Part-44

13.2K 1.1K 25
                                    

Unicode...........

"အင်း.....ကြပ်လိုက်တာ။
ဘာကြီးလဲ!!"

ကျင်းကြပ်တဲ့ခံစားချက်ကြောင့် မျက်စိဖွင့်ကြည့်လိုက်တော့
ကျနော့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ လက်မောင်းတစ်ဖက်။
ကျနော်ရင်းနှီးနေတဲ့အငွေ့အသက်ဆိုပေမယ့် အခန်းသွင်ပြင်က ကျနော်ထင်တဲ့အခန်းမဟုတ်သလိုပဲ။
ကျနော့ကိုဖက်ထားတဲ့ လက်ကဘယ်သူလဲသိဖို့ နောက်ကိုလှည့်လိုက်တော့ ထိုလူကြီးရဲ့ အသက်ရှူလေက မျက်နှာကိုရိုက်ခတ်သွားတယ်။

"အား....အဘိုးကြီး!!!!"

ကျနော်အော်ပြီး ထထိုင်တယ်။

"ငါဘယ်လို ဒီရောက်နေတာလဲ"

လူကြီးက မျက်ခွံတွေပွတ်သပ်ပြီး ထလာတယ်။

"ဘာလို့အစောကြီး ထအော်နေတာလဲ .....ခလေးရဲ့"

ကြားဖူးသမျှမှာ သူ့ရဲ့အနူးညံ့ဆုံးစကားသံပါပဲ။

"ကျနော်ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲဆိုတာအရင်ဖြေအုံး"

"ခင်ဗျားကျနော့ကို လုပ်ထားသေးတာလား"

ပြောပြောဆိုဆိုနဲ့ ကိုယ့်ကိုကိုယ်ငုံ့ကြည့်လိုက်တော့

"အားး!!
ဘာကြီးဝတ်ထားပေးတာလဲ"

ဒူးခေါင်းထိရောက်လုနီးနီးရှည်တဲ့ အနက်ရောင်ရှပ်ကြီးဖြစ်နေပြီးတော့ ကျနော်ဝတ်ထားတဲ့ ဂျင်းဘောင်းဘီလဲမရှိတော့ဘူး။

"ခဏလေး...စိတ်အေးအေးထားပါ။
ဦးရှင်းပြပါ့မယ်"

သူကကျနော့မျက်နှာကို သူ့ဘက်ဆွဲလှည့်ပြီး ရှင်းပြတယ်။

"မနေ့ညက ဦးသားကိုလိုက်ရှာနေရတာလေ။
ကာရာအိုကေဆိုင်မှာ အရက်သောက်နေကြတာ ဦးမြင်လို့ဆွဲခေါ်လာတာ"

" ဘာလို့အိမ်ကိုခေါ်မပြန်တာလဲ!"

"သားကိုကြီးကို သိစေချင်လို့လား"

ကျနော်အသံတိတ်နေလိုက်တယ်။ လူကြီးကဆက်ပြောလာတယ်။

"ဦးအခန်းထိ သယ်လာရတာနော်။
ပြီးတော့ သူများလက်မောင်းပေါ်လဲ ဖိအိပ်သေးတယ်။
အားး...လက်မောင်းတွေကျဉ်နေပြီ"

My lovely straight boy (Completed)Where stories live. Discover now