Season - 2 , Episode (15) (zawgyi+Unicode)

3.9K 389 22
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (15)


"၀ုန်း...."

စိုင်းမာန်သည် မိမိဌာနကို ခွင့်တင်ရန်အသွား ထိုအဆောင်မှ ထွက်ခါနီး စိတ်အာရုံထဲတွင် အသံတစ်သံကိုကြားလိုက်ရသည်။ မိမိကိုနောက်ပြန်လှည့်ရန်အမိန့်ပေးသည့် အသံကြောင့် ပြန်ပြေးလာတော့ ကုတင်တွင် သူရကိုမတွေ့သဖြင့် မျက်လုံးပြာသွားသည်။ မိမိနှင့်မသက်ဆိုင်သည့် ဒေါသက ရင်ထဲမှ အလှိမ့်လိုက်ထွက်လာပြီး ဘေးကုတင်မှ အဒေါ်ကြီးကိုမေးပြီး အိမ်သာကိုလိုက်လာစဉ် လူနာစောင့်ကောင်လေးနှင့်တွေ့ပြီး ပြန်လွှတ်လိုက်သည်။ ထို့နောက်ဖြစ်သမျှ အကြောင်းရာအားလုံး မိမိအသိစိတ်နှင့်မဟုတ်ပဲ တယောက်ယောက်က ဦးဆောင်နေသလိုပင်။ ကျယ်လောင်သော ပေါက်ကွဲသံဖြင့် သူရလက်ကို ဆွဲပြီးပျောက်သွားသည့် မိန်းကလေးကို တွေ့လိုက်ပြီး စိုင်းမာန်လဲကျသွားခဲ့သည်။

"ပုသိမ် ပြည်သူ့ဆေးရုံကြီး ရှိ အမျိုးသားသန့်စင်ခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား..."

သတင်းခေါင်းစဉ်က တလွဲကြီးထွက်ပေါ်လာချိန် စိုင်းမာန် ချော်လဲရောထိုင်လုပ်လိုက်ရတော့သည်။ မိမိတိုက်ခန်းကို ပြန်လာပြီးနောက် စိုင်းမာန်၏ အသိတို့ကင်းကွာသွားခဲ့သည်။ စိုင်းမာန်မျက်လုံးပြန်ဖွင့်လာတော့ လူသတ်ရိပ်လွှမ်းသည့် အကြည့်ရိုင်းတို့ဖြင့် အောက်လမ်းမှော်ပညာရှင်က အသက်ဝင်လှုပ်ရှားလာလေပြီ။


"မင်း ငါ့လက်ကနေ ဘယ်ပြေးမလဲ.....ကြည့်ကြသေးတာပေါ့ကွာ...."

ထိုလူသည် ထူးဆန်းသည့် အက္ခရာဖြင့် ထွင်းထားသည့် ကျောက်ခွက် အမည်းထဲတွင် လူ့သွေးများကို လောင်းချပြီးနောက် လက်စွပ်ကိုထည့်လိုက်ပြီး ဂါထာတစ်ခုကိုရွတ်လိုက်သည်။ သွေးများပွက်ပွက်ဆူလာပြီး ခွက်ထဲတွင် ၀ဲကတော့လို လှည့်ပြီး ထိုဂါထာ၏ စွမ်းအားက မဟာမြိုင်တွင်ရှိနေသည့် သူရ၏ ကိုယ်ထဲမှ နွေဦးကို ထိတော့သည်။

နွေဦး သူနှင့်အတူရှိပြီး စကားပြောနေစဉ် ရုတ်တရက် ခုံပေါ်မှပြုတ်ကျပြီး ကျောက်သားကြမ်းပြင်ပေါ် လဲကျကာ တွန့်လိမ့်ပြီး နာကျင်မှုကြောင့် ညည်းငြူလို့နေသည်။ နာကျင်သည်ခံစားချက်က ခေါင်းမှခြေဖျားထိ နေရာမလပ်နာနေပြီး အဆိုးဆုံးက ရင်ဘတ်ထဲ ဓါးစိုက်ကာ မွှေ့နေသလိုပင်။ နာလွန်းလို့ နွေဦး၏မျက်လုံးများ ဘာမှမမြင်နိုင်အောင် အမှောင်ဖုံးသွားတော့သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now