သန်းခေါင်ယံချစ်သူ Season -2 Episode (31)(zawgyi+Unicode)

2.2K 250 13
                                    

သန်းခေါင်ယံချစ်သူ

Season -2 Episode (31)




ပုလဲဒေ၀ီသည်အရှင် မင်းသတိုး၏စကားကိုကြားပြီးနောက် သံသယကင်းသွားပြီး အရှင့်ကို အရိုသေပေးကာ မေးလိုက်သည်။တကယ်တော့ ပုလဲဒေ၀ီသည် အရှင်မင်းသတိုးသတင်းကိုကြားကတည်းက တခုခု မှားယွင်းနေသည်ကို ခံစားမိပြီးဖြစ်သည်။မိမိတို့ကို ခေါင်းဆောင်မှုပေးခဲ့သည့် အရှင်၏စိတ်နေစိတ်ထားနှင့် ခံယူချက်ကို မိမိအသိဆုံးဖြစ်သည်။တကယ်လို့ အောက်လမ်းမှော်ကို အရှင်သာ ကျင့်ကြံခဲ့မည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာလောက်ကတည်းက ကျင့်ကြံခဲ့မှာ သေချာသည်။ အရှင်က တစုံတယောက်၏  ထောင်ချောက်ထဲ ကျတာ သေချာသည်ဟု တွေးနေစဉ် အရှင် မိမိထံဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသဖြင့် ပုလဲဒေ၀ီ ဂုဏ်ယူမိသည်။ ဒါကလည်း အရှင်က မိမိအပေါ်ယုံကြည်မှုကိုပြသခြင်းပင်ဖြစ်သည်။


"အရှင်...ဘာကို အလိုရှိပါသလဲ။ "


"မင်းဆီမှာ ချုပ်ထား တဲ့ သွေးသောက် မှော်ဝင်ပုလဲ ကိုလိုချင်တယ်။ ပြီးတော့ ဒီ မုတ်ကောင်ကိုမွေးမြူထားတဲ့ ကောင်လေးကို တွေ့ချင်တယ် "


ပုလဲဒေ၀ီသည်အပိုစကား မဆိုပဲ အရှင့်ကို ရေအောက်အကျဉ်းထောင်ဆီကို လိုက်လံပို့ဆောင်ပေးလိုက်သည်။ လှိုဏ်ဂူထဲတွင်မောင်ရှင်ရှိနေသည်ကို တွေ့သော် ပုလဲဒေ၀ီ မျက်နှာထား တမျိုးပြောင်းသွားသော်လည်း မင်းသတိုးကလက်ဟန်ပြကာ ပြန်စေသဖြင့် ပုလဲဒေ၀ီစကားမဆိုပဲ ပြန်လာခဲ့သည်။ မောင်ရှင်တို့ ညီအစ်ကိုနှင့်အရှင်မင်းသတိုး စကားပြောချင်ဟန်ရှိသည်ကို ရိပ်မိလိုက်သည်။


အဇိုင်းသည်မိမိနောင်တော်ကို သနားစဖွယ်တောင်းပန်နေသည်။


"နောင်တော်..... ကျွန်တော့် ကမာလေးကို သတ်မပြစ်ဖို့ သခင်မကို တောင်းပန်ပေးပါ။ ဒီကမာလေးကအပြစ်မရှိပါဘူး။ သူက သွေးကိုေ သာက်ချင်လို့ သောက်ရတာ မဟုတ်ဘူး။ အကြောင်း တခုခုကြောင့်သွေးသောက်ရတာလို့ ကျွန်တော်ထင်တယ်။ "

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now