Part-15

15.6K 1.3K 7
                                    

Unicode.............

"ဟာ ဟေ့ကောင် မင်းဒီနေ့အစောကြီးနိုးနေပါလား"

စိုင်းမာန်အ‌ပေါ်ထပ်ကနေ ဆင်းလာ‌တော့
ဧည့်ခန်းမှာ မဲ့ နဲ့ ပန်းအိုးထိုးကူ‌နေတဲ့ အညိုရောင်ကိုမြင်တော့  လှေကားကနေအော်ပြောလိုက်သည်။

"အင်း လပြည့်နေ့ကစောစောထရတာမသိဘူးလား"

တကယ်တော့ ညိုရောင်တစ်ညလုံး အိပ်မပျော်တပျော်ဖြစ်နေတာကိုယ့်ကိုကိုယ် အသိဆုံး။

"အမယ်လေး သားညိုရယ် အိုက်စိုင်းတို့များစောစောထဖို့မပြောနဲ့ လပြည့်လကွယ်မသိပါဘူးကွယ်"

"ဟာ မဲ့တို့တော့ ပွားပြီဗျာ သားက တန်ခူးလပြည့်တော့မမေ့ပါဘူးဗျာ"

ပြောချင်တာပြောပြီး မဲ့ဘေးမှာဝင်ထိုင်လိုက်သည်။

"ဘယ်မေ့မလဲ တန်ခူးလပြည့်တော့ သင်္ကြန်လည်ချင်တာကိုး
လူကဖြင့်အသက်တောင်မပြည့်သေးဘူး
ဟိုလည်ဒီလည်နဲ့ "

"ဟာ မဲ့ကလည်း သားကလည်ပဲလည်တာလေ ။ဘယ်မိန်းခလေးမှလိုက်ပိုးနေတာမဟုတ်ဘူး"

"ပိုးကြည့်လိုက်လေ
မဲ့တို့က ချက်ချင်းတောင်ပေးစားပစ်လိုက်မှာ သမီးလိုချင်တာနဲ့အတော်ပဲ"

ဒေါ်နန်းမမကျော် သားဖြစ်သူကို ပြုံးစစပြန်ပြောတော့ မာန်က မဲ့ရဲ့ လက်မောင်းမှာ တင်ထားတဲ့ လက်ကိုဖြုတ်ချလိုက်ပြီး ခေါင်းငုံ့နေတဲ့ ညိုရောင်ကို တစ်ချက်လှမ်းကြည့်ကာ

"ဟာဗျာ မဲ့တို့ကို နားကိုမလည်တော့ဘူး"

ဘုဆတ်ဆတ်ပြောပြီး ထထွက်သွားမယ့် အိုက်စိုင်းကို မဲ့က

"ဟဲ့ အိုက်စိုင်း ဘယ်သွားမလို့လဲ မနက်စာမစားသေးဘဲနဲ့"

"သား ရသတို့အိမ်သွားမလို့ အဲ့မှာပဲ တစ်ခါတည်းစားလိုက်တော့မယ်"

ရသလို့ကြားမှ ညိုရောင်ခေါင်းထောင်လာကာ

"ငါလဲလိုက်ချင်တယ် စိုင်းမာန်"

"ဟုတ်သားပဲ သားညိုကိုလဲ ခေါ်သွားလိုက်လေ"

"လိုက်ချင်ရင် နောက်ကလိုက်ခဲ့လေ ဘာလုပ်နေတာလဲ"

My lovely straight boy (Completed)Hikayelerin yaşadığı yer. Şimdi keşfedin