Part-48

13K 1K 40
                                    

Unicode........

"ဟူး!!စာလုပ်ရတာလဲ စိတ်မပါတော့ဘူး။"

လုပ်လက်စစာတွေကို ပစ်ထားပြီး ကုတင်ပေါ် ပစ်လှဲလိုက်တယ်။ဒီနေ့နဲ့ဆို အဘိုးကြီးအဆက်အသွယ်မလုပ်လာတာ ၇ရက်မြောက်နေ့ပဲ။
ပြောတော့ မန္တလေးပြန်ရောက်ရင် လာချော့မယ့်ပုံနဲ့။
အခုထိပေါ်မလာဘူး။
အဆင်ရောပြေရဲ့လားမသိဘူး။

"ငါဘာတွေစိတ်ပူနေတာလဲ!!
ငါဘဲနင်ထုတ်လိုက်ပြီးတော့......"

ဒီအဘိုးကြီးကတော့ တော်တော်ရက်စက်တာပဲ။
ခံစားချက်မရှိဘူးလို့ ဘယ်လောက်ပြောပြော ခင်လို့ရသေးတာကို။လူကိုစိတ်ပူအောင်လို့။

"IGမှာများ ပုံတွေဘာတွေတင်သေးလားသိဘူး"

အိပ်ရာဘေးက ဖုန်းကို အမြန်ဆွဲယူကြည့်လိုက်သည်။
ဦးကလွန်ခဲ့တဲ့ သုံးရက်က IGမှာပုံတင်ထားတယ်။ဒါပေမယ့် နောက်ကျောပဲ။ ဒီနောက်ကျောက ကျနော်အမြဲငေးမောခဲ့ရတာ အရာတစ်ခုပါပဲ။ကျနော်တို့နှစ်ယောက်က အမြဲကျောခိုင်းနေရတာမို့။Captionက..... ...

{...👶Kid break my heart💔..... }

📲တီ_တီ_တီ

"ဟင်!!
အဘိုးကြီး v callခေါ်နေတာပဲ"

ရှင်းလေး လက်က ခပ်မြန်မြန်ပဲ Acceptကိုနှိပ်လိုက်တယ်။
Screenမှာ ပေါ်လာတဲ့ အဘိုးကြီး မျက်နှာက ပြုံးဖြီးနေတယ်။ဒီမှာ လူက စိတ်တိုနေတာကို။

"ခင်ဗျား ဘာလို့ခေါ်တာလဲ!!
ကျနော် စာလုပ်ရမှာ....မအားဘူး"

"ဦးကို မလွမ်းဘူးလား ခလေး..."

မျော်လင့်တကြီးမေးလာတဲ့ ခင်ဗျားကို ကျနော်ဘယ်လို သင့်တော်အောင်ဖြေပေးရမလဲ။

".........."

"ပြန်မဖြေဘူးဆိုတော့ ခလေးလဲ လွမ်းတယ်မလား?
ခလေးစိတ်ဆိုးပြေအောင် ဦးခဏလွတ်ထားရုံပါ။
မဟုတ်ရင် ခလေးက ဦးကို အမြဲအော်လွတ်နေမှာလေ။
အခုလိုငြိမ်နေတော့ ကောင်းတာပေါ့။
ခလေးလည်း ဦးကို ချစ်ရဲ့သားနဲ့ကွာ"

"ကျနော် ခင်ဗျားကြီးကို မချစ်ဘူးလို့ပြောပြီးပြီလေ။
ခင်ဗျားကို ကျနော်က ခင်မင်ဖူးတဲ့လူတစ်ယောက်လိုပဲ ဆက်ဆံချင်တာ"

My lovely straight boy (Completed)Where stories live. Discover now