သန်းခေါင်ယံချစ်သူ S2 - Episode (27)(zawgyi+Unicode)

3K 306 36
                                    

သန်းခေါင်ယံချစ်သူ S2 - Episode (27)

နွေဦးသည် အစ်ကိုသူရ ပြောလိုက်သည့်စကားကြောင့် သူ့နားမှ မခွာတမ်းနေပြီး ကဝေကြီးအကြောင်းကို တစေ့တစောင်း လိုက်စုံစမ်းတော့သည်။ သို့သော် မှော်လောကသားတို့က အဆင့်အတန်း ခွဲခြားလှသည်။ ကဝေကြီးမရှိသည်နှင့် မိမိကို အရေးမလုပ်တော့ဘဲ တဖြည်းဖြည်း ဖယ်ခွာလာကြသည်။

"နွေဦးလေး.. ကိုယ်တစ်ယောက်လုံးရှိတာ ဘာကြောင့် တခြားအကူအညီတွေ လိုက်တောင်းဖို့ ကြိုးစားနေရတာလဲ.."

သူရက နွေဦး၏ဆံပင်လေးကို ဖွဖွပွတ်ကာ ကြင်နာစွာမေးလိုက်သည်။ တစ်နေကုန် လူတကာ၏ဖယ်ခွာမှုကိုခံရပြီး အစ်ကို့အကြင်နာကို ထိတွေ့လိုက်ရတော့ ရင်ထဲလှိုက်ခုန်သွားပြီး အားကိုးတကြီးနှင့် အစ်ကို့လက်ကိုဆုပ်ကိုင်ကာ တောင်းဆိုလိုက်သည်။

"ကဝေကြီးကို ကူပေးပါ အစ်ကို.. သူ့ကို ကူညီပေးပါ.."

သူရသည် မိမိကို ဆုပ်ကိုင်လိုက်သည့် နွေဦးလက်ကို လက်နှင့်အုပ်ကိုင်ကာ မေးလိုက်သည်။

"ဘာ့ကြောင့် ကဝေကြီးကို ဒီလောက် စိုးရိမ်နေရတာလဲ ကလေးလေး..."

နွေဦး ခေတ္တတုံ့ဆိုင်းပြီး ခိုင်မာစွာပြောလိုက်သည်။

"သူက ကျွန်တော့်ချစ်သူကိုးဗျ.. ဒါကြောင့် စိုးရိမ်တာပေါ.."

ထိုစကားကိုကြားသော် သူရရင်ထဲမှ လူသတ်ချင်ရိပ်တို့ တဖန် တိုးထွက်လာတော့သည်။

"သူက နောက်မှပေါက်တဲ့ ရွှေကြာပင်ပါ ကလေး.. ကိုယ်က ကလေးကို အရင်ချစ်တဲ့သူပါ.. ပြီးတော့... အခုထိလဲ ချစ်နေတဲ့သူပါ.."

မထင်မှတ်ထားသော အစ်ကို့စကားကြောင့် နွေဦး မိမိနားကို မိမိ မယုံနိုင်ဖြစ်ကာ မော့ကြည့်လိုက်စဉ် ရုတ်တရက် ရှိန်းမြမြရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရပြီး နူးညံ့နွေးထွေးမှုတစ်ခုကို နှုတ်ခမ်းမှာ ခံစားလိုက်ရသည်။

"အစ်ကို.."

"မင်းကိုချစ်တယ် နွေဦးလေး.. မင်းနားက ခွဲခွာခဲ့ရပေမယ့် တစ်ရက်မှ မမေ့ခဲ့ဘူး.. မင်းရဲ့ဆွဲအားအောက်က ရုန်းထွက်ဖို့ကြိုးစားပေမယ့် ကိုယ့်နှလုံးသားက မင်းဆီကို အပိုင်ပေးပြီးသွားပြီ ကလေးလေး.."

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now