Part-29

13.6K 1.1K 49
                                    

Unicode.....

ရောင်စုံမီးလုံးများ တလက်လက်နဲ့ သီချင်းခပ်မြူးမြူးဖွင့်ထားသော Randomကလပ်ထဲကို
တစ်ကိုယ်လုံးစိုရွဲနေသော all blackနဲ့ကောင်လေးကို
လူတိုင်းဝိုင်းကြည့်နေကြသည်။
ဝိုင်ခွက်ကို မြတ်မင်း မော့သောက်ရန် ပြင်လိုက်စဉ်

"ဟေ့ကောင် ဟိုကိုကြည့်လိုက်စမ်း"

ဘေးကကောင် မေးငေါ့ပြရာဘက်ကို ကြည့်လိုက်တော့

"ဟာ.... အဲဒါ ဟိုအကောင်ပဲ ဂြိုလ်ဆိုးပဲဟ"

"မင်းနဲ့stateကျောင်းတုန်းက ခဏခဏfightနေကျကောင်လေဟာ။
တစ်ကိုယ်လုံးလဲ စိုရွဲနေတာပဲ ခွေးပေါက်လေးအလား...ဟဟား"

"ကြည့်ရတာ အခြေအနေမဟန်ဘူးထင်တယ်
ဟေ့ကောင်.... မင်းဒီမှာစောင့် ငါခဏဒိုးအုံးမယ်"

မြတ်မင်းထထွက်သွားဖို့ ပြင်လိုက်စဉ်

"ဟျောင့် ပြသနာတော့မရှာနဲ့နော်
အဲ့ကောင်က အရင်ကထက်တောင် ပိုထွားလာပြီကွ သတိထား"

ပြာပြာသလဲတားနေတဲ့ အကောင်ကို မြတ်မင်းဟားတိုက်လိုက်ပြီး

"ဟား မင်းကလဲ ကြောက်တတ်တာမှလွန်ရော ရန်မဖြစ်စေရဘူးစိတ်ချ informationလေးပဲ နည်းနည်းသွားယူမလို့မှာ"

ပြောပြီးတာနဲ့ မြတ်မင်းတယိမ်းတယိုင်လျှောက်သွားလိုက်သည်မှာ အရက်ကောင်တာမှာ ထိုင်နေသော စိုင်းမာန်ဆီသို့။

ဂလု ဂလု!

မရပ်မနား ဘီယာကို ထိုးသောက်နေသော စိုင်းမာန်ကိုကြည့်လိုက်လျှင်ပင် တော်တော်မူးနေမှန်းသိသာသည်။

"ဟေ့ကောင် သောက်လှချည်လား"

စိုင်းမာန်ဘေးမှာ ထိုင်လိုက်ပြီး စကားစလိုက်တော့ စိုင်းမာန် မျက်စိကို မနည်းပြူးပြီးကြည့်ကာ

"အော် ဘယ်သူများလဲလို့ ခင်ဗျားက အရင်က ရသမေကို လိုက်ကြိုက်တဲ့တစ်ယောက်မလား"

"ဟေ့ကောင် ငါတကယ်မကြိုက်ပါဘူးဟ
ငါကဒီတိုင်းနောက်တာပါ"

မြတ်မင်းရဲ့စကားကို စိုင်းမာန်နားထောင်မည့်ပုံလဲ မပေါ်ဘဲ

"အခုရော ကြိုက်နိုင်သေးလား ခင်ဗျားဘာတတ်နိုင်သေးလဲ
ရသမှာ ချစ်ရမယ့်သူရှိသွားပြီလေ"

My lovely straight boy (Completed)Where stories live. Discover now