Part-3

21.1K 1.6K 25
                                    

Unicode........

"စိုင်းမာန်တစ်ယောက်ကလဲ ဘယ်ရောက်သွားလဲသိဘူး
ထမင်းကိုဘယ်ဂျောင်မှာ သွားစားနေပါလိမ့်"

"ဟယ်...ရသရယ် နင်တုန်းကနင်ပြီးတော့ ခုမှ"

"နင်တာမဟုတ်ပါဘူးဟယ်... သူဗိုက်ဆာနေမှာစိုးလို့
ငါက ‌စေတနာနဲ့အရင်သွားခိုင်းလိုက်တာပါ"

"သူကစားပြီးတော့ အခန်းထဲတောင်ဝင်နှင့်လောက်ပါပြီ
နင်ကိုက...ပူနေတာ ကိုယ့်ထမင်းကိုစား.. မိရသ"

"အင်းပါ...သူကငါနဲ့ပဲထမင်းစားဖူးလို့"

"အဟွတ်... အဟွတ်.. အဟွတ်..!"

စုစုကတော့ရေသီးသယောင်ယောင်စနောက်နေပြန်သည်။

"အဟမ်း..!ဒီကညီမက အကိုတို့ကျောင်းကို ဒီနှစ်ပြောင်းလာတဲ့အသစ်ဆိုတာလား"

"အဟွတ်.. အဟွတ်..!!!"

ဒီတစ်ခါတော့ စုစုတကယ်သီးသွားဟန်တူသည်။

"ဟုတ်ပါတယ် ဘာများလိုလဲမသိဘူးရှင့်"

"ဘာမှမလိုပါဘူး အကိုက 10တန်း ecoခန်းက ညီမချောတယ်ဆိုလို့လာကြည့်တာ"

"ရှင်"

ချောတယ်ဆိုလို့လာကြည့်တာ.. ဘာစကားကြီးလဲ
ရုပ်ကလဲ နှဖူးမြင့်မြင့် မေးရိုးကားကား အရပ်ရှည်ရှည်နဲ့ ကြည့်ရုံနဲ့တင် ကျောင်းfighterမှန်းသိသာသည်။

"ဒါနဲ့ အကိုညီမ ဘေး ထိုင်လို့ရမလား"

"မရ ...အ"

ဖက်ခနဲ ပေါင်ကိုလာရိုက်သော စုစုလက်။

"ရ...ရ.. ရပါတယ်.. ထိုင်ပါအကို"

"စုစု..!"

အံကြိတ်‌ ခေါ်ပြီး မျက်စောင်းထိုးလိုက်သည်။

"ညီမ နာမည်က...."

"ဟုတ် သူ့နာမည်က ရသမေတဲ့ အကို"

စုစုကတော့ တုန်တုန်ယင်ယင်နဲ့ ဒိုင်ခံဖြေနေသည်။

"ရသ..! မဆိုးပါဘူးနာမည်လေးက..
မျက်နှာလေးကလဲ လှနေတာပဲ"

ရုတ်တရက် ပါးကိုလာထိခတ်သော လက်ထိပ်များကြောင့်

"ဖက်...အ"

ကျမ ယောင်ပြီး သူ့လက်ကို ခါထုတ်ပစ်တယ်။

"ကျမ မျက်နှာကို လာမထိနဲ့ အရမ်းရွံတယ်"

My lovely straight boy (Completed)Where stories live. Discover now