Part-23

14.1K 1.2K 14
                                    

Unicode.......

ဒေါက် ဒေါက်!!

ဒေါက် ဒေါက်!!

"သားညို သားထပြီလား"

အပြင်က တံခါးခေါက်သံကြောင့် ညိုရောင်သိမ်းလက်စ စာအုပ်တွေ ချထားလိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။

"ဟေ သားတောင်နိုးပြီလား"

"ဟုတ် ဟီး"

"ကျောင်းတက်ရမှာမို့ စိတ်လှုပ်ရှားနေတာလား သား
ခါတိုင်း ဒီချိန်မထသေးပါဘူး
အခုတောင် တီလေးမနိုးသေးမှာစိုးလို့ လာနိုးမလို့"

"ဟီး သားကအကုန်တောင်ပြင်ပြီးပြီ မနက်စာစားပြီးသွားရုံပဲ"

"ဟုတ်ပါပြီရှင် အောက်ဆင်းခဲ့နော် တီလေးသားအကြိုက် ကြက်ဥထမင်းကြော် ကြော်ထားပေးတယ်"

"ဟုတ်ကဲ့ပါဗျ"

တီလေးနဲ့ ဘိုးဘိုးနဲ့အတူ မနက်စာစားပြီး စိုင်းမာန်ရဲ့အဆောင်ကိုလိုက်ပို့ပေးဖို့ ပူဆာလိုက်တယ်။
အစောကြီးထပြင်ထားတာမြင်တော့ ဘိုးလည်း လိုက်ပို့ပေးတယ်။
မာန်ရဲ့အဆောင်ရှေ့ရောက်တော့ အဆောင်မှူးတံမြက်စည်းလှည်းနေတာကို တွေ့ရတယ်။

"အန်တီ စိုင်းမာန်ကို လာခေါ်တာပါဗျ"

"ဟေ စောလှပါလားသား ၇ခွဲပဲရှိသေးတယ်
ထမင်းတောင်စားရသေးဘူးထင်တယ် ခလေးတေက"

"သားစောင့်ပေးပါ့မယ် သူအခုဘယ်မှာလဲသိဘူး"

"အရင်အခန်းမှာပဲ သား သွားကြည့်လိုက်လေ"

"ဟုတ်ကဲ့ဗျ"

အန်တီကိုနှုတ်ဆက်ပြီး ရင်းနှီးနေတဲ့ အခန်းထဲ တန်းတန်းမတ်မတ်ပြေးဝင်လိုက်ရာ

ဟင်!!

"အခန်းထဲလည်း မရှိပါလား"

ဘေးဘီဝဲယာရှာကြည့်လိုက်မှ သကောင့်သားက
ဘေစင်မှာ အိပ်ချင်မူးတူးရုပ်နဲ့ သွားတိုက်ဆေးညစ်နေတယ်

"ဟေး"

မမှီတမှီနဲ့ စိုင်းမာန်ရဲ့ မျက်လုံးတွေကို လက်နဲ့ကာလိုက်တော့

"အာ ဘယ်သူလဲဆိုတော့
ရော့ အင့်!!!

ရုတ်တရက် ညိုရောင်ရဲ့ခန္ဓာကိုယ် ဆွဲလှည့်ခံလိုက်ရပြီး ဘေစင်အုတ်ခုံပေါ် မျက်နှာချင်းဆိုင်တင်ထားခံလိုက်ရသည်။

My lovely straight boy (Completed)Where stories live. Discover now