Part 16

203 6 0
                                    

If you need a soundtrack,
listen WHY NOT ME !

ကျနော့် သတ္တိတွေအတွက်
ဘာဆက်ဖြစ်မလဲ ကျနော်မသိပေမယ့်...
ဒီလိုခံစားချက်ကို ကျနော် မစွန့်ခွာနိုင်ပဲ သူပေးသမျှ အကုန်သိမ်းကြုံးယူနေမိတယ်..
ဘေးမှာလည်း ကင်မရာမီးတဖျတ်ဖျတ်နဲ့ ဝိုင်းနေတဲ့ လူအုပ်ကြီး...
အခုလောက်ဆို ကျနော်နဲ့ ကိုသက်တံ့ ရဲ့ပုံတွေ Online mediaတွေပေါ်တောင် ရောက်နှင့်နေလောက်ပြီထင်ပါတယ်...

''''အဟမ်း...အဟမ်း..''''

ဆူးသစ္စာ ချောင်းဟန့်လိုက်မှ ကျနော်တို့ နှုတ်ခမ်းတွေ ဝေးကွာသွားကြတယ်...

''''သက်တံ့...သူ့ကို တွေ့တာကို ငါတို့ကိုလည်း ဖုန်းဆက်မပြောဘူး...ငါတို့နှစ်ယောက်ကတော့ လိုက်ရှာလိုက်ရတာ...နင်တို့ကတော့ လူလယ်ခေါင်မှာ..''''

''''ဆူး..''''

''''ဘာလဲ..ကိုကျော်ရဲ့...မဟုတ်လို့လား?ဆူးတို့က ဘယ်လောက်ပဲ HCဖြစ်ဖြစ် တစ်ခါတစ်လေလည်း စိတ်ဆိုးတတ်တယ်..''''

''''အေးပါ ဆူးရယ်...အခု ပြန်ရအောင် ...သက်တံ့ နဲ့ ညီ့ကို လွှတ်ထားပေးလိုက်ပါကွာ...လာ..ပြန်မယ်..''''

ဆူးနှင့် ကိုကျော်တို့ ၂ဦးသား လှည့်ထွက်သွားပြီးနောက်

''''ညီ...''''

''''ဗျာ..''''

''''ညီ ထွက်မသွားတော့ဘူးမလားဟင်?ပြောပါဦးကွာ''''

''''အင်း...မသွားတော့ပါဘူး..''''

''''ဒါဆို...ကိုယ်နဲ့ပဲ နေမှာပေါ့နော်..''''

မကြာခင် အသံတစ်ခုလွှမ်းမိုးသွားသည်...

''''သား K..''''

''''ဖေဖေ......(တစ်မိနစ်ခန့် နှုတ်ဆိတ်သွားပြီး)
ဟို..သား ရှင်းပြမယ်..''''

''''သားတို့က ဘ..ဘာတွေလဲ ?''''

''''ဖေဖေ....သား တောင်းပန်ပါတယ်...ဖေဖေမြင်တဲ့ အတိုင်းပါပဲ...သားတို့က..''''

''''သား...ဒီလိုဆို မဖြစ်ဘူးနော်သား...မဟုတ်သေးဘူး''''

''''ဖေဖေ လက်မခံနိုင်ဖြစ်မယ်ဆိုတာ သိပါတယ်...ဒါ့ကြောင့်သား ၆နှစ်လုံး ဘာမှ မပြောခဲ့တာပါ''''

''''သားရယ်...ဘာလို့ ဒီလိုများ''''

''''ဖေဖေ...သားကို မုန်းချင်ရင်မုန်းလိုက်ပါဗျာ...လောက သဘာဝတရားကို ဝင်မဆံ့နိုင်တဲ့ ကျနော့်ကိုသာ အပြစ်တင်လိုက်ပါတော့..''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now