Season - 2Episode (6) (zawgyi+Unicode)

5.9K 523 14
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (6)

"အဇိုင်း..မလုပ်နဲ့.."

သို့သော် နောက်ကျသွားလေပြီ။ လှံတံများအားလုံးက ပုလဲဒေ၀ီဆီကို အရှိန် နှစ်ဆနှင့်တိုးဝင်သွားခဲ့လေပြီ။ ပုလဲနန်းတော်တစ်ခုလုံးမှာ အခြွေရံများ အံ့အားသင့်ကာ အော်ဟစ်လိုက်ကြသည်။ ကိုယ်ရံတော်များလည်း မထင်ထားသည့်အပြုမှုကြောင့် တောင်ပိုင်းပင်လယ်ဘုရင်မကို မကာကွယ်နိုင်တော့ပဲ လှံတံအစိုက်ခံရတော့မည့်ဆဲဆဲ ပုလဲဒေ၀ီက လက်နှစ်ဖက်ဖြင့် တွန်းဖယ်လိုက်တော့ လှံတံအားလုံး မျက်နှာရှေ့တည့်တည့်တွင် အရှိန်ကုန်ပြီး ပြုတ်ကျသွားခဲ့သည်။

"အတင့်ရဲလိုက်တာ..သခင်မကိုလုပ်ကြံတဲ့ ရာဇ၀တ်သား ချက်ချင်းဒူးထောက်စမ်း..."

ကိုယ်ရံတော်တပ်ဖွဲ့များက ချက်ချင်း အဇိုင်းးဆိုသည့် တပ်မှုးလေးကို ၀ိုင်းဖမ်းကာ ပုလဲဒေ၀ီရှေ့ကိုခေါ်လာခဲ့သည်။ အဇမ်းက မိမိလည်းဘာမှမလုပ်ရပဲ လှံတံကိုကာကွယ်ရုံနှင့်ဒီလောက်ဖြစ်သွားသည်ကိုနားမလည်နိုင်ပဲ အကိုတော်မောင်ရှင်ကို အားကိုးတကြီးလှမ်းကြည့်လိုက်မိသည်။

မောင်ရှင်သည် ချက်ချင်းပုလဲဒေ၀ီ အရှင်မရှေ့ဒူးထောက်ကာ တောင်းပန်လိုက်သည်။

"သခင်မဘုရား။ကျွန်တော်မျိုးရဲ့ ညီလေးက မသိနားမလည်လို့ လုပ်မိတာ ခွင့်လွှတ်တော်မူပါ.. "

"သခင်မကိုလုပ်ကြံတာ မသိနားမလည်လို့လား..ဟင်..မောင်ရှင်..မင်းရဲ့ညီတော်ကို ဘယ်လိုသွန်သင်ထားတာလဲ"

နန်းစောင့်တပ်မှုးက မောင်ရှင်ကိုငေါက်လိုက်သည်။ မောင်ရှင်က ခေါင်းငုံ့နေသော်လည်း သက်တော်စောင့်တပ်များ ကြားချုပ်ခံထားရသည့် အဇိုင်းဆိုသည့် တပ်မှုးလေးက ခွန်းတုံ့ပြန်ခဲ့သည်။


"ဒါဆို ကျွန်တော်တို့ကို ဘာကြောင့်လှံနဲ့အရင်ပစ်တာလဲ။ ကျွန်တော်က နောင်တော်နဲ့ကျွန်တော့်အသက်ကို ကာကွယ်လိုက်တာပါ။ အားနည်းနည်းပြင်းသွားလို့ လှံက ပစ်တဲ့သူဆီ ပြန်သွားတာပါ။ ကျွန်တော့် လှံနဲ့ ဘုရင်မကို ပစ်တာမဟုတ်လို့ လုပ်ကြံတာ မဟုတ်ပါဘူး။"

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now