Part-7

16.8K 1.4K 9
                                    

Unicode........................

"ခလေးက အအေးမိပြီး ဖျားနေတာပဲ ဆရာမရေ။
ကြည့်ရတာ အခုမှစဖျားတာ မဟုတ်လောက်ဘူး"

ဆရာဝန်ပြောတာကြားမှ စိုင်းမာန်မနေ့က အဖြစ်ကိုစဉ်းစားမိသည်။ သူမနေ့ကမိုးမိတာများလား။
သူကားနဲ့ပြန်တာမဟုတ်ဘူးလား။

"အား... ကျစ်"

စိုင်းမာန် ကိုယ့်ခေါင်းက ဆံပင်ကို ကိုယ့်ကိုဆွဲဖွနေမိသည်။

"သားသူငယ်ချင်းသတိရတဲ့ထိ စောင့်ထားပေးနော်။
ဆရာမသူ့မိဘတွေ ဖုန်းဆက်ခေါ်လိုက်အုံးမယ်။
စိတ်ချမယ်နော်သား"

"ဟုတ်ကဲ့ဗျ"

ဆရာမ ထွက်သွားတော့မှ ဆရာဝန်က
ဆေးစုပ်ထားသော ဆေးထိုးအပ်ကိုင်လာပြီး

"သားရေ....သူငယ်ချင်းကိုကူအုံး
ဆေးထိုးပေးရမယ်"

"ဟုတ်ကဲ့ဗျ"

ကုတင်ဘေးသို့ လျှောက်သွားပြီး အညိုရောင်ရဲ့ ကျောင်းစိမ်းပုဆိုးကို နည်းနည်းဆွဲလှန်ပေးလိုက်သည်။
ဆရာဝန်က ဆေးထိုးလိုက်ချိန်‌မှာတော့

"အ "

ညည်းသံနဲ့အတူ စိုင်းမာန်ရဲ့ လက်တစ်ဖက်ကို လာရောက်ဆုပ်ကိုင်သော အညိုရောင်ရဲ့ လက်လေးတွေကို စိုင်းမာန် မဖယ်ထုတ်ရက်ခဲ့ပေ။

"ရပြီနော် သား"

" ဟုတ်.. ဟုတ်ကဲ့"

ပုဆိုးက ကောင်းကောင်းပြန်ဝတ်ပေးပြီးမှ
ဆရာဝန်ပေးသော ဆေးတွေကို သေချာမှတ်လိုက်ပြီး
ကုတင်ဘေးမှာ ထိုင်စောင့်ပေးလိုက်သည်။
ခဏအကြာမှာတော့

"အင်း...အင်း"

"ညိုရောင် မင်းနိုးလာပြီလား"

"ဟင်...!စိုင်းမာန် ငါဘယ်ရောက်နေတာလဲ"

"အမယ်... မင်းကနတ်ပြည်ရောက်ပြီ ထင်နေတာလား?
ငါတို့အခု ဆေးခန်းမှာကွ "

"ဟင်.. ငါအဖျားတက်လို့လား"

"ဟုတ်တယ်.. ငါးမွေထိုးကောင်ရဲ့။ ကိုယ်ဖျားတာကိုအိမ်မှာမနေဘူး လူကိုဒုက္ခကိုပေးတယ်မင်း!"

"ငါ ငါ... အင့် ဟီး ဟီး ဝါး"

ရုတ်တရက်ထငိုလိုက်သော အညိုရောင်ကြောင့် စိုင်းမာန်တစ်ယောက် မြန်မြန်ထပြီး ပါးစပ်ကို လက်နဲ့အုပ်လိုက်ပြီး

My lovely straight boy (Completed)Where stories live. Discover now