Part-36🔞🔞

25.3K 1.2K 50
                                    

Unicode........

(A Little Warning: So read at your own risk ⚠️)

"ကိုကြီး သားကျောင်းသွားပြီနော်"

"အင်း_ဆိုင်ကယ် ဖြည်းဖြည်းမောင်းနော်"

"ဟုတ်ကဲ့_ဒါနဲ့ မနေ့ကကိုကြီးရဲ့ကောင်လေးနဲ့အဆင်ပြေလား"

"အင်း_ပြေပါတယ်။ရှင်းလေးနဲ့မိတ်ဆက်ပေး မလို့ကို ဘာလို့မထွက်လာတာလဲ"

"သားမနေ့က အရမ်းအိပ်ချင်လို့ စောစောအိပ်ပျော်သွားတာ"

"ဟုတ်ပါပြီ_နောက်ခါဆို မိတ်ဆက်ပေးမယ်။"

"ဟုတ်_သားသွားပြီနော်"

"အေ_အေ"

ရှင်းလေးဆိုင်ကယ်မောင်းထွက်သွားတော့ ဖတ်လက်စသတင်းစာကို ချထားပြီး အညောင်းဆန့်လိုက်တယ်။

"အင်း......ဟင်......ရှင်းလေးစာအုပ်မေ့ကျန်ခဲ့ပြီထင်တယ်။
ကျောင်းမတက်ခင်လေး လိုက်သွားပေးအုံးမှပါ"

.......................................................................။

ဝူး_ဝူး_

ဆိုင်ကယ်ရှေ့လာရပ်တဲ့ ကျောင်းသားတစ်စုကြောင့်

"ဟေ့ကောင်တွေ ဘာလုပ်တာလဲ။သေချင်လို့လား"

သူတို့ထဲက အရပ်မြင့်မြင့်ခပ်ဝဝ ကျောင်းသားတစ်ယောက်ရှေ့ထွက်လာပြီး

"ဟေ့ကောင် ဆိုင်ကယ်ပေါ်ကဆင်းခဲ့။မင်းနဲ့ရှင်းစရာရှိတယ်။"

"တောက်စ်_ဘာတွေလဲကွာ။"

ရှင်းလေးဆိုင်ကယ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ ကျောင်းသားတစ်စု ဝိုင်းလာတယ်။

"မင်းကို ငါတို့ဝိုင်းပြီး လက်သီးနဲ့ထိုးတာ မခံချင်ရင် ဒီနေ့ကစ မင်းငါတို့အစေခံလုပ်။ငါတို့ခိုင်းတာလုပ်ပေးရမယ်။"

"အဟက်..."

ရှင်းလေးတစ်ချက် နှုတ်ခမ်းတွန့်ရုံမျှ ရယ်လိုက်ပြီး

"လိမို့...လုပ်ရမှာလား"

"မင်းကမင်းရုပ်ချောတယ်ဆိုတိုင်း ငါတို့ကိုနိုင်မယ်မထင်နဲ့။
မင်းကငါတို့ခိုင်းသမျှလုပ်ရမယ်။
အထူးသဖြင့်မင်းကိုကြိုက်နေကြတဲ့ ကောင်မလေးတွေရှေ့မှာပေါ့။
ဟဟား...ဟဟား....."

My lovely straight boy (Completed)Where stories live. Discover now