Part-10

16.6K 1.4K 5
                                    

Unicode................

"သတင်းကျွတ်ကျောင်းပိတ်ရက်ကြီးတောင် ဘာလိုလိုနဲ့ရောက်လာပြီ... ခွဲရတော့မှာပေါ့နော် ညိုရောင်"

"11ရက်ပဲကို ပြန်မတွေ့တော့တဲ့ပုံနဲ့ပြောမနေနဲ့ ရသ"

စိုင်းမာန်ဝင့်ထည် ငေါက်လိုက်တော့ ရသမေက နှုတ်ခမ်းစူလျက်

"ဟယ်..! ငါမှာသူငယ်ချင်းသံယောဇဉ်ရှိတယ်ဟဲ့ ..နင်နားမလည်ပဲနဲ့။ ညိုရောင်က ငါ့ကိုစာကူကြည့်ပေးထားတာ"

"ငါလဲ ကူပေးတယ်လေ"

"တစ်ပုဒ်နှစ်ပုဒ်ကိုများ ဟွန့်"

အညိုရောင်အလယ်ကနေ ဟိုဘက်မော့ကြည့် ဒီဘက်မော့ကြည့်နဲ့ မျက်စိနောက်လာတော့မှ

"တော်တော့ တော်တော့...! ကျောင်းဖွင့်ရင်ပြန်တွေ့ကြတာပေါ့...နော်... ရသ"

"အင်းပါ ကျောင်းပိတ်ရက် နင်ဘာတွေလုပ်နေမှာလဲဟင်"

"ငါလား ဒီလိုပါပဲ အိမ်တွင်းပုန်းပေါ့
တစ်ခါတစ်လေ လမ်းလျှောက်ထွက် ဒီလောက်ပါပဲ"

"ဟင်း အာ့ဆို ပျင်းစရာကြီးဖြစ်နေမှာပေါ့"

"မင်းတို့ရော ပျင်းစရာမကောင်းဘူးလား"

"ပျင်းပါဘူး ငါတို့သီပေါမှာ ပျော်စရာကြီး"

"မင်းတို့ မနက်ဖြန်ချက်ချင်းပြန်တော့မှာပေါ့ ဟုတ်လား"

"အင်း ညနေလားမနက်လားတော့မသိသေးဘူး"

"ကျောင်းလေး ၁၁ရက်ပိတ်တာကိုနှုတ်ဆက်လို့ပြီးအုံးမှာလား"

စိုင်းမာန်မနေနိုင်မထိုင်နိုင် ဝင်ပြောလိုက်သည်။
ရသမေ ပိုကိုပိုတယ်။ ဒါတောင် သူငယ်ချင်းအဆင့်မှာမို့လို့။

"အော် ငါသိပြီ ညိုရောင်... နင်ငါတို့သီပေါလိုက်လည်လေ
မရောက်ဖူးဘူးမလား"

"ငါ ငါလိုက်လို့ရလို့လား"

"မရဘူး ...ဖတ် ...အာ့"

ရသမေရဲ့ရိုက်ချက်ကြောင့် စိုင်းမာန်အသံပင် တိန်ဝင်သွားပြီး

"ရတာပေါ့ ညိုရောင် အိမ်ကိုခွင့်တောင်းကြည့်လေ"

"အင်း ဒီညမေးကြည့်မယ်။ လိုက်လို့ရရင် ငါမနက်ဖြန်အဆောင်လာခဲ့မယ်နော် ရသ"

My lovely straight boy (Completed)Where stories live. Discover now