Part-9

15.9K 1.4K 14
                                    

Unicode...............

"ငါးမွေထိုးကောင်..!!"

"ဟင်"

အညိုရောင်ရဲ့ အနောက်ဘက်ကနေ
လေငွေ့နွေးနွေးက နားထိပ်လေးကို ဖြတ်လျှောက်သွားစဉ်

"ဟာ...စိုင်းမာန် ဘယ်လိုရောက်လာတာလဲ?"

"ငါမင်းကို စာအုပ်တွေလာပို့တာ... ရော့"

အညိုရောင်ရဲ့ ပေါင်ပေါ်ကို စာအုပ်တစ်ထပ်လိုက် ပစ်ချလိုက်ပြီး

"တတ်နိုင်သလောက်တော့ ဖတ်လို့ရအောင် ရေးပေးထားတယ် ကြည့်ကြည့်လိုက်"

"မာန်...!လက်ရေးတွေလှလိုက်တာ အဆင်ပြေတာပေါ့"

"မင်းရွဲ့ပြောနေတာလား"

"တကယ် မာန်လက်ရေးလှရဲ့သားနဲ့ကွာ"

"တော်တော့ ငါမနေတတ်တော့ဘူး"

စိုင်းမာန်လုပ်နေကြအတိုင်း လက်က ဂုတ်ပိုးကို ကုတ်နေသည်။

"မာန်...ထိုင်လေ
ငါ့အိမ်ကိုမင်းဘယ်လိုသိတာလဲ"

စိုင်းမာန်က အညိုရောင်ဘေးမှာ ဝင်ထိုင်လိုက်ပြီးမှ

"ဆရာမကိုမေးလိုက်တာလေ.. စာမေးပွဲကဖြေတော့မှာကို ဘေးကငပျင်းကောင်က ကျောင်းမလာဘူးလေ"

"ငါပျင်းလို့မဟုတ်ပါဘူးဟ"

"အာ့ဆို ဖျားနေသေးတာလား"

ပြောပြီး စိုင်းမာန်ရဲ့ လက်ဖဝါးနွေးနွေးက အညိုရောင်ရဲ့ နဖူးပေါ်ကို ရောက်လာသည်တွင်

ဒုတ်.. ဒုတ်.. ဒုတ်...!!!

အညိုရောင်ရဲ့ နှလုံးခုန်သံတွေ စိုင်းမာန်ကြားသွားမှာကိုပင် ကြောက်နေမိသည်။

ဖတ် အင့်..!

အညိုရောင် တုန်တုန်ယင်ယင်နဲ့ စိုင်းမာန်ရဲ့လက်ကို ရိုက်ထုတ်လိုက်မိရာ စိုင်းမာန်ကြောင်သွားပြီး အညိုရောင်ကိုစိုက်ကြည့်နေသည်။

"မာန်.. sorryကွာ နော်...မာန်ငါကြောင်သွားလို့"

အညိုရောင် လျင်မြန်စွာပဲ မာန်ရဲ့လက်ကိုဆွဲကိုင်လိုက်ပေမယ့် စိုင်းမာန်က
အညိုရောင့်လက်ကို ခါထုတ်လိုက်ကာ ဘာစကားမှမဆိုဘဲ ခြံထဲကနေ ထထွက်သွားလိုက်တယ်။
အညိုရောင်လိုက်ခေါ်လို့လဲ မရမှန်းသိလို့ ဒန်းပေါ်မှာ ဒူးလေးထောင်ပြီး လက်နှစ်ဖက်နဲ့ဖက်ထိုင်နေလိုက်သည်။

My lovely straight boy (Completed)Où les histoires vivent. Découvrez maintenant