သန္းေခါင္ယံခ်စ္သူChapter (46)(zawgyi+Unicode)

2.8K 336 22
                                    

သန္းေခါင္ယံခ်စ္သူ
Chapter (46)

သူရသည္ ႐ူပကလ်ာဏီကို အမိန္႔ေပးၿပီးေနာက္ စဝ္ဟုန္ဖကိုဆင့္ေခၚကာ တိုက္စစ္ကို တာဝန္ေပးလိုက္ေတာ့သည္။ ထိုဗ်ဴဟာကိုၾကားေသာ္ စဝ္ဟုန္ဖ ထိတ္လန္႔သြားခဲ့သည္။ လနတ္သမီး၏ မူလစြမ္းအားပိုင္ရွင္ကို ေတြ႕ၿပီး ဒီလိုအေျခအေနထိေရာက္ေအာင္ မိမိတုိ႔ ေစာင့္ၾကည့္ကာ ပ်ိဳးေထာင္ခဲ့သည္။ ဒါေပမယ့္ မူလစြမ္းအင္တို႔ ႏိုးထလာၿပီးေနာက္ အေတြးတို႔ ဒီေလာက္ထက္ျမက္ကာ ရက္စက္လာမည္ကို မိမိတို႔ မေမွ်ာ္လင့္ခဲ့ပါေပ။ ဒါက လနတ္သမီးရဲ့ မ်ိဳးဆက္တို႔သာလွ်င္ ပိုင္ဆိုင္ႏိုင္သည့္ စိတ္ထားတို႔ျဖစ္လိမ့္မည္။ ယခု လနတ္သမီးမ်ိဳးဆက္၏ ေရွ႕တစ္ဆက္ကဆိုလွ်င္လည္း သူမတူေအာင္ ေသြးေအးရက္စက္ၿပီး သူ႔ေခတ္သူ႔အခါကို ေသြးပင္လယ္ျဖစ္ေအာင္ လုပ္ႏိုင္စြမ္းရွိခဲ့သည္ကို မိမိၾကားဖူးခဲ့သည္။ စဝ္ဟုန္ဖသည္ အရွင္သူရကို အ႐ိုအေသေပးကာ မိမိတာဝန္မ်ားကို ထမ္းေဆာင္ရန္ ထြက္သြားေတာ့သည္။

သူရသည္ မဟာၿမိဳင္နန္းေဆာင္တစ္ခုလံုးကို မိမိ၏မူလအေအးစြမ္းအင္ကိုသံုးၿပီး စည္းအထပ္ထပ္ ခ်လိုက္ေတာ့သည္။ ေႏြဦး၏အခန္းေရွ႕တြင္ သူရက လက္တစ္ခ်က္ယမ္းလိုက္ၿပီး ေအးစိမ့္သည့္ အစိမ္းေရာင္အားလိႈင္းတို႔ တံခါးကိုျဖတ္သန္းၿပီး အခန္းထဲကိုစိမ့္ဝင္သြားေတာ့သည္။ သူရ၏စြမ္းအင္တို႔သည္ အိပ္ယာထက္တြင္လဲေလ်ာင္းကာ နဖူးေပၚလက္တင္ၿပီး ကေဝႀကီးအေၾကာင္းကို စဥ္းစားေနသည့္ ေႏြဦးထံကို ေရာက္ရွိလာေသာအခါ မ်က္ဝန္းအစံုက ႐ႈပ္ေထြးရိပ္တို႔ထင္လာၿပီးေနာက္ စိတ္မွတ္မဲ့ ထထိုင္လိုက္မိသည္။

ေႏြဦး၏ေခါင္းထဲ စိမ္းသက္သည့္မွတ္ဥာဏ္တို႔ အလုအယက္တိုးဝင္လာၿပီးေနာက္ ထိုင္ရာမွထကာ တံခါးကိုဖြင့္ၿပီး အျပင္ကို တစ္လွမ္းခ်င္းလွမ္းကာ ထြက္လာလိုက္သည္။ အခန္းျပင္တြင္ အစ္ကိုသူရ ရပ္ေနသည္ကိုေတြ႕ေတာ့ လက္ႏွစ္ဖက္ကိုကမ္းလိုက္စဥ္ အစ္ကိုသူရက မိမိဆီကိုတိုးဝင္လာၿပီး သိုင္းဖက္လိုက္သည္ကို ခံလိုက္ရသည္။

ရွည္သြယ္ေသာအရပ္အေမာင္းက ေႏြဦးကို မိုးလို႔ထားသည္။ ေခ်ာေမြ႕ကာ အဆမတန္လွပလာသည့္ ႐ုပ္ရွည္ႏွင့္ အစ္ကိုသူရကို ေမာ့ၾကည့္ကာ ပါးျပင္ကို လက္ႏွင့္ထိကိုင္ၿပီး ေျပာလိုက္သည္။

"အရမ္းကို ေခ်ာလာတယ္.. ဒီ႐ုပ္ရည္နဲ႔သာဆိုရင္ ေကာင္ေလးေတြအမ်ားႀကီးက ေၾကြဆင္းလာမွာေသခ်ာတယ္.."

အစ္ကိုသူရက ဘာမွျပန္မေျပာဘဲ ၾကင္နာစြာ ၿပံဳးလို႔သာေနတယ္။ ေႏြဦးက အစ္ကို႔ရင္ခြင္ကို မ်က္ႏွာအပ္ၿပီး ေျပာလိုက္သည္။

"တစ္သက္လံုး အတူေနသြားခ်င္တယ္.. ဘယ္သူ႔ကိုမွမခ်စ္ဘဲ ကၽြန္ေတာ့္ကိုပဲ ခ်စ္ေပးပါ.."

ဒီစကားေျပာလိုက္ခ်ိန္မွာပဲ မဟာၿမိဳင္နန္းေဆာင္တစ္ခုလံုး တုန္ခါလာၿပီး အကာအကြယ္စည္းက ကြဲအက္သြားၿပီး တစ္ကိုယ္လံုး မီးေတာက္ေတြနဲ႔ဖံုးထားတဲ့ လူတစ္ေယာက္ ဝင္ေရာက္လာေတာ့သည္။

"ေႏြဦး.. ဒီေကာင္နဲ႔ ေဝးေဝးေန.. သူက မေကာင္းဆိုးဝါးလိုေကာင္.."

ကေဝႀကီးက ေႏြဦးကို လွမ္းေအာ္ကာ သတိေပးလိုက္တဲ့အခ်ိန္ သူရက ခ်က္ခ်င္းလက္ေဝွ႔ယမ္းၿပီး ကေဝႀကီးဆီကို ေအးခဲစြမ္းအင္ကို လႊမ္းၿခံဳလိုက္ေတာ့သည္။ ကေဝႀကီးဆီက မီးလွ်ံမ်ားႏွင့္ထိေတြ႕စဥ္ ျပင္းထန္သည့္ေပါက္ကြဲမႈႀကီး ျဖစ္ေပၚလာၿပီး ေႏြဦးႏွင့္သူရကတစ္ဖက္ ကေဝႀကီးကတစ္ဖက္ လြင့္စင္သြားၾကေတာ့သည္။

သူရက ေႏြဦးကိုေပြ႕ခ်ီၿပီး လွ်ပ္တစ္ျပက္ ဆုတ္ခြာသြားေတာ့ မင္းသတိုးက ခ်က္ခ်င္းလိုက္လာၿပီး ေႏြဦးကို အေရးတႀကီးလွမ္းေျပာလိုက္သည္။

"ေႏြဦး.. မင္းကိုယ္ထဲကလက္စြပ္ကို ေတြ႕ေအာင္ရွာ.. ဒီလက္စြပ္က မင္းကို ညိႈ႕ခ်က္ကလြတ္ေအာင္ လုပ္ေပးလိမ့္မယ္.."

မင္းသတိုးက ေႏြဦးကို အေရးေပၚသတိေပးလိုက္စဥ္ သူရက ရယ္ေမာလိုက္ၿပီး ေျပာလိုက္သည္။

"မင္းက ေႏြဦးရဲ့ႏွလံုးသားထဲကို မင္းရဲ့ဝိညာဥ္ကိုယ္ပြားလက္စြပ္ကို ထည့္သြင္းေပးထားတာလား.. ဟား.. ဟား.. ဟား.. ေက်းဇူးပဲမင္းသတိုး.. မင္းကိုသတ္ဖို႔ ငါ အားအမ်ားႀကီး သံုးစရာမလိုေတာ့ဘူးေပါ့.."

သူရက ေႏြဦး၏ရင္ဘတ္ထဲကို လက္တစ္ဖက္ႏွင့္ထိုးစိုက္ကာ ႏွလံုးကိုဆြဲထုတ္ဖို႔လုပ္လိုက္စဥ္ မင္းသတိုးက သူရဆီကို အားအျပင္းဆံုးမီးစြမ္းအင္နဲ႔ ပစ္လႊတ္လိုက္ေတာ့ သူရရဲ့ကိုယ္က ဟိုးတစ္ဖက္နံရံထိ လြင့္စင္သြားၿပီး နံရံၿပိဳက်လာေတာ့သည္။

"ေႏြဦးေလး.."

မင္းသတိုးက ေႏြဦးဆီကိုေျပးဝင္လာၿပီး လက္လွမ္းလိုက္ေပမယ့္ ေႏြဦးရဲ့အသားကိုမထိခင္မွာ ရပ္တန္႔သြားၿပီး မခ်ိတင္ကဲၾကည့္ကာ မီးစြမ္းအင္နဲ႔အသာလႊမ္းၿခံဳေပးၿပီး ေျပာလိုက္သည္။

"ကိုယ္ေျပာတာ ေသခ်ာနားေထာင္ ေႏြဦးေလး.. ကိုယ္ မင္းကို လူ႔ေလာကထြက္ေပါက္ကို လိုက္ပို႔ေပးမယ္.. ခဏေရွာင္ေနေပးပါ.. ကိစၥအားလံုးၿပီးရင္ ကိုယ္ မင္းကို လာရွာမယ္.."

"ခင္ဗ်ား ကၽြန္ေတာ့္ကို ခြဲမထားဘူးဆို.. ဘာေၾကာင့္ တစ္ေယာက္တည္း ျပန္လႊတ္မွာလဲ.."

"မဟာၿမိဳင္က ပ်က္စီးသြားၿပီ.. ေမွာ္ေလာက,က ကေမာက္ကမျဖစ္ေနၿပီ.. ဒီမွာဆက္ရွိရင္ မင္းကို သူရရဲ့လူေတြက လိုက္သတ္ၾကလိမ့္မယ္.. ကိုယ့္စြမ္းအားက လူ႔ေလာကမွာလည္း မင္းကို ဆက္ၿပီးဖံုးကြယ္ႏိုင္ေအာင္ ကူညီေပးလိမ့္မယ္.. ကိုယ့္စြမ္းအားေတြ အားေလ်ာ့ခ်ိန္ေရာက္ရင္ ကိုယ္လည္း မင္းကို ျပန္လာရွာႏိုင္ေလာက္ၿပီ.. တကယ္လို႔ ကိုယ္ျပန္မလာႏိုင္ေတာ့ရင္ မပူနဲ႔.. ကိုယ္ေသသြားၿပီျဖစ္လို႔ ကိုယ့္စြမ္းအားအကုန္က မင္းဆီကိုေရာက္လာၿပီး မင္းက အင္အားႀကီးတဲ့စြမ္းအားကို ပိုင္ဆိုင္တဲ့လူ ျဖစ္လာလိမ့္မယ္.."

ထိုစကားကိုၾကားလိုက္ရစဥ္ ေႏြဦး၏မ်က္လံုးထဲ လက္ခနဲျဖစ္သြားၿပီး သူ႔ကိုေျပာလိုက္သည္။

"မလိုခ်င္ဘူး.. ဘာစြမ္းအင္မွ မလိုခ်င္ဘူး.. ခင္ဗ်ားကိုပဲ လိုခ်င္တယ္ ကေဝႀကီး.. ဒါေၾကာင့္ ကၽြန္ေတာ္နဲ႔ အတူလိုက္ခဲ့ပါ.. ဒီေနရာကိုထားခဲ့ပါ.. ေမွာ္ေလာကကို ကၽြန္ေတာ့္ထက္ ပိုအေလးထားေနတာလားဟင္.."

မင္းသတိုးက ေႏြဦးကို ၾကင္နာစြာစိုက္ၾကည့္ၿပီး ၿပံဳးရင္းေျပာလိုက္သည္။

"ကိုယ္ မင္းဆီ ေသခ်ာေပါက္ ေရာက္ေအာင္လာခဲ့မွာပါ ေႏြဦးေလး.."

မင္းသတိုးက နံရံတစ္ဖက္ကို မီးစြမ္းအင္ျဖင့္ဖြင့္လိုက္ၿပီး လူ႔ေလာကႏွင့္ ေတာက္ေလွ်ာက္ေပါက္သည့္ လိႈဏ္ေခါင္းကို ဖန္တီးလိုက္သည္။

"သြားေတာ့.. ျမန္ျမန္.. ဒီထြက္ေပါက္ကို ကိုယ္ ၾကာၾကာထိန္းမထားႏိုင္ဘူး.."

"ကၽြန္ေတာ္ မသြားဘူး.. ကေဝႀကီးမပါဘဲ ကၽြန္ေတာ္ ဘယ္မွမသြားဘူး.."

မင္းသတိုးသည္ ေႏြဦးေလးကို ႏူးညံ့စြာၿပံဳးျပကာ ေျပာလိုက္သည္။

"ကေလး.. ကိုယ့္အခ်စ္ကို ကေလး ယံုတယ္မဟုတ္လား.. ကေလးဆီကို လာမယ္ဆိုရင္ ဘာကိစၥပဲႀကံဳႀကံဳ ကိုယ္ေရာက္ေအာင္လာမယ္ဆိုတာ သိတယ္မလား.. ကိုယ္က ကေလးထက္ ေမွာ္ေလာကကိုေရြးခ်ယ္တာ မဟုတ္ပါဘူး.. မေကာင္းတဲ့ေမွာ္ဆရာေတြကို ကိုယ္ ႏွိမ္နင္းလိုက္ခ်င္လို႔ပါ.. ဒီလူေတြမရွိေတာ့မွ ကေလး ေအးေအးခ်မ္းခ်မ္း ေနႏိုင္မွာမို႔ပါ.. ဒါေၾကာင့္ ကိုယ့္ကို ဒီတစ္ႀကိမ္ေတာ့ ခြင့္ျပဳေပးပါ.. ဒီတစ္ခါ တစ္ကယ္ေနာက္ဆံုးပဲ.. ဒီတစ္ခါခြဲၿပီးရင္ ကေလးကို ဘယ္ေတာ့မွ တစ္ေယာက္တည္းမထားခဲ့ေတာ့ဘူး.."

မင္းသတိုး၏တစ္ကိုယ္လံုး မီးဟုန္းဟုန္းေတာက္ေနေပမယ့္ သူ႔မ်က္ဝန္းမ်ား၏ ေႏြဦးကိုၾကည့္သည့္အၾကည့္မ်ားက ေအးခ်မ္းလို႔ေနသည္။ ေႏြဦးသည္ သူ႔ကို ဆို႔နင့္စြာစိုက္ၾကည့္ကာ ခါးသီးစြာေျပာလိုက္သည္။

"အစ္ကိုသူရရဲ့စြမ္းအင္က သိပ္ျပင္းထန္တယ္.. သူနဲ႔တိုက္ရင္ ခင္ဗ်ား ေသခ်ာေပါက္ ဒုကၡေရာက္လိမ့္မယ္.. ဒါေၾကာင့္ ကၽြန္ေတာ္ အခုထြက္သြားရင္ ခင္ဗ်ားကို ဒီတစ္သက္ ျပန္မေတြ႕ရတာမ်ိဳး ျဖစ္သြားႏိုင္တယ္.. ကေဝႀကီး.. ခင္ဗ်ား.. ေက်းဇူးျပဳၿပီး ကၽြန္ေတာ့္ကို အနားမွာေနခြင့္ေပးပါဗ်ာ ေနာ္..."

ထိုစကားမ်ားကိုၾကားေသာ္ မင္းသတိုးရင္ထဲ လုပ္ရမည့္အခ်က္တို႔ ပိုခိုင္မာသြားေတာ့သည္။ ဒါေၾကာင့္ ေႏြဦးကို လိႈဏ္ေခါင္းေပါက္ထဲ တြန္းထုတ္မည္အျပဳ နံရံတစ္ဖက္သို႔လြင့္သြားသည့္သူရက လွ်ပ္စီးလက္သလိုခုန္ဝင္လာၿပီး ေႏြဦးကိုလွမ္း႐ိုက္လိုက္စဥ္ မင္းသတိုးက သူရ၏လက္ဝါးခ်က္ကို မိမိလက္ဝါးႏွင့္ ရင္ဆိုင္လိုက္သည္။

"ရွဲ.."

မီးေလာင္ေညႇာ္နံ႔ႏွင့္အတူ သူရ၏အေအးစြမ္းအင္မွာ မီးစြမ္းအင္ႏွင့္ ထိပ္တိုက္တိုးမိစဥ္ ခ်က္ခ်င္းေလာင္ကၽြမ္းခံလိုက္ရၿပီး ေနာက္ကို လြင့္စင္သြားေတာ့သည္။ မင္းသတိုးသည္ သူရ၏ မူလအေအးစြမ္းအင္ ဘာေၾကာင့္ ဒီေလာက္ယုတ္ေလ်ာ့ေနသည္ကို နားမလည္ႏိုင္ျဖစ္သြားစဥ္ ေႏြဦးက မင္းသတိုး၏ေနာက္ေက်ာဘက္မွ ခါးကိုဖက္ကာ ေတာင္းပန္လိုက္သည္။

"ကေဝႀကီး.. အစ္ကိုသူရကို အသက္ခ်မ္းသာေပးလိုက္ပါ.. သူ ဘာျဖစ္ေနပါေစ.. သူက တစ္ခ်ိန္က ကၽြန္ေတာ့္ရဲ့ ဆရာတစ္ေယာက္ပါ.."

ထိုစကားကိုၾကားလိုက္ရစဥ္ မင္းသတိုး ေတာင့္ခနဲျဖစ္သြားၿပီး သူရကို အေသ႐ိုက္သတ္မည့္လက္ဝါးခ်က္ကို ႐ုပ္သိမ္းကာ ေႏြဦး၏လက္ကိုဆုပ္ကိုင္ၿပီး ေမးလိုက္သည္။

"တကယ္လို႔ သူရနဲ႔ကိုယ္ တစ္ေယာက္ကိုပဲေရြးရမယ္ဆိုရင္ မင္း ဘယ္သူ႔ကိုေရြးမလဲ ေႏြဦး.."

ေႏြဦးက ကေဝႀကီး၏ေက်ာျပင္ကို ပါးအပ္ကာ ေျပာလိုက္သည္။

"ေသခ်ာေပါက္ ခင္ဗ်ားပဲေပါ့.."

"ေကာင္းၿပီ.."

မင္းသတိုးက ေက်နပ္စြာျဖင့္ ေႏြဦး၏လက္ကိုဆုပ္ကိုင္ကာ မိုးေပၚကို တဟုန္ထိုးပ်ံတက္သြားၿပီး ေကာင္းကင္ေပၚေရာက္ေတာ့မွ ေႏြဦးကို မီးစြမ္းအင္ျဖင့္ အားကုန္႐ိုက္ခ်လိုက္ေတာ့သည္။ မင္းသတိုး၏လက္ဝါးက အလစ္ငိုက္ တုိက္ခုိက္လာသည့္ ေႏြဦး၏ အစိမ္းေရာင္ေတာက္ေနသည့္လက္ဝါးႏွင့္ ဆံုမိၿပီး ျပင္းထန္သည့္ေပါက္ကြဲမႈႀကီး ျဖစ္ေပၚလာေတာ့သည္။

"ဝုန္း  "
ေလထဲတြင္ မင္းသတိုး ေနာက္ကုိ ဝါးတရိုက္ခန္႕ လြင့္သြားျပီး ေႏြဦးက မငး္သတိုး၏ လက္ထဲမွ လြတ္သြားေပမယ့္ ေျမျပင္ကို ထိုးက်မသြားပဲ ေလထဲ ပ်ံဝဲေနျပီး မခုိးမခန္႕ျပံဳးကာ ေမးလိုက္သည္။

"ဘယ္လိုလဲ.... အေအးစြမ္းအင္က ခင္ဗ်ားရဲ႕ မူလမီးစြမ္းအင္ကို တုိက္ခုိက္ဖို႕ လံုေလာက္တာထက္ပိုေနတယ္ မလား။ "

ေျမျပင္ရွိ တိုက္ပြဲမွေမွာ္ဆရာအားလံုးသည္ မထင္မွတ္ပဲ ေကာင္းကင္မွ ျပင္းထန္သည့္ အားလိႈငး္ေပါက္ကြဲမႈေႀကာင့္ ေျမျပင္ကို ျပိဳလဲက်ကုန္ျပီး အလန္႕တႀကားေကာင္းကင္ေပၚကို ေမ့ႀကည့္္လိုက္ႀကသည္။

" မူလမီးစြမ္းအင္....."

"အရွင္မင္းသတိုးရဲ႕ မူလမီးစြမ္းအင္ ဘယ္တုန္းက ျပန္ရလိုက္တာလဲ... "

" ဘာ....အရွင္ မင္းသတိုးရဲ႕မီးစြမ္းအင္က သခင္မေလး ရတနာကို ထိန္းခ်ဳပ္ဖို႕ အကုန္သံုးလိုက္တယ္ မဟုတ္လား..."

" ဒါဆိုရင္ အရွင္မင္းသတိုးက မီးနတ္ဆိုး ဘယ္ပူးကပ္နုိင္မွာလဲ။ မူလမီးစြမ္းအင္က မီးနတ္ဆိုးကိုေတာင္ ေလာင္ကြ်မ္းသြားနုိင္ေလာက္ေအာင္စြမ္းတာပဲ မဟုတ္လား"

" ငါတုိ႕ မဟာျမိဳင္ကို စစ္မွန္တဲ့ အုပ္ခ်ဳပ္သူ အသစ္ျပန္လာေတာ့မယ္....အရွင္မင္းသတိုးရဲ႕မီးစြမ္းအင္နဲ႕ မစစ္မွန္တဲ့ အေအးစြမ္းအင္ကို တုိက္ဖ်က္လိုက္ပါ...."

" ဟုတ္ပါတယ္။ လူ႕အသက္ဓါတ္ကို စုပ္ယူျပီး က်င့္ႀကံတဲ့ မူလ အေအးဓါတ္ပိုင္ရွင္ လူယုတ္မာကို ေခ်မႈနး္ေပးပါ အရွင္...."

ထိုသို႕ တိုက္ပြဲကို ႀကည့္ျပီး အားတက္လာသည့္ မဟာျမိဳင္အတြင္းထဲမွ တပ္သား တပ္မႈးႀကီးမ်ားက စိတ္လႈပ္ရွားစြာျဖင့္ မင္းသတိုးကို ေအာ္ဟစ္ကာ ေတာင္းဆိုလိုက္ႀကသည္။ ထိုအခါမွ အျခားေသာ ေမွာ္ဆရာမ်ားက သူရ၏ ေအာက္လမ္းက်င့္ႀကံမႈကို သိရွိသြားႀကျပီး ရြံရွာသြားကာ အရွင္မင္းသတုိး၏ေတာင္ပင္လယ္ တပ္သားမ်ားနွင့္ တိုက္ခိုက္ေနရာမွ လက္နက္ကို သိမ္းဆည္းလိုက္ႀကသည္။

ေလာေလာဆည္ ေျမျပင္ေပၚက တိုက္ပြဲခဏရပ္သြားျပီး ေကာင္းကင္ေပၚမွ ေအးစိမ့္အေအးစြမ္းအင္ လႊမ္းျခံဳထားသည့္ အရွင္၏ ခ်စ္သူ ေႏြဦးကို ႀကည့္ကာ နားမလည္နုိင္ျဖစ္ေနသည္။ ေႏြဦးက သူရနဲ႕ပူးေပါင္းလိုက္တာလား။ ဘာေႀကာင့္ သာမန္လူသားေႏြဦး၏ကိုယ္ထဲမွာ အရွင္သူရလို ျပင္းထန္သည့္ အေအးစြမ္းအင္ရွိေနတာလဲ။ အေအးလိႈင္းကို လႊဲေျပာင္းေပးသည္ ဆုိလွ်င္ မူလ ပို္င္ရွင္လို စြမ္းအင္ထက္ေနစရာ အေႀကာင္းမရွိေပ။

ေမွာ္ဆရာမ်ားက တစ္စံုတစ္ခုကို နားလည္သလိုရွိလာႀကသည္။
-----------------------

သန်းခေါင်ယံချစ်သူ
Chapter (46)

သူရသည် ရူပကလျာဏီကို အမိန့်ပေးပြီးနောက် စဝ်ဟုန်ဖကိုဆင့်ခေါ်ကာ တိုက်စစ်ကို တာဝန်ပေးလိုက်တော့သည်။ ထိုဗျူဟာကိုကြားသော် စဝ်ဟုန်ဖ ထိတ်လန့်သွားခဲ့သည်။ လနတ်သမီး၏ မူလစွမ်းအားပိုင်ရှင်ကို တွေ့ပြီး ဒီလိုအခြေအနေထိရောက်အောင် မိမိတို့ စောင့်ကြည့်ကာ ပျိုးထောင်ခဲ့သည်။ ဒါပေမယ့် မူလစွမ်းအင်တို့ နိုးထလာပြီးနောက် အတွေးတို့ ဒီလောက်ထက်မြက်ကာ ရက်စက်လာမည်ကို မိမိတို့ မမျှော်လင့်ခဲ့ပါပေ။ ဒါက လနတ်သမီးရဲ့ မျိုးဆက်တို့သာလျှင် ပိုင်ဆိုင်နိုင်သည့် စိတ်ထားတို့ဖြစ်လိမ့်မည်။ ယခု လနတ်သမီးမျိုးဆက်၏ ရှေ့တစ်ဆက်ကဆိုလျှင်လည်း သူမတူအောင် သွေးအေးရက်စက်ပြီး သူ့ခေတ်သူ့အခါကို သွေးပင်လယ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိခဲ့သည်ကို မိမိကြားဖူးခဲ့သည်။ စဝ်ဟုန်ဖသည် အရှင်သူရကို အရိုအသေပေးကာ မိမိတာဝန်များကို ထမ်းဆောင်ရန် ထွက်သွားတော့သည်။

သူရသည် မဟာမြိုင်နန်းဆောင်တစ်ခုလုံးကို မိမိ၏မူလအအေးစွမ်းအင်ကိုသုံးပြီး စည်းအထပ်ထပ် ချလိုက်တော့သည်။ နွေဦး၏အခန်းရှေ့တွင် သူရက လက်တစ်ချက်ယမ်းလိုက်ပြီး အေးစိမ့်သည့် အစိမ်းရောင်အားလှိုင်းတို့ တံခါးကိုဖြတ်သန်းပြီး အခန်းထဲကိုစိမ့်ဝင်သွားတော့သည်။ သူရ၏စွမ်းအင်တို့သည် အိပ်ယာထက်တွင်လဲလျောင်းကာ နဖူးပေါ်လက်တင်ပြီး ကဝေကြီးအကြောင်းကို စဉ်းစားနေသည့် နွေဦးထံကို ရောက်ရှိလာသောအခါ မျက်ဝန်းအစုံက ရှုပ်ထွေးရိပ်တို့ထင်လာပြီးနောက် စိတ်မှတ်မဲ့ ထထိုင်လိုက်မိသည်။

နွေဦး၏ခေါင်းထဲ စိမ်းသက်သည့်မှတ်ဉာဏ်တို့ အလုအယက်တိုးဝင်လာပြီးနောက် ထိုင်ရာမှထကာ တံခါးကိုဖွင့်ပြီး အပြင်ကို တစ်လှမ်းချင်းလှမ်းကာ ထွက်လာလိုက်သည်။ အခန်းပြင်တွင် အစ်ကိုသူရ ရပ်နေသည်ကိုတွေ့တော့ လက်နှစ်ဖက်ကိုကမ်းလိုက်စဉ် အစ်ကိုသူရက မိမိဆီကိုတိုးဝင်လာပြီး သိုင်းဖက်လိုက်သည်ကို ခံလိုက်ရသည်။

ရှည်သွယ်သောအရပ်အမောင်းက နွေဦးကို မိုးလို့ထားသည်။ ချောမွေ့ကာ အဆမတန်လှပလာသည့် ရုပ်ရှည်နှင့် အစ်ကိုသူရကို မော့ကြည့်ကာ ပါးပြင်ကို လက်နှင့်ထိကိုင်ပြီး ပြောလိုက်သည်။

"အရမ်းကို ချောလာတယ်.. ဒီရုပ်ရည်နဲ့သာဆိုရင် ကောင်လေးတွေအများကြီးက ကြွေဆင်းလာမှာသေချာတယ်.."

အစ်ကိုသူရက ဘာမှပြန်မပြောဘဲ ကြင်နာစွာ ပြုံးလို့သာနေတယ်။ နွေဦးက အစ်ကို့ရင်ခွင်ကို မျက်နှာအပ်ပြီး ပြောလိုက်သည်။

"တစ်သက်လုံး အတူနေသွားချင်တယ်.. ဘယ်သူ့ကိုမှမချစ်ဘဲ ကျွန်တော့်ကိုပဲ ချစ်ပေးပါ.."

ဒီစကားပြောလိုက်ချိန်မှာပဲ မဟာမြိုင်နန်းဆောင်တစ်ခုလုံး တုန်ခါလာပြီး အကာအကွယ်စည်းက ကွဲအက်သွားပြီး တစ်ကိုယ်လုံး မီးတောက်တွေနဲ့ဖုံးထားတဲ့ လူတစ်ယောက် ဝင်ရောက်လာတော့သည်။

"နွေဦး.. ဒီကောင်နဲ့ ဝေးဝေးနေ.. သူက မကောင်းဆိုးဝါးလိုကောင်.."

ကဝေကြီးက နွေဦးကို လှမ်းအော်ကာ သတိပေးလိုက်တဲ့အချိန် သူရက ချက်ချင်းလက်ဝှေ့ယမ်းပြီး ကဝေကြီးဆီကို အေးခဲစွမ်းအင်ကို လွှမ်းခြုံလိုက်တော့သည်။ ကဝေကြီးဆီက မီးလျှံများနှင့်ထိတွေ့စဉ် ပြင်းထန်သည့်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး နွေဦးနှင့်သူရကတစ်ဖက် ကဝေကြီးကတစ်ဖက် လွင့်စင်သွားကြတော့သည်။

သူရက နွေဦးကိုပွေ့ချီပြီး လျှပ်တစ်ပြက် ဆုတ်ခွာသွားတော့ မင်းသတိုးက ချက်ချင်းလိုက်လာပြီး နွေဦးကို အရေးတကြီးလှမ်းပြောလိုက်သည်။

"နွေဦး.. မင်းကိုယ်ထဲကလက်စွပ်ကို တွေ့အောင်ရှာ.. ဒီလက်စွပ်က မင်းကို ညှို့ချက်ကလွတ်အောင် လုပ်ပေးလိမ့်မယ်.."

မင်းသတိုးက နွေဦးကို အရေးပေါ်သတိပေးလိုက်စဉ် သူရက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"မင်းက နွေဦးရဲ့နှလုံးသားထဲကို မင်းရဲ့ဝိညာဉ်ကိုယ်ပွားလက်စွပ်ကို ထည့်သွင်းပေးထားတာလား.. ဟား.. ဟား.. ဟား.. ကျေးဇူးပဲမင်းသတိုး.. မင်းကိုသတ်ဖို့ ငါ အားအများကြီး သုံးစရာမလိုတော့ဘူးပေါ့.."

သူရက နွေဦး၏ရင်ဘတ်ထဲကို လက်တစ်ဖက်နှင့်ထိုးစိုက်ကာ နှလုံးကိုဆွဲထုတ်ဖို့လုပ်လိုက်စဉ် မင်းသတိုးက သူရဆီကို အားအပြင်းဆုံးမီးစွမ်းအင်နဲ့ ပစ်လွှတ်လိုက်တော့ သူရရဲ့ကိုယ်က ဟိုးတစ်ဖက်နံရံထိ လွင့်စင်သွားပြီး နံရံပြိုကျလာတော့သည်။

"နွေဦးလေး.."

မင်းသတိုးက နွေဦးဆီကိုပြေးဝင်လာပြီး လက်လှမ်းလိုက်ပေမယ့် နွေဦးရဲ့အသားကိုမထိခင်မှာ ရပ်တန့်သွားပြီး မချိတင်ကဲကြည့်ကာ မီးစွမ်းအင်နဲ့အသာလွှမ်းခြုံပေးပြီး ပြောလိုက်သည်။

"ကိုယ်ပြောတာ သေချာနားထောင် နွေဦးလေး.. ကိုယ် မင်းကို လူ့လောကထွက်ပေါက်ကို လိုက်ပို့ပေးမယ်.. ခဏရှောင်နေပေးပါ.. ကိစ္စအားလုံးပြီးရင် ကိုယ် မင်းကို လာရှာမယ်.."

"ခင်ဗျား ကျွန်တော့်ကို ခွဲမထားဘူးဆို.. ဘာကြောင့် တစ်ယောက်တည်း ပြန်လွှတ်မှာလဲ.."

"မဟာမြိုင်က ပျက်စီးသွားပြီ.. မှော်လောက,က ကမောက်ကမဖြစ်နေပြီ.. ဒီမှာဆက်ရှိရင် မင်းကို သူရရဲ့လူတွေက လိုက်သတ်ကြလိမ့်မယ်.. ကိုယ့်စွမ်းအားက လူ့လောကမှာလည်း မင်းကို ဆက်ပြီးဖုံးကွယ်နိုင်အောင် ကူညီပေးလိမ့်မယ်.. ကိုယ့်စွမ်းအားတွေ အားလျော့ချိန်ရောက်ရင် ကိုယ်လည်း မင်းကို ပြန်လာရှာနိုင်လောက်ပြီ.. တကယ်လို့ ကိုယ်ပြန်မလာနိုင်တော့ရင် မပူနဲ့.. ကိုယ်သေသွားပြီဖြစ်လို့ ကိုယ့်စွမ်းအားအကုန်က မင်းဆီကိုရောက်လာပြီး မင်းက အင်အားကြီးတဲ့စွမ်းအားကို ပိုင်ဆိုင်တဲ့လူ ဖြစ်လာလိမ့်မယ်.."

ထိုစကားကိုကြားလိုက်ရစဉ် နွေဦး၏မျက်လုံးထဲ လက်ခနဲဖြစ်သွားပြီး သူ့ကိုပြောလိုက်သည်။

"မလိုချင်ဘူး.. ဘာစွမ်းအင်မှ မလိုချင်ဘူး.. ခင်ဗျားကိုပဲ လိုချင်တယ် ကဝေကြီး.. ဒါကြောင့် ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါ.. ဒီနေရာကိုထားခဲ့ပါ.. မှော်လောကကို ကျွန်တော့်ထက် ပိုအလေးထားနေတာလားဟင်.."

မင်းသတိုးက နွေဦးကို ကြင်နာစွာစိုက်ကြည့်ပြီး ပြုံးရင်းပြောလိုက်သည်။

"ကိုယ် မင်းဆီ သေချာပေါက် ရောက်အောင်လာခဲ့မှာပါ နွေဦးလေး.."

မင်းသတိုးက နံရံတစ်ဖက်ကို မီးစွမ်းအင်ဖြင့်ဖွင့်လိုက်ပြီး လူ့လောကနှင့် တောက်လျှောက်ပေါက်သည့် လှိုဏ်ခေါင်းကို ဖန်တီးလိုက်သည်။

"သွားတော့.. မြန်မြန်.. ဒီထွက်ပေါက်ကို ကိုယ် ကြာကြာထိန်းမထားနိုင်ဘူး.."

"ကျွန်တော် မသွားဘူး.. ကဝေကြီးမပါဘဲ ကျွန်တော် ဘယ်မှမသွားဘူး.."

မင်းသတိုးသည် နွေဦးလေးကို နူးညံ့စွာပြုံးပြကာ ပြောလိုက်သည်။

"ကလေး.. ကိုယ့်အချစ်ကို ကလေး ယုံတယ်မဟုတ်လား.. ကလေးဆီကို လာမယ်ဆိုရင် ဘာကိစ္စပဲကြုံကြုံ ကိုယ်ရောက်အောင်လာမယ်ဆိုတာ သိတယ်မလား.. ကိုယ်က ကလေးထက် မှော်လောကကိုရွေးချယ်တာ မဟုတ်ပါဘူး.. မကောင်းတဲ့မှော်ဆရာတွေကို ကိုယ် နှိမ်နင်းလိုက်ချင်လို့ပါ.. ဒီလူတွေမရှိတော့မှ ကလေး အေးအေးချမ်းချမ်း နေနိုင်မှာမို့ပါ.. ဒါကြောင့် ကိုယ့်ကို ဒီတစ်ကြိမ်တော့ ခွင့်ပြုပေးပါ.. ဒီတစ်ခါ တစ်ကယ်နောက်ဆုံးပဲ.. ဒီတစ်ခါခွဲပြီးရင် ကလေးကို ဘယ်တော့မှ တစ်ယောက်တည်းမထားခဲ့တော့ဘူး.."

မင်းသတိုး၏တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်နေပေမယ့် သူ့မျက်ဝန်းများ၏ နွေဦးကိုကြည့်သည့်အကြည့်များက အေးချမ်းလို့နေသည်။ နွေဦးသည် သူ့ကို ဆို့နင့်စွာစိုက်ကြည့်ကာ ခါးသီးစွာပြောလိုက်သည်။

"အစ်ကိုသူရရဲ့စွမ်းအင်က သိပ်ပြင်းထန်တယ်.. သူနဲ့တိုက်ရင် ခင်ဗျား သေချာပေါက် ဒုက္ခရောက်လိမ့်မယ်.. ဒါကြောင့် ကျွန်တော် အခုထွက်သွားရင် ခင်ဗျားကို ဒီတစ်သက် ပြန်မတွေ့ရတာမျိုး ဖြစ်သွားနိုင်တယ်.. ကဝေကြီး.. ခင်ဗျား.. ကျေးဇူးပြုပြီး ကျွန်တော့်ကို အနားမှာနေခွင့်ပေးပါဗျာ နော်..."

ထိုစကားများကိုကြားသော် မင်းသတိုးရင်ထဲ လုပ်ရမည့်အချက်တို့ ပိုခိုင်မာသွားတော့သည်။ ဒါကြောင့် နွေဦးကို လှိုဏ်ခေါင်းပေါက်ထဲ တွန်းထုတ်မည်အပြု နံရံတစ်ဖက်သို့လွင့်သွားသည့်သူရက လျှပ်စီးလက်သလိုခုန်ဝင်လာပြီး နွေဦးကိုလှမ်းရိုက်လိုက်စဉ် မင်းသတိုးက သူရ၏လက်ဝါးချက်ကို မိမိလက်ဝါးနှင့် ရင်ဆိုင်လိုက်သည်။

"ရှဲ.."

မီးလောင်ညှော်နံ့နှင့်အတူ သူရ၏အအေးစွမ်းအင်မှာ မီးစွမ်းအင်နှင့် ထိပ်တိုက်တိုးမိစဉ် ချက်ချင်းလောင်ကျွမ်းခံလိုက်ရပြီး နောက်ကို လွင့်စင်သွားတော့သည်။ မင်းသတိုးသည် သူရ၏ မူလအအေးစွမ်းအင် ဘာကြောင့် ဒီလောက်ယုတ်လျော့နေသည်ကို နားမလည်နိုင်ဖြစ်သွားစဉ် နွေဦးက မင်းသတိုး၏နောက်ကျောဘက်မှ ခါးကိုဖက်ကာ တောင်းပန်လိုက်သည်။

"ကဝေကြီး.. အစ်ကိုသူရကို အသက်ချမ်းသာပေးလိုက်ပါ.. သူ ဘာဖြစ်နေပါစေ.. သူက တစ်ချိန်က ကျွန်တော့်ရဲ့ ဆရာတစ်ယောက်ပါ.."

ထိုစကားကိုကြားလိုက်ရစဉ် မင်းသတိုး တောင့်ခနဲဖြစ်သွားပြီး သူရကို အသေရိုက်သတ်မည့်လက်ဝါးချက်ကို ရုပ်သိမ်းကာ နွေဦး၏လက်ကိုဆုပ်ကိုင်ပြီး မေးလိုက်သည်။

"တကယ်လို့ သူရနဲ့ကိုယ် တစ်ယောက်ကိုပဲရွေးရမယ်ဆိုရင် မင်း ဘယ်သူ့ကိုရွေးမလဲ နွေဦး.."

နွေဦးက ကဝေကြီး၏ကျောပြင်ကို ပါးအပ်ကာ ပြောလိုက်သည်။

"သေချာပေါက် ခင်ဗျားပဲပေါ့.."

"ကောင်းပြီ.."

မင်းသတိုးက ကျေနပ်စွာဖြင့် နွေဦး၏လက်ကိုဆုပ်ကိုင်ကာ မိုးပေါ်ကို တဟုန်ထိုးပျံတက်သွားပြီး ကောင်းကင်ပေါ်ရောက်တော့မှ နွေဦးကို မီးစွမ်းအင်ဖြင့် အားကုန်ရိုက်ချလိုက်တော့သည်။ မင်းသတိုး၏လက်ဝါးက အလစ်ငိုက် တိုက်ခိုက်လာသည့် နွေဦး၏ အစိမ်းရောင်တောက်နေသည့်လက်ဝါးနှင့် ဆုံမိပြီး ပြင်းထန်သည့်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့သည်။

"ဝုန်း  "
လေထဲတွင် မင်းသတိုး နောက်ကို ဝါးတရိုက်ခန့် လွင့်သွားပြီး နွေဦးက မင်းသတိုး၏ လက်ထဲမှ လွတ်သွားပေမယ့် မြေပြင်ကို ထိုးကျမသွားပဲ လေထဲ ပျံဝဲနေပြီး မခိုးမခန့်ပြုံးကာ မေးလိုက်သည်။

"ဘယ်လိုလဲ.... အအေးစွမ်းအင်က ခင်ဗျားရဲ့ မူလမီးစွမ်းအင်ကို တိုက်ခိုက်ဖို့ လုံလောက်တာထက်ပိုနေတယ် မလား။ "

မြေပြင်ရှိ တိုက်ပွဲမှမှော်ဆရာအားလုံးသည် မထင်မှတ်ပဲ ကောင်းကင်မှ ပြင်းထန်သည့် အားလှိုင်းပေါက်ကွဲမှုကြောင့် မြေပြင်ကို ပြိုလဲကျကုန်ပြီး အလန့်တကြားကောင်းကင်ပေါ်ကို မေ့ကြည့်လိုက်ကြသည်။

" မူလမီးစွမ်းအင်....."

"အရှင်မင်းသတိုးရဲ့ မူလမီးစွမ်းအင် ဘယ်တုန်းက ပြန်ရလိုက်တာလဲ... "

" ဘာ....အရှင် မင်းသတိုးရဲ့မီးစွမ်းအင်က သခင်မလေး ရတနာကို ထိန်းချုပ်ဖို့ အကုန်သုံးလိုက်တယ် မဟုတ်လား..."

" ဒါဆိုရင် အရှင်မင်းသတိုးက မီးနတ်ဆိုး ဘယ်ပူးကပ်နိုင်မှာလဲ။ မူလမီးစွမ်းအင်က မီးနတ်ဆိုးကိုတောင် လောင်ကျွမ်းသွားနိုင်လောက်အောင်စွမ်းတာပဲ မဟုတ်လား"

" ငါတို့ မဟာမြိုင်ကို စစ်မှန်တဲ့ အုပ်ချုပ်သူ အသစ်ပြန်လာတော့မယ်....အရှင်မင်းသတိုးရဲ့မီးစွမ်းအင်နဲ့ မစစ်မှန်တဲ့ အအေးစွမ်းအင်ကို တိုက်ဖျက်လိုက်ပါ...."

" ဟုတ်ပါတယ်။ လူ့အသက်ဓါတ်ကို စုပ်ယူပြီး ကျင့်ကြံတဲ့ မူလ အအေးဓါတ်ပိုင်ရှင် လူယုတ်မာကို ချေမှုန်းပေးပါ အရှင်...."

ထိုသို့ တိုက်ပွဲကို ကြည့်ပြီး အားတက်လာသည့် မဟာမြိုင်အတွင်းထဲမှ တပ်သား တပ်မှုးကြီးများက စိတ်လှုပ်ရှားစွာဖြင့် မင်းသတိုးကို အော်ဟစ်ကာ တောင်းဆိုလိုက်ကြသည်။ ထိုအခါမှ အခြားသော မှော်ဆရာများက သူရ၏ အောက်လမ်းကျင့်ကြံမှုကို သိရှိသွားကြပြီး ရွံရှာသွားကာ အရှင်မင်းသတိုး၏တောင်ပင်လယ် တပ်သားများနှင့် တိုက်ခိုက်နေရာမှ လက်နက်ကို သိမ်းဆည်းလိုက်ကြသည်။

လောလောဆည် မြေပြင်ပေါ်က တိုက်ပွဲခဏရပ်သွားပြီး ကောင်းကင်ပေါ်မှ အေးစိမ့်အအေးစွမ်းအင် လွှမ်းခြုံထားသည့် အရှင်၏ ချစ်သူ နွေဦးကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေသည်။ နွေဦးက သူရနဲ့ပူးပေါင်းလိုက်တာလား။ ဘာကြောင့် သာမန်လူသားနွေဦး၏ကိုယ်ထဲမှာ အရှင်သူရလို ပြင်းထန်သည့် အအေးစွမ်းအင်ရှိနေတာလဲ။ အအေးလှိုင်းကို လွှဲပြောင်းပေးသည် ဆိုလျှင် မူလ ပိုင်ရှင်လို စွမ်းအင်ထက်နေစရာ အကြောင်းမရှိပေ။

မှော်ဆရာများက တစ်စုံတစ်ခုကို နားလည်သလိုရှိလာကြသည်။
-----------------------




သန္းေခါင္ယံခ်စ္သူSeason-2 (zawgyi+unicode)Where stories live. Discover now