်ပြီး မိမိဖုန်းကိုလှမ်းဆက်ရန်အခန်းထဲကိုပြန်ဝင်လာခဲ့သည်။ ညက ဘယ်လောက်တောင် သောင်းကျန်းထားသည်မသိတော့။ လမ်းလျှောက်တိုင်းကို နာကျင်လို့နေသည်။ ဒါဆို ကိုသူရ ဘယ်သူနဲ့လိင်ဆက်ဆံခဲ့တာလဲ။ ကိုစိုင်းမာန်ကို ကြည့်လိုက်တော့လည်း လက်သည်းရာ၊အရှိုးရာတွေနှင့်။ မဟုတ်မှ ကိုသူရနှင့်ကိုစိုင်းမာန်က sex partner တွေလား။

"မင်း ဘယ်သွားမလို့လဲ။ ရေချိုးမယ်ဆို ချိုးလေ.. "

"ငါ ဟိုကောင်နွေဦးကို စိတ်ပူလို့။ ဖုန်းဆက်မလို့..."

"မင်းကွာ။ ပြီးမှဆက်။ မင်းရေနွေးစိမ်ပြီး ချိုးလိုက်ဦး။ ခုတောင် လမ်းလျှောက်ရခက်နေတာ မလား။ ဟိုကောင်လေးက မင်းခု ဖုန်းမဆက်လို့ သေမသွားဘူး။ "

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now