Part-11

15.3K 1.3K 6
                                    

Unicode...........

စိုင်းမာန်ဝင့်ထည် အချဉ်စားလိုက် ငိုက်လိုက် လမ်းဘေးငေးလိုက်နဲ့ ကားက တဖြည်းဖြည်း ပြင်ဦးလွင်ကိုရောက်လာသည်။ပုခုံးပေါ်ကအကောင်ငယ်ကတော့ လူမသိသူမသိ အိပ်ပျော်လျက်။ပြင်ဦးလွင်ဒီဇင်ဘာခြံ အရောက်မှာတော့ ကားဆရာက ကားရပ်လိုက်ပြီး

"ကဲ.. ခြံမှာနားကြအုံးမလား ဆက်သွားမလား"

"ဆရာ နားမယ်ဗျ... ကျနော့ သူငယ်ချင်းကားမူးနေလို့"

"ဟုတ်ပြီဗျာ"

ခြံမှာ လေကောင်းလေသန့်လေးရှူခိုင်းမှပါ။ မနားဘဲ ခရီးဆက်ရင် အညိုရောင်downတော့မယ်ထင်တယ်။အခုတောင် တစ်ကိုယ်လုံးဖျော့တော့နေပြီ။

"ညိုရောင် ဟျောင့်..! ထတော့ နားရအောင်"

အညိုရောင်ရဲ့ လက်ကိုလှုပ်ခါပြီးနိုးလိုက်တော့မှ ခေါင်းလေးထောင်လာပြီး

"အင်း ဘယ်ရောက်နေတာလဲ"

"ဒီဇင်ဘာခြံ လာဆင်းရအောင်"

အညိုရောင်မျက်စိကို လက်ဖမိုးနဲ့ပွတ်သပ်ရင်းမှ စိုင်းမာန်နောက်ကို လိုက်သွားလိုက်သည်။

"ဝိုး..! သာယာလိုက်တာ"

နေ့လည်ခင်းကြီးဆိုပေမယ့် နေအရမ်းကြီးပူမနေတော့ လေတဖြူးဖြူးနဲ့မို့ အညိုရောင် ခေါင်းတွေပြန်ကြည်လာသည်။

"နေလို့‌ကောင်းသွားလား ခေါင်းမူးနေသေးလား
ကျန်း..! နဖူးမှာလဲ ချွေးတွေကြီးပဲ"

ရုတ်တရက်ကြီး စိုင်းမာန်က ညိုရောင်ရဲ့နဖူးကချွေးတွေကို လက်ဖမိုးနဲ့သုတ်ရင်း ပြောလိုက်သည်။

"ဟင် .....အင့်..!"

ရသ ရပ်ကြည့်နေတာကို ညိုရောင်မြင်သွားပြီး စိုင်းမာန်ရဲ့လက်ကို ချက်ချင်းပုတ်ချလိုက်သည်။ စိုင်းမာန်အသိဝင်လာပြီး အနောက်ကိုလှည့်ကြည့်ကာ

"အော် ရသ ဟိုမှာသွားထိုင်ရအောင်... လာ"

ရသရဲ့ပုခုံးပေါ်လက်တင်ပြီး စိုင်းမာန်ခေါ်သွားလိုက်သည်။
ရသမေက လှည့်ကြည့်လှည့်ကြည့်နဲ့

"ညိုရောင် လာလေ"

"အင်း လာပြီ"

တကယ်လှတဲ့နေရာလေးပဲ ။ဖိုးဖိုးသာ ဖုန်းပေးကိုင်ရင် ဓာတ်ဖမ်းမိမှာအမှန်ပင်။ အခုက အညိုရောင်တို့ တဲလေးအောက်မှာ ဝင်ထိုင်နေတာပါ။
ဒီဇင်ဘာခြံက တဲလေးတွေဆောက်ထားပြီး ပတ်ပတ်လည်မှာ ပန်းလေးတွေစိုက်ထားပါတယ်။ လေတိုက်တိုင်း ယိမ်းနွဲ့နေတဲ့ ပန်းလေးတွေက တကယ်ကြည်နူးစရာပင်။

My lovely straight boy (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ