(zawgyi+Unicode)Season - 2 , Episode (13)

3.7K 441 64
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (13)


ပထမဆုံး နွေဦးစိတ်ထဲ မသတီသလိုခံစားလိုက်ရသည်။ မိမိကိုယ်နှင့် အိပ်စက်ခဲ့သည် မဟုတ်သော်လည်း လောလောဆည် မိမိဝင်ရောက်နေသဖြင့် မိမိကိုယ်ခန္ဓာဖြစ်နေပြီ။ မိမိကိုယ်နှင့်မိမိစိတ်ကို ကဝေကြီးကလွဲပြီး မည်သူထိသည်ကိုမှ မလိုချင်ပါ။ နောက်ဆုံး ကိုသူရပင်လျှင် မထိစေချင်ပါ။ ဒါကြောင့် နွေဦး အိပ်ယာမှ ထလိုက်ပြီး အ၀တ်ကို အမြန်ကောက်ဝတ်လိုက်စဉ် စိုင်းမာန်နိုးလာခဲ့သည်။

"သူရ... မင်း ဘယ်လိုဖြစ်ပြီး ဟိုကောင်လေးရဲ့ အဆောင်မှာ မူးလဲသွားတာလဲ။ မင်း သူ့ကို သွားရှာတာလား။ သူ့ကို စိတ်လျော့လိုက်ပါတော့ကွာ။ သူလည်း နောက် ဘဲတဗွေနဲ့တွဲနေပြီပဲ... ငါ မင်းပျော်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်လေကွာ... ငါဘယ်လိုလုပ်မှ မင်းပျော်မှာလဲ..."

အကိုစိုင်းမာန်က မိမိကို ကိုသူရထင်ပြီး အနောက်မှ သိုင်းဖက်ကာ ခံစားချက်အပြည့်နှင့်ပြောတော့ နွေဦးသက်ပြင်းချမိသည်။ ကိုသူရကို ကိုစိုင်းမာန် တကယ်ကိုချစ်ပုံရသည်။ ခက်တာက လောလောဆည် မိမိအဖြစ်ကို ရှင်းပြလို့လည်းမဖြစ်ပေ။ မတော်လို့ ကိုစိုင်းမာန်ကိုယ်ထဲ ပူးနေသည့် မှော်နက်ဆရာကြီးက မိမိအားနည်းချက်ကို သိသွားမှာကိုစိုးမိသည်။ ဒါကြောင့် ကိုစိုင်းမာန်၏ လက်ကိုအသာဆုပ်ကိုင်ကာ ဟန်မပျက်ပြန်ဖြေလိုက်သည်။


"စိုင်းမာန်ရာ... မင်းအချစ်ကို ငါသိပါတယ်။ ငါ့ကို အချိန်ပေးပါ။ ငါ သူ့ကိုမေ့ဖို့ ကြိုးစားပါ့မယ်ကွာ..."


"ဒါဆို မင်းသူ့ကို ဘာလို့သွားရှာတာလဲ။ မင်း သူ့ကို သွားသွားရှာနေကတည်းက မင်းရင်ထဲက သူ့အရိပ်က ဘယ်တော့မှ မပျောက်မှာ မဟုတ်တော့ဘူး။ ငါ ပြောတာကို ဒီတစ်ခါတော့နားထောင်ပေးပါ... မင်းကို သူတချိန်က အရမ်းချစ်ခဲ့ကောင်း ချစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် သူအခု ချစ်သူအသစ်ရနေပြီ။ နွေဦးလည်းပျော်နေတယ် သူရ။ မင်းလည်း ဒီအပြစ်မကင်းတဲ့ အရိပ်အောက်ကနေ ရုန်းထွက်ပြီး ပျော်သင့်ပြီ။ မင်းကို ချစ်တဲ့ အခြားသူရဲ့အချစ်ကို တချက်တော့ ငဲ့ကြည့်ပါဦးကွာ... "

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now