Part-24

13.9K 1.2K 40
                                    

Unicode.........

"စိုင်းမာန် နင်ဖြေနိုင်လား"

ရသမေ စာမေးပွဲခန်းထဲကထွက်လိုက်တာနဲ့ စိုင်းမာန်နဲ့ညိုရောင်ရှိတဲ့ ဘက်ကို ချက်ချင်း အပြေးသွားလိုက်သည်။

"အင်း အောင်မယ်လို့တော့ ထင်တာပဲ"

"ဟယ် နင့်အဖြေကြီးကလည်း"
အညိုရောင်ရော?

"သူထွက်မလာသေးဘူးဟ အာ့ကြောင့်ငါစောင့်နေတာ။
သူ့ကြည့်ရတာ အရမ်းပင်ပန်းနေသလိုပဲ ။နောက်ဆုံးဘာသာဆိုတော့ နုန်းနေပြီထင်တယ်"

"ဟုတ်ပါ့ အော်.... ဟိုမှာ သူထွက်လာပြီ မေးကြည့်ရအောင်"

စာမေးပွဲခန်းကနေ ခေါင်းငိုက်စိုက်ထွက်လာတဲ့ အညိုရောင်ကို ရသက ဆီးပြီး

"ဘယ်လိုလဲ ဖြေနိုင်တယ်မလား"

"ဟင့်အင်း"

အညိုရောင် မျက်နှာညိုးနွမ်းပြီး ပြန်ဖြေလိုက်ရာ

"ဘာလို့လဲ မေးခွန်းတွေမတိုးဘူးလား
ငါတော့အောင်ပါတယ်"

စိုင်းမာန် ခပ်မြန်မြန်မေးလိုက်တော့

"ငါ ငါ ဂုဏ်ထူးမပါတော့ဘူးထင်တယ်မာန်"

"အော် ငါ့နှယ်"

"ဟူး"

ရသမေ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

"အညိုရောင်ရယ် နင်အမှတ်များမှာပါ ငါတို့ကကပ်အောင်ရင်ကိုပျော်နေရတာ သူများက ဂုဏ်ထူးကြောင့်တဲ့လား"

"ဟဲဟဲ"

အညိုရောင်ရယ်သံ သဲ့သဲ့ပြန်ထွက်လာတော့မှ စိုင်းမာန်က

"ကဲ ၁၀တန်းစာမေးပွဲလဲ ပြီးပြီဆိုတော့ ဒီနှစ်သင်္ကြန်အပြတ်ကဲရမယ် ဘယ်လိုလဲ အညိုရောင် ငါတို့သီပေါ လိုက်လည်အုံးမလား"

အညိုရောင် မျက်လုံးလေး ဝိုင်းစက်သွားပြီး

"အင်း လိုက်ချင်တာပေါ့ ဘိုးဘိုးကို ခွင့်တောင်းလိုက်မယ်နော်"

"ရအောင်တောင်းခဲ့လိုက် မနက်ဖြန်မနက် ငါ့အဖေလာကြိုမယ်တဲ့ ပစ္စည်းတွေပါအကုန်သိမ်းပြန်ရမှာဆိုတော့လေ"

"ငါမနက်ဖြန်အစောကြီး လာသိမ်းကူမယ်လေ
ပြီးတော့ တစ်ခါတည်းလိုက်ပြန်လိုက်မယ် ယေးးးးးးးးး"

My lovely straight boy (Completed)Where stories live. Discover now