Part-43

13.5K 1.1K 34
                                    

Unicode............

"မနေ့ညက ဘယ်တွေသွားပြီး ရန်ဖြစ်လာတာလဲ"

ဆိုဖာပေါ်မှာထိုင်ရင်း ရုပ်တည်ကြီးနဲ့မေးလာတဲ့ ကိုကြီးကို ဆိုင်ကယ်မှောက်တာလို့ လိမ်ချင်ပေမယ့် ဒဏ်ရာတွေက သိသာနေတယ်။

"သားတို့ကျောင်းက သူ့ကောင်မလေးက ကျနော့ကိုကြိုက်နေလို့ဆိုပြီး ဆိုင်ကယ်စီးပြိုင်ဖို့ စိန်ခေါ်လို့ သားပြိုင်လိုက်မိတာပါ"

"ဒဏ်ရာတွေက ဘယ်လိုရလာတာလဲ"

"သူရှုံးသွားတာကို မကျေနပ်လို့ ဝိုင်းထိုးကြတာပါ ကိုကြီး"

"ရှင်းလေး!

ကိုကြီးက အသံမြင့်လာသည်။

"ဗျာ"

"ဒီနေ့ကစ သားကိုဦးမင်းညို ကျောင်းအကြိုအပို့လုပ်လိမ့်မယ်။
သားဆိုင်ကယ်စီးစရာမလိုတော့ဘူး။ရန်လဲဖြစ်စရာမလိုတော့ဘူး"

လာပြန်ပြီ။အဲ့အဘိုးကြီးနဲ့မတွေ့ချင်ဘူး။သူနဲ့တွေ့တိုင်း ပြသနာတွေပဲ ဖန်တီးချင်နေတဲ့ ကိုယ့်ကိုယ်ကို အရမ်းမုန်းတယ်။

"ကိုကြီး သားသူနဲ့မသွားလို့မရဘူးလား"

"ဒါကတော့ သားတို့အချင်းချင်းပဲငြိယူကြပေါ့။ကိုကြီးလဲ အတင်းအကျပ်မခိုင်းချင်ပါဘူး"

ကိုကြီးက ပြောရင်းနဲ့ သတင်းစာကိုပဲ အာရုံစိုက်ပြီးဖတ်နေတယ်။

🚗တီ~တီ~!!

ပြောရင်းဆိုရင်း ကားဟွန်းသံကြားတာကြောင့် ကိုကြီးက

"လာကြိုပြီထင်တယ်။"

ဟူး!!

သက်ပြင်းချလိုက်ပြီး ဘေးမှာချထားတဲ့ ကျောပိုးအိတ်ကိုဆွဲယူပြီး အပြင်ထွက်လာတော့
ထင်တဲ့အတိုင်းပဲ အလုပ်မရှိအကိုင်မရှိ Driverလာလုပ်အုံးမယ့် ဘိုးတော်ကြီး။
ရန်ဖြစ်ချင်စိတ်မရှိတာနဲ့ပဲ သူ့ကားထဲကို ဝင်ထိုင်လိုက်တယ်။

"ဒဏ်ရာ‌တွေကို ဆေးလိမ်းထားလား။
အမာရွတ်တွေကျန်နေအုံးမယ်"

ကျနော့မျက်နှာက အညိုမည်းရာတွေကို ကြည့်ပြီးပြောလာတယ်။

"အင်း"

"စိုင်းမာန် သားကိုဒီဒဏ်ရာတွေနဲ့ပက်သက်ပြီးမေးသေးလား"

My lovely straight boy (Completed)Unde poveștirile trăiesc. Descoperă acum