Part-38

15.5K 1.1K 25
                                    

Unicode........

"ရောင်....ရောင် ထကြည့်ပါအုံး"

ပုခုံးပေါ်မှာ အရမ်းတွေအိပ်ပျော်နေတဲ့ ကောင်လေးကို လှုပ်ခါကြည့်လိုက်တယ်။

"ဟင်...အင်း....ဘယ်ရောက်နေတာလဲ"

"ဆင်းအုံး...အိပ်ပဲအိပ်မနေပါနဲ့။
လေကောင်းလေသန့်လေးထရှူ"

"ဗိုက်တောင်ဆာလာပြီ"

ဗိုက်ဆာတာကို တစ်လမ်းလုံးဘာမှမပြောပဲ အိပ်လာတာတဲ့ တကယ့်ခလေးစုတ်။အခုမှ ဗိုက်ကိုပွတ်ပြနေတယ်။

"ဗိုက်ဆာနေပြီလား....ဘုရားအရင်ဝင်ဖူးမလား။
တစ်ခုခုအရင်စားမလား"

"အရင်စားရအောင်လေနော်"

အအိပ်မက်နေပြီးတော့အခုမှ ဗိုက်ကဆန္ဒတွေ ထပြကုန်ပြီထင်တယ်။

"ဟုတ်ပါပြီ....ဟိုဆိုင်ရှေ့ရပ်လိုက်မယ်နော်"

"အင်း"

ဘုရားနဲ့မျက်နှာချင်းဆိုင် ဆိုင်ရှေ့မှာ ကားရပ်ထားလိုက်ပြီး
ဆိုင်ထဲဝင်လာလိုက်တယ်။

"ရောင်...ဘာစားချင်လဲ။
ကိုယ်မှာလိုက်မယ်။"

"ထမင်းပဲ စားချင်တယ်။မနက်တိုင်းတီမေက ထမင်းကျွေးတဲ့အကျင့်လုပ်ထားလို့"

"ရောင်....နိုင်ငံခြားမှာရော ဘယ်သူချက်ကျွေးတာလဲ"

"ကွကိုယ်ချက်တာပေါ့...တခါတလေမအားမှဝယ်စားတာ"

"အဟက်...ရောင်က ထမင်းဟင်းချက်တတ်တယ်ပေါ့"

"တော်ပြီကွာ....ငါဗိုက်ဆာတယ်။ဟင်းသွားရွေးပေး"

ကြည့်စမ်း ကြည့်စမ်း....သူဟင်းမချက်တတ်မှန်းလူသိမှာစိုးလို့။

"ဟုတ်ပါပြီ...ကိုယ်သွားရွေးခဲ့မယ်...စောင့်နေ"

"ဟုတ်ကဲ့ပါ"

ခဏအကြာမှာတော့ စိုင်းမာန်ရွေးထားပေးတဲ့ အရံဟင်းတွေနဲ့ ထမင်းတွေလာချပေးတော့သည်။

"ဝိုး...မာန် ငါ့အကြိုက်သိလှချည်လား"

"သိတာပေါ့....ကိုယ့်ဘဝမှာ အစစအရာရာဂရုစိုက်ပေးဖူးတာဆိုလို့ ရောင်ပဲရှိတယ်။
5နှစ်ကြာတာတောင် ရောင်ရဲ့အကြိုက်တွေ ကိုယ်မမေ့ဖူးဘူး"

My lovely straight boy (Completed)Waar verhalen tot leven komen. Ontdek het nu