Part-42

13.6K 1.1K 26
                                    

Unicode..............

"ဟာ!စိုင်းမာန် မှန်တွေသုတ်နေတာလား စောစောစီးစီး"

ရသက မှုန်ကုပ်ကုပ်နဲ့ဆိုင်ကို ရောက်လာသည်။ကြည့်ရတာ မနေ့ညက ကျနော်ဖုန်းဆက်ပြောပြထားတဲ့ကိစ္စကြောင့်ထင်တယ်။

"နင်ရော ဘာထူးလို့လဲ အစောကြီးရောက်ချလာတာ"

ရသ ပိုက်ဆံအိတ်ကို ဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက် ချထားလိုက်ပြီး

"ဘယ်လိုလဲ!ရှင်းလေးအဆင်ပြေရဲ့လား"

"သိတဲ့အတိုင်းပဲ အဆင်ပြေချင်ယောင်ဆောင်နေမှာပေါ့။
ဒီမနက်တော့ အခန်းထဲကနေမထွက်လာသေးဘူး"

"နင်သူ့ကို မနေ့ညက မနှစ်သိမ့်ပေးဘူးလား"

ရသကတော့ ကျနော့ကို ဆူချင်သလို ငေါက်ချင်သလို ဖြစ်လာသည်။

"ဟင့်အင်း...မလုပ်ပါဘူး။ရှင်းလေးက ဒီအကြောင်းတွေငါနဲ့ပြောချင်မှာမဟုတ်ဘူး။
သူ့ကိုလဲ အာရုံစိုက်စေချင်မှာ မဟုတ်ဘူး"

ဝုန်း!

တံခါးပိတ်သံကြားလိုက်မှ ရှင်းလေး အခန်းထဲကနေ ထွက်လာမှန်းသိလိုက်သည်။ရှင်းလေးက အဖြူအစိမ်းနဲ့လွယ်အိတ်လွယ်ပြီးထွက်လာတာမို့ ရသက

"ရှင်းလေး မနက်စာမစားဘဲကျောင်းသွားတော့မလို့လား"

"ဟုတ်"

တစ်ခွန်းတည်း ဖြေပြီးထွက်သွားတော့မယ့် ရှင်းလေးကို စိုင်းမာန်က

"အစောကြီးရှိသေးတယ်မလား။မနက်စာမစားချင်လည်း မုန့်ဖိုးယူသွားအုံးလေ"

"သား အရင်နေ့ကမုန့်ဖိုးတွေတောင်ကျန်သေးတယ်"

ရှင်းလေးဆိုတာ အဲ့လိုခလေးမျိူး။
ဘာကြောင့်အစောကြီး ကျောင်းသွားမှန်းသိပေမယ့် မတားဖြစ်။

ဝူးးးးးး!

ရှင်းလေး ဆိုင်ကယ်စီးပြီးထွက်သွားတော့ ရသက

"အညိုရောင် ရော ဒီကိစ္စကို သိပြီးပြီလား။"

"အင်း... မနေ့ညကပြောပြလိုက်တယ်။ရောင်ကသူ့ကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်နေတာ။"

"သူ့ကြောင့်မဟုတ်ပါဘူးဟာ။ကံတရားစီမံရာပေါ့။
ငါနဲ့ငါ့ကိုကိုလိုပဲ"

My lovely straight boy (Completed)Where stories live. Discover now