Part 33

177 6 0
                                    

ညီတစ်ယောက်ကတော့ သူဆေးရုံပေါ်မှာနေရတာကို ကြိုက်ပုံမပေါ်ပါဘူး...
သူနိုးလာရင် အိမ်ပြန်မယ်ဆိုတာချည်းပဲပြောပြောနေတတ်တယ်....
ကျနော်ကလည်း အတင်းချော့မော့ပြီး ဆေးရုံမှာပဲထားချင်တယ်လေ....
ညီ့အခြေအနေကိုသိရဲ့သားနဲ့ ကျနော်သူ့ကို အလိုမလိုက်ချင်ဘူး...
အိမ်ပြန်မခေါ်သွားချင်ဘူး........
.
.

''''အစ်ကို...''''

''''အင်း..ညီလေး..''''

''''ကျနော်အိမ်ပြန်ချင်တယ်..''''

''''ပြန်လို့မရသေးဘူးလေညီရဲ့...ညီလေးနေကောင်းအောင်လုပ်ရဦးမယ်လေ..''''

''''ကျနော် ဒီမှာမနေချင်ဘူး..ကျနော်ဆေးနံ့တွေမခံနိုင်ဘူးဗျာ...''''

''''ညီလေးပြန်ချင်ရင် မြန်မြန်နေကောင်းအောင်လုပ်ရမှာပေါ့ညီရဲ့..''''

''''ဒါပေမယ့်...ကျနော်ပြန်မကောင်းနိုင်တာ ခင်ဗျားသိပါတယ်..''''

''''ညီရယ်...ဘာလို့ဒီလိုပြောရတာလဲ?ကိုယ်ညီ့ကို အစွမ်းကုန်စောင့်ရှောက်မှာပါကွာ..''''

''''ဒါပေမယ့်..ကျနော့်ရောဂါက ကုလို့မရတော့ဘူးလေ..''''

''''တော်ပြီညီလေး...ကိုယ်ရအောင်ကုခိုင်းမှာ...ညီအသက်ရှင်နေသရွေ့ ညီ့ကုသမှုက မျှော်လင့်ချက်ရှိပါသေးတယ်ကွာ....''''

''''မျှော်လင့်ချက်က ၁ရာခိုင်နှုန်းလောက်ပဲဆိုရင်ရော?''''

''''ဒါဆို အဲဒီ ၁ ရာခိုင်နှုန်းကို ကိုယ်လက်မလွတ်ပဲဆုပ်ကိုင်ထားဦးမှာ...''''

''''ကျနော့်ကို ပစ်ထားခဲ့တာ ခင်ဗျားအတွက်ပိုကောင်းမှာပါ..''''

''''ဘာတွေပြောနေတာလဲ ညီရဲ့...ညီ့ကိုကိုယ်က ဘယ်တော့မှပစ်မသွားပါဘူး...အဲဒီအစား ကိုယ် ညီ့ကို တစ်ခုတောင်းဆိုလို့ရမလား?''''

''''ဘာလဲဟင်..''''

''''ညီလည်း ကိုယ့်ကိုပစ်မသွားပါနဲ့နော်....ကျေးဇူးပြုပြီး ကိုယ့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့နော် ညီ..''''

''''ဒါကတော့ ကျနော်အာမခံ နိုင်တဲ့အရာမဟုတ်ဘူးလေဗျာ...''''

''''ညီဆန္ဒရှိရင်ရပါတယ်ညီရဲ့...''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now