Part-13

15.2K 1.3K 12
                                    

Unicode................

နေဝင်လုနီးနီး ဝင်းဝါနေသောကောင်းကင်ကြီးက လွမ်းမောဖွယ်အတိ ဖြစ်နေသည်။ခရီးသွားများ အလည်လာသူများ ဓာတ်ဖမ်းသူများလဲ ဖမ်းနေကြသည်။
သိမ်တောင်ဟာ သီပေါမြို့ကြီးရဲ့မျော်စင်သဖွယ်ပင် အပေါ်စီးကနေ ကြည့်ပါက ဒုဠဝတီမြစ်နဲ့အတူ နေဝင်ချိန်ကိုခံစားရသည်။ လူများပေမယ့် လူကြားထဲမျက်စိလည်နေတဲ့ အညိုရောင်ကတော့ Sunsetကိုမခံစားနိုင်သေးဘဲ စိုင်းမာန်ကိုရှာဖွေနေမိသည်။

"ဟေ့.... ဟိုကောင်လေး ဦးကြီးတို့ကားနဲ့လိုက်ပြန်အုံးမလား"

"အော်...မလိုက်တော့ဘူးဗျ သားသူငယ်ချင်းကိုစောင့်အုံးမယ်"

"အေးအေး...ဒါဆိုဦးကြီးတို့ပြန်ပြီနော်"

"ဟုတ်ကဲ့ဗျ"

တောင်အောက်လမ်းလေးအတိုင်း ကားလေးဆင်းသွားတော့မှ

"အစ်ကို ကျနော့သူငယ်ချင်း အရပ်မြင့်မြင့်နဲ့ အသားခပ်ညိုညိုကိုတွေ့မိလား မသိဘူး"

"ဟုတ်‌"တစ်ယောက်ပြီးတစ်ယောက်လိုက်မေးနေသော်လည်း အဖြေကတော့

"မတွေ့ဘူး"

ဟု တထေရာတည်းပင် ပြန်ဖြေကြသည်။

စိုင်းမာန်ဘာဖြစ်နေပါလိမ့်!

တောင်တက်လမ်းမှာ တစ်ခုခုဖြစ်လို့လား!

ငါ့ကိုရှာနေတာလား!

ငါ့ကိုများထားခဲ့တာလား!

ဒါဆိုငါဘယ်မာနေရမလဲ!

မေးခွန်းပေါင်းစုံဖြင့် တွေးလိုက်မေးလိုက်လုပ်နေရာ နေဝင်သွားပြီး အမှောင်ခွင်းလာလေသည်။လူတွေလဲ တဖြည်းဖြည်းပါးလာသည်။

"ဒီသစ်ပင်အောက်မှာပဲ ထိုင်စောင့်တော့မယ်"

ဟုစိတ်ပိုင်းဖြတ်လိုက်ပြီး ဒူးဖက်ပြီး ထိုင်နေလိုက်ပေမယ့် စိတ်ထဲမှာတော့ ကြောက်နေမိသည်။

….................................................................

"ကဲ လူနာက ၅ချက်လောက်တော့ချူပ်ရမယ်နော်"

သီပေါ ဆေးခန်းတွင်ဖြစ်သည်။ ရသမေ အလုပ်ပြီးလို့ သိမ်တောင်လိုက်လာရာ လမ်းမှာ မတော်တဆ ဆိုင်ကယ်ချင်းတိုက်မိပြီး ရသမေရဲ့ ခြေသလုံး ပြဲသွားခြင်းဖြစ်သည်။ ရသမေမှာ နာကျင်လွန်း၍ မျက်နှာတရှုံ့ရှုံ့ဖြစ်နေသည်။ ဆရာဝန်ကချူပ်ရမယ်ဆိုတော့ ရသ ခန္ဓာကိုယ်တသိမ့်သိမ့်တုန်လာပြီး ငိုသံတွေဆွတ်လာသည်။

My lovely straight boy (Completed)Where stories live. Discover now