သန်းခေါင်ယံချစ်သူ Season_2 - Episode (33) (zawgyi+Unicode)

2.9K 271 26
                                    

သန်းခေါင်ယံချစ်သူ Season_2 - Episode (33)

နွေဦးသည် ကဝေကြီး၏ အထိအတွေ့မှတစ်ပါး မည်သူ့အထိအတွေ့မှ မခံထားသူပီပီ မိမိကိုယ်ပေါ် ပြေးလွှားထိတွေ့နေသည့် မှော်ဆရာများ၏ လက်အတွေ့ကြောင့် ရွံရှာလွန်းကာ အော်ဂလီဆန်လာခဲ့သည်။

"ကဝေကြီး.. ကဝေကြီး.. ကယ်ပါဦး.. ကဝေကြီး.."

နွေဦး၏ကိုယ်ပေါ်မှ အဝတ်အားလုံး မှော်ပညာဖြင့် တစ်စစီဖြစ်ကာ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်သွားစဉ် ရင်အစုံ ပွင့်ထွက်မတတ် ခံစားလိုက်ရပြီး နာကြည်းခြင်းက ရင်တစ်ခုလုံးကို ချေမွနေသလို ခံစားလိုက်ရသည်။

"ဒီကောင့်ကို မင်းသတိုး စွဲလန်းတယ်ဆိုတော့ အတွေ့ထူးလို့ဖြစ်မယ်.. မထူးလို့ကတော့ အပိုင်းပိုင်းဖြတ်ပြီး သတ်ပစ်လိုက်တာပေါ့.."

"ဟေ့ကောင်.. စကားများလိုက်တာ.. မင်းမလုပ်ရင် ဖယ်တော့.. ငါ အရင်လုပ်မယ်.."

"ဟေ့.. ဟေ့.. မရဘူး.. ငါ အရင်လို့ ပြောထားတာ.. ကဲ.. လာစမ်း.. မင်းအော်သံ ကျယ်ကျယ်လေး ကြားချင်တယ်.. အော်စမ်း.. အော်.. စမ်း.."

နွေဦးကို ကျောက်ပြားပေါ်တွန်းလှဲကာ ရုန်းမရအောင် မှော်ပညာဖြင့် ချုပ်နှောင်ထားသည့် မှော်ဆရာက နွေဦး၏ခြေထောက်ကြား နေရာယူကာ နွေဦးကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ရန် ဟန်ပြင်ပြီး ယုတ်မာစွာဖြင့် ပြောလိုက်သံကိုကြားသော် နွေဦး လျှာကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ရမ္မက်ဘီလူးသုံးဦး၏နောက်မှ လမင်းတစ်စင်းကြွေကျသလို အဖြူရောင်တောက်သည့်လူရိပ် ညင်သာစွာ ကျဆင်းလာသည်ကိုတွေ့သော် နွေဦး၏ရင်ထဲ မျှော်လင့်ချက်ရောင်ခြည်တို့ တက်လာခဲ့သည်။

"အစ်ကို.. သူရ.."

သူရသည် လကသိုဏ်းကို ဝင်စားနေစဉ် မိမိ၏နှလုံးသားများ လှပ်ခနဲတုန်ယင်သွားပြီး နွေဦး၏ကိုယ်ပေါ်ချထားသည့် မှော်ပညာကို တစ်စုံတစ်ဦး ထိခိုက်သွားသည်ကို သိလိုက်ရစဉ် ချက်ချင်း နွေဦးရှိရာကို ခြေရာခံပြီး ပျံသန်းရောက်ရှိလာခဲ့သည်။ မြင်လိုက်ရသည့်မြင်ကွင်းက အကျည်းတန်လွန်းလှသည်။ မဟာမြိုင်လို မှော်ဆရာဌာနချုပ်မှာပင် ဒီလို ရာဇဝတ်မှုမျိုး၊ နိုင်ထက်စီးနင်း အပြုအမူမျိုးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ဝံ့သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Hikayelerin yaşadığı yer. Şimdi keşfedin