သန်းခေါင်ယံချစ်သူSeason 2 - Episode (28)(zawgyi+Unicode)

2.1K 245 7
                                    

သန်းခေါင်ယံချစ်သူ

Season 2 - Episode (28)

မင်းသတိုးသည် အရှင်သုပညာနှင့် နာယကဘိုးဘိုးသုံးဦးတို့၏ မှော်ပညာကွန်ယက်ထဲတွင် ချုပ်မိသွားပြီး ဘာမှမတတ်နိုင်တော့ပေ။ မင်းသတိုး၏ မျက်လုံးများသည် နီရဲနေပြီး ထုံးဖွဲ့ထားသောဆံပင်များက ဖားလျားကျကာ ခန္ဓာကိုယ်တစ်ခုလုံး အနီရောင်အလွှာပါးဖြင့် ဖုံးအုပ်ထားခဲ့သည်။ လေထဲမှာ အလိုလျောက်ပျံဝဲနေပြီး မိစ္ဆာအရှိန်အ၀ါများ ထွက်နေသည့် မင်းသတိုးကို ကြည့်ခြင်းအားဖြင့် မိစ္ဆာ၏၀င်ရောက်စီးနင်းမှုကို ခံလိုက်ရပြီဖြစ်ကြောင်း စစ်သူကြီိးများနှင့် အကြီးအကဲအားလုံး သိရှိသွားခဲ့သည်။ ထို့ကြောင့် နာယကဘိုးဘိုးသုံးဦးသည် စိတ်မကောင်းစွာနှင့်ပင် မင်းသတိုးကို မှော်ပညာနှင့်ဖမ်းချုပ်ကာ မဟာမြိုင်တောအုပ်ကို ခေါ်ဆောင်လာခဲ့ကြသည်။

မဟာမြိုင်၏ခေါင်းဆောင်ဟောင်း မင်းသတိုးက မိစ္ဆာမှော်၏စီးနင်းခြင်းကို ခံလိုက်ရပြီဆိုသည့်သတင်းက မဟာမြိုင်တစ်ခုလုံးကို အုံးအုံးကျွတ်ကျွတ် ဖြစ်သွားစေခဲ့သည်။

နွေဦးသည် မိမိအဆောင်တွင် ငြိမ်သက်စွာဖြင့် ကဝေကြီးကို စောင့်ဆိုင်းနေစဉ် မေဘရဏီက အပြေးအလွှား သတင်းပေးသည်ကိုကြားပြီး ချက်ချင်းပြေးထွက်ကာ ခန်းမဆောင်ကိုလာခဲ့သည်။ သို့သော် ခန်းမဆောင်သို့ ၀င်ခါနီးတွင် အစောင့်စစ်သည်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"ဖယ်ပါ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ၀င်ခွင့်ပြုပါ.. အထဲမှာ ကဝေကြီးရှိတယ်ဆို.. ကျွန်တော် ကဝေကြီးနဲ့ တွေ့ချင်လို့ပါ.."

"တောင်းပန်ပါတယ် သခင်လေး.. ဘယ်သူ့ကိုမှ အထဲကို ၀င်ခွင့်မပြုဖို့ အရှင်သုပညာက တားမြစ်ထားလို့ပါ.."

နွေဦးသည် မည်သို့ပင် တောင်းပန်စေကာမူ အစောင့်များက ခေါင်းမာစွာဖြင့်ပင် ၀င်ခွင့်မပြုခဲ့ပေ။ နွေဦးသာမက မေဘရဏီနှင့် အခြားသော မင်းသတိုးကိုထောက်ခံသည့် လူအားလုံးလည်း ခန်းမထဲကို ၀င်ခွင့်မရခဲ့ပေ။ မကြာခင်မှာပင် ခန်းမထဲသို့ အရီးတော် ရူပကလျာဏီနှင့် ကိုသူရတို့ ၀င်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Hikayelerin yaşadığı yer. Şimdi keşfedin