part-1

77K 2.5K 34
                                    

Unicode.......

Uniformကိုဖရိုဖရဲ ဝတ်ဆင်ထားသော ကျောင်းသားတစ်ယောက်သည် နေပူကြဲကြဲတွင် မျက်မှောင်ကြုံ့လျက် လျှောက်လာပြီးမှ မန်းလေး ထ၁၁ ကျောင်းရှေ့တွင် တုံ့ခနဲရပ်သွားပြီး

"ကျွတ်...တောက်"

တက်တစ်ချက်ခေါက်လိုက်ပြီးမှ....

"ရသရာ စောစောထွက်လာပါဆိုတာကို ခုချိန်ထိမရောက်သေးဘူး
ကျောင်းပြောင်းလာတယ်ဆိုပြီး ပဲများနေတာလားသိဘူး"

ကျွန်တော် တကယ်ထင်မထားဘူး...ကျွန်တော့်ရဲ့ အထက်တန်းကျောင်းသားဘဝကို
ဒီလို နေပူကြပ်နေတဲ့ မန်းလေးမြို့ကြီးမှာ စတင်ရမယ်လို့။

ကျွန်တော်က သီပေါသား ။
သီပေါသားဆိုလို့ ဘောလုံးသမား ကိုသန်းပိုင်လို အရပ်ရှည်ရှည်အသားဖြူဖြူလို့ မထင်လိုက်နဲ့။
ကျွန်တော်က ရှမ်းပြည်သားစော်ဘွားမျိူးရိုးကဆိုပေမယ့်
အသားအရေက ချော့ကလက်ရောင်။
အရပ်ကတော့ ၉တန်းကျောင်းသားနဲ့ မညီတဲ့ ၅ပေ ၁၁လောက်ရှိနေတယ်။
ပြီးတော့ ပိန်ပိန်သေးသေးလေး မဟုတ်ဘူးနော်။ လက်မောင်းမှာလဲ အဖုအထစ်တွေနဲ့ ပြီးရင်ကျွန်တော်က ကတုံးကေနဲ့ပဲနေတာ။
ကျွန်တော့်ရုပ်ကလည်း လူမိုက်ရုပ်ပေါက်နေတာပေါ့။
လူမိုက်ရုပ်ပေါက်တယ်ဆိုတာလည်း
လူမိုက်ပါဘဲ။
ကျွန်တော့်ဗလအားကိုးနဲ့ ရန်ခဏခဏ ဖြစ်လို့ မဲ့(အမေ)တို့က ကျွန်တော့်ကို မန်းလေးကိုပြောင်းထားလိုက်တာ။
သီပေါမှာပဲ နေရင် ကျွန်တော်လဲ မှင်နီတားခံရတော့မှာလေ။
တစ်နှစ်မှာအခေါက်၅၀ထက်မနည်း
ရုံးခန်းရောက်နေရတာ။
ကျွန်တော်ရန်ဖြစ်တယ်ဆိုတာလည်း
ကျွန်တော့်ရဲ့ငယ်သူငယ်ချင်း အချော
အလှမလေး "ရသမေ" ကြောင့်ပဲ။
ကျွန်တော်တို့ရှမ်းပြည်ကကောင်တွေက ဆတ်ဆတ်ထိမခံတွေဆိုတော့ စကားကနေ လက်ပါသွားကြတာပေါ့။
ရသ ကို ထိကပါးရိကပါးလာစရင် ကျွန်တော်က မခံနိုင်ဘူး ဝင်ထိုးလိုက်ရမှ ။ သူတို့ကလဲ ကျွန်တော့်ကို ကောက်ရိုးပုံစောင့်ခွေး ဘာညာပေါ့ ပြောကြတာ...ကျွန်တော်စိတ်မဝင်စားဘူး...ဘာကြီးဖြစ်နေနေ။
ကျွန်တော်သိတယ် တစ်နေ့...ရသကကျွန်တော်နဲ့ပဲညားမှာဆိုတာ။
ကျွန်တော်က လူပဲထွားတာမဟုတ်ဘူး နှလုံးသားတွေပါ ထွားကြိုင်းနေတာ။
ကျွန်တော်ဘယ်ချိန်ကတည်းက ရသကိုချစ်မိနေလဲမသိဘူး။သေချာတာကတော့ ရသက ကျွန်တော့်မျက်လုံးထဲမှာလှလှလာတယ်။
ကျွန်တော် မန်းလေးကိုကျောင်းပြောင်းရတော့ သူပါလိုက်ပြောင်းလာတယ်။
သူလိုက်ပြောင်းလာတယ်ဆိုတာကလဲ သူ့ကိုသီပေါမှာ တစ်ယောက်တည်းမထားခဲ့နိုင်လို့။
သူကကျွန်တော့်ပြောစကားဆိုနားထောင်ပြီးသားပဲ။
ဒါကြောင့်ကျွန်တော်လဲ လိုရာဆွဲတွေးကျန်းမာရေးလိုက်တာပဲ။
အခုလဲ ကျွန်တော်သူ့ကိုကျောင်းပေါက်ဝမှာစောင့်နေတာ အရင်ဝင်နှင့်ရင်လဲကျွန်တော့်ကိုစိတ်ဆိုးနေမှာ။
ဖြစ်နိုင်ရင် ကျွန်တော်သူ့အဆောင်ထိသွားကြိုချင်တာ။
သူကလက်မခံဘူး သူများတွေအထင်လွဲမှာကြောက်လို့တဲ့။
အခုထိလဲရောက်မလာဘူး ပဲများနေတာလား လမ်းပျောက်နေတာလားမသိဘူး။
နောက်၁၅မိနစ်ဆို ကျောင်းကတက်တော့မှာ။

My lovely straight boy (Completed)Where stories live. Discover now