Part-41

13.4K 1.1K 28
                                    

Unicode.........

"မိုးကလည်းမရွာဘူးကွာ...ရာသီဥတုက ပူလိုက်တာ။
ဟူး ......"

ချမ်းတဲ့အချိန်ဆို နွေးသွားအောင် လုပ်ရတာလွယ်ပေမယ့် ပူတဲ့အချိန်ကို သိပ်မုန်းတာပဲ။
မိုးရာသီပဲဝင်တော့မှာကို မိုးကမရွာဘူး။
ပူပူပြင်းပြင်းနဲ့မို့ စာကျက်ချင်စိတ်လဲမရှိဘဲ ရှင်းလေး Physicsတွေပဲ ထိုင်တွက်နေလိုက်တယ်။

"ပူတယ်လို့လား?"

ဘေးနားလာရပ်ပြီး ပြောလိုက်တဲ့သူက ဆောင်းလေ့မရှိတဲ့ ဦးထုပ်အနက်ရောင်။စွပ်ကျယ်အဖြူရောင်ခပ်ပွပွနဲ့ ဘောင်းဘီအနက်ရောင်ခပ်တိုတိုဝတ်ထားတဲ့ အဘိုးကြီးဖြစ်နေတယ်။သူဒီလိုဝတ်ထားတော့ ဆရာဝန်တစ်ယောက်နဲ့မတူဘဲ လူငယ်ဆန်နေပြန်ရော။
လူငယ်ဆန်တယ်ဆိုပေမယ့် ကျနော့လို ကလေးဆန်တာလဲမဟုတ်ဘူး။
စွပ်ကျယ်ဝတ်ထားတော့ လက်မောင်းတုတ်တုတ်ကြီးနဲ့ ခြေသလုံးကြွက်သားက မွေးညင်းတွေ အတိုင်းသားမြင်နေရတယ်။ကျနော့မှာ ဘာလို့သူ့လိုယောက်ျားဆန်ဆန်တွေမရှိတာလဲ။
သူ့ကိုကြည့်ပြီးမှ လူကရင်ပိုပူလာသလိုလို။

"ကောင်လေး!"

အကြည့်မပျက်တဲ့ ကျနော့ မျက်စိတွေရှေ့ကို သူ့လက်ဖဝါးတစ်ဖက်က ရမ်းပြလာတယ်။
ရှင်းလေးသတိဝင်လာပြီး

"ခင်ဗျား...ဘယ်လိုရောက်လာတာလဲ!"

သူကမျက်ခုံးတစ်ဖက်ပင့်ပြလိုက်ပြီးမှ

"ဒီလိုပါပဲ....ဦးမွေးထားတဲ့ခလေးတစ်ယောက်ရှိသေးမှန်း သတိရလို့"

"ကျနော့ကိုမွေးစရာမလိုဘူး။ခင်ဗျားဟိုနေ့က ပြောထားတာတွေလည်း ကျနော်တစ်ခုမှသဘောမတူဘူး"

"မင်းသဘောမတူပေမယ့် မင်းအိမ်ကသိရင်တော့ ဒါကိုလိုက်လျောခိုင်းမှာပဲ"

သူကယုံကြည်ချက်အပြည့်နဲ့ပြောလာတယ်။

"ဒီမှာ...ခင်ဗျားကျနော့ကိုဒီလိုတွေလုပ်ထားမှန်းသိရင် ကျနော့အိမ်ကခင်‌ဗျားကို ခွင့်လွတ်မှာမဟုတ်ဘူး။
ပြီးတော့ ယောက်ျားလေးချင်း လက်ထပ်တာကိုလည်း အားပေးတဲ့ အိမ်မဟုတ်ဘူးဗျ"

"ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားပြီးဖျောင်းဖျရမှာက ဦးတာဝန်ပဲလေ"

My lovely straight boy (Completed)Where stories live. Discover now