Part-28

14.3K 1.1K 83
                                    

Unicode........

တီ တီ တီတီ!!!

စိုင်းမာန် ရေချိူးနေစဉ်မြည်လာသော ဖုန်းသံကြောင့် အပြင်ထွက်လိုက်ပြီး ကိုင်လိုက်သည်။

"ဟဲလို ရသ"

*အညိုရောင် ဖုန်းလဲမကိုင်ဘူး ဘာဖြစ်နေတာလဲနင်သိလား

"အော်အေ ဟုတ်သားပဲ ငါမပြောပြရသေးဘူး။
သူ့ကိုခဏတော့ တစ်ယောက်ထဲထားလိုက်ပါ
သူ့အဘိုးဒီနေ့ နေမကောင်းမှန်းသိရပြီးတော့ နိုင်ငံခြားကိုပို့လိုက်ပြီ"

*ဟမ် ဟုတ်လား ရုတ်တရက်ဘယ်လိုဖြစ်တာလဲ?

"ရုတ်တရက်လို့တော့ မဟုတ်လောက်ဘူးဟ
ဖြစ်တာကြာနေပြီဆိုပေမယ့် အခုမှပိုဆိုးလာတာ‌ထင်တယ်"

*ဘာဖြစ်တာတဲ့လဲ

"သွေးကင်ဆာတဲ့"

*ဘုရားရေ!!

"ဟုတ်တယ် အညိုရောင်လဲ အရမ်းလန့်သွားတာ
ရုတ်တရက်ချက်ချင်းလဲ ခွဲလိုက်ရတော့ သူပိုဝမ်းနည်းမှာပေါ့
သူဖုန်းကိုင်တဲ့အချိန်ကျရင် နှစ်သိမ့်အားပေးစကားပြောပေးပါအုံးနော်"

*အင်းပါ နင်မပြောလဲ ငါလုပ်မှာပါပဲ
သနားလိုက်တာဟယ်

"နင်လဲသိပြီဆိုတော့ ငါရေချိူးနေတုန်းတန်းလန်းကြီးမလို့
ဖုန်းချ‌လိုက်တော့မယ်နော်"

*အင်း အင်း

ရသဆီက ဖုန်းချလိုက်ပြီး ရေချိူးမလို့ဆိုပေမယ့် စိုင်းမာန်စိတ်က အကောင်ပေါက်ဆီကိုပဲ ရောက်နေလေတော့

ဒူ.........ဒူ............ဒူ.......!

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်"

ဟာ!!

"ဝမ်းနည်းတဲ့အချိန်တိုင်း တစ်ယောက်တည်း ကြိတ်ငိုမယ်ဆိုတာချည်းပဲ"

တောက်စ်!

တစ်ယောက်ထဲ စိတ်တွေပူဒေါသတွေထွက်နေရတာ ကြာတော့ လူလဲပေါက်ကွဲထွက်တော့မယ်ထင်တယ်။
စိုးရိမ်စရာတွေများလာလေလေ သူ့ဆီကိုပဲ စိတ်ရောက်လေလေ သူ့ကိုပဲ ချစ်မိလေလေ ဖြစ်လာသည်။
လောကကြီးထဲမှာ သူ့ကိုချစ်တဲ့သူ သူ့အဘိုးအပြင် ကျနော်ပါရှိသေးတယ်ဆိုတာကို
အညိုရောင်ကို ဖွင့်ပြောလိုက်တော့မည်။
အခွင့်အရေးရလာတဲ့တစ်နေ့ပေါ့။

My lovely straight boy (Completed)Where stories live. Discover now