Part-33

16.5K 1.4K 56
                                    

Unicode.....

                After 5 year later..........
                   (၅နှစ်ကြာပြီးနောက်)

လင်းလက်နေသော ရောင်စုံslight မီးများနှင့် ဆူညံနေသော DJတီးလုံး သံများ ဟိန်းထွက်နေပြီး စည်းချက်အညီ ကခုန်နေသော လူအများကြား တိုးဝှေ့လိုက်ပြီး

"ထုံးစံတိုင်းပဲလား"

"ဟုတ်ပါတယ် အကိုလေးရယ် private roomထဲမှာပါ"

ဟူး!

သက်ပြင်းချလိုက်ပြီး ထုံးစံတိုင်း

"ကျနော် ပြောထားတဲ့အစီအစဉ် အဆင်သင့်ဖြစ်ပြီလား"

"ဖြစ်ပါပြီဗျ။ အကိုလေးပြောသလို လုပ်ပါ့မယ်"

"ဟုတ်ပြီ...လာ"

တစ်နှစ်မှတစ်ခါဖွင့်တဲ့ ကိုကြီးရဲ့private roomဆိုတာ...
အပြင်ဘက်ကနဲ့ တစ်ခြားစီဖြစ်သော

*တို့နှစ်ယောက်ရဲ့ ဘဝဝေးခဲ့ဖူးတယ်🎼
မတွေ့ရတော့မှ လွမ်းမှန်းသိတယ်
ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ် သူငယ်ချင်းရယ်🎶🎶

*မင်းနှုတ်ခမ်းလေးစွဲလန်းဖူးတယ်
တို့ဝေးခဲ့ရတော့ တမ်းတမိတယ်
ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ် သူငယ်ချင်းလေး🎵🎶

*မင်းအနားမှာ အမြဲနေချင်တယ်🎵🎼🎶
မင်းရဲ့ ပုံရိပ်လေးပဲ တမ်းတဆဲ
သူငယ်ချင်းလို့ ပြောနေပေမယ့်🎶🎶🎶🎶
အမြဲ.....🎼
ငါရင်ထဲက ချစ်နေခဲ့🎶🎶

အဆိုတော် ဉာဏ်လင်းအောင်ရဲ့ သူငယ်ချင်းသီချင်းက နှစ်စဉ်နှစ်တိုင်း ဒီနေ့ညလိုချိန်မျိူးမှာ ပျံ့လွင့်ခဲ့တာ
၅နှစ်ရှိခဲ့ပါပြီ။
ထုံးစံတိုင်း အချစ်ဦးပေးထားတဲ့ ထီးအဝါရောင်တွေ စက်ရုပ်တွေ နေရာယူထားတဲ့ private roomရဲ့ အလယ်က  စားပွဲမှာ
အသဲကွဲ Anniversaryကျင်းပနေတဲ့သူကတော့
အသက်24နှစ်အရွယ် ကောင်လေးတစ်ဦးပဲဖြစ်ပါတယ်။
အချိန်တွေက ဒီကောင်လေးရဲ့ ရုပ်ရည်ကို ခန့်ချောသွားအောင်စမတ်ကျသွားအောင် ဘယ်လောက်ပဲပြောင်းလဲပေးပေး ကောင်လေးရဲ့ အတွင်းစိတ်ကတော့ ဒီနေ့ရောက်တိုင်း မရင့်ကျက်နိုင်သေးပါဘူး။
ဒီနေ့မှာတော့ နီညိုရောင် pantနဲ့ ရှပ်လက်ရှည်အဖြူကိုမှ ရင်အုပ်ကိုဖွင့်ထားပြီး နဖူးအထက် ဆံပင်တွေကိုလန်တင်ထားတဲ့ ကောင်လေးက ဝိုင်နီတစ်ခွက်ကို ကိုင်မြောက်လိုက်သောက်လိုက်လုပ်နေတယ်။
ဘယ်သူနဲ့လဲဆိုတော့ ဆရာဝန်ဂျူတီကုတ် ကိုဝတ်ထားပြီး ဆံပင်ဖြူနုနုခပ်ကောက်ကောက်အုပ်အုပ်လေးနဲ့ သွားတက်ဖွေးဖွေးလေးတွေပေါ်အောင် ရယ်ပြနေတဲ့ ဓာတ်ပုံဘောင်ထဲက ကောင်လေးနဲ့ပေါ့။

My lovely straight boy (Completed)Where stories live. Discover now