Part-12

15.2K 1.3K 23
                                    

Unicode.......................

ပြတင်းမှတစ်ဆင့် နေရောင်တွေက အညိုရောင်ရဲ့ နဖူးမှတစ်ဆင့် မျက်ခွံတွေပေါ် ကျရောက်လာတော့

"အင်း..........မထချင်သေးဘူး"

မျက်ခွံတွေကိုပွတ်သပ်ပြီး ပြန်အိပ်မယ်အလုပ်

ဖတ်!

"အ"

ညိုရောင်ရဲ့ တင်ပါးပေါ် လက်ဖဝါးတစ်စုံရောက်လာပြီး

"ဟျောင့်..! ညိုရောင်ထတော့ မရှက်ဘူးလား နေဖင်ထိုးနေပြီ"

ညိုရောင်မထသေးဘဲ ပေကပ်စွာဖြင့်

"နေကဖင်မထိုးသေးဘူး မျက်နှာမှာပဲရှိသေးတယ်"

"ဟာ ငါးမွေထိုးကောင် နေဖင်ထိုးမှထမယ်ပေါ့မင်းက"

"အင်း.......ဒါပေါ့ ငါ့အိမ်မှာဆိုခုချိန် မထသေးဘူး"

"ဒါမင်းအိမ်လား"

စိုင်းမာန်ထိုသို့ပြောလိုက်မှ ညိုရောင် ငေါက်ခနဲထထိုင်ပြီး

"အေး ဒါမင်းအိမ်ကြီးပဲ စောစောတော့လာမနိုးဘူး... အား"

ပြောလဲပြောရင်း ရေချိူးခန်းထဲ အမြန်ပြေးဝင်သွားသော ညိုရောင်ကိုကြည့်ပြီး စိုင်းမာန်က

"ငါလာနိုးတယ်လေ မင်းကိုက စောက်ပျင်း...!"

ရေသံတွေတိတ်သွားပြီးမှ အပြင်ထွက်လာတော့

"အဝတ်လဲပြီး အောက်ဆင်းခဲ့လိုက် ထမင်းစားရအောင်"

"ဟာ မဲ့တို့စောင့်နေတာလား"

"စောင့်မနေဘူး ငါ့ပေါ်(အဖေ)နဲ့မဲ့က မနက်၆နာရီတည်းက ဆိုင်ဖွင့်ဖို့ထွက်သွားပြီ အခုမင်းထတာ ကြည့်အုံး၈ခွဲ...ဟဟား"

"မင်းကရော မစားသေးဘဲ ငါ့ကိုစောင့်နေတာလား"

"ဟီး...ငါလဲခုနကမှထလို့"

"သူတောင်းစား..!"

ညိုရောင် စိုင်းမာန်ကို မျက်နှာသုတ်ပဝါနဲ့ ကောက်ပေါက်လိုက်တော့ စိုင်းမာန်လျင်မြန်စွာ အခန်းပြင်ပြေးထွက်သွားသည်။

....................................................................

စားပွဲပေါ်တွင် တင်ထားသော ဟင်းပွဲတွေကို ကြည့်ပြီး ညိုရောင် စွံ့အနေမိသည်။

My lovely straight boy (Completed)Where stories live. Discover now