Part 19

184 7 0
                                    

သက်တံ့...အစုတ်ပလုတ်ကောင်ကြီး.......မလိုက်လာနဲ့လို့ပြောတာ စိတ်ဆိုးလို့ပြောတာကို တကယ်လိုက်မလာဘူး...မသာကောင်ကြီး...သူကအဲ့မိန်းမနဲ့ပဲနေချင်နေတာ ဖြစ်မယ်...
အခုတော့ ကျနော် လမ်းဘေးမှာ တစ်ယောက်တည်း ဘာလုပ်ရမှာလဲလို့😭

မီးမှိန်မှိန်လေးသာ ရှိသည့် လမ်းဘေး ထိုင်ခုံလေးတွင် ညီလရောင် တစ်ယောက် တရှုံ့ရှုံ့ ငိုနေပေတော့သည်....

သက်တံ့ တစ်ယောက် လိုက်မလာပဲ ဘယ်လိုနေနိုင်မည်လဲ?
သက်တံ့ ပြေးရင်း လွှားရင်း ညီ ဟု တစ်လုံးတည်းသော စကားကိုသာအော်၍ ပျာယာခတ်နေသည်...
ညီလရောင်ကလည်း ဖျတ်ခနဲမြင်လိုက်သည်ထင်ရ...

''ကြည့်ဦး...ဟိုလူကြီး ပြေးလွှားနေတာ...ဟောာာ....
ခလုတ်တွေပါတိုက်နေပြီ......
ငါ့ဆီ လာနေတာပေါ့လေ...မသိချင်ယောင်ဆောင်ပစ်မယ်'''

တစ်ခဏကြာသော်..

''''ညီ....ညီ...''''

''''ဘာလဲ?''''

''''ဘာလို့ ဒီလိုပြေးသွားရတာလဲ?ကိုယ်စိတ်ပူအောင်လို့''''

''''ခင်ဗျားက ကျနော့်ကို စိတ်ပူတာလား? မဟူရာ ကို စိတ်ပူတာလား?''''

''''ညီ ထင်သလို မဟုတ်ပါဘူးဆိုကွာ...ဒါက မတော်တဆ ဖြစ်သွားတာပါ...''''

''''မတော်တဆဆိုလည်း ဘာလို့ အိပ်ခန်းထဲ ဖြစ်ရတာလဲ?''''

''''မဟူရာက ကြည့်ချင်တယ်ဆိုပြီး ဝင်သွားတော့ ကိုယ်ကတားလို့ကောင်းပါ့မလား..ညီရဲ့..'''''

''''တွေ့လား...တွေ့လား...အဲ့ဘက်ကိုပဲ ပါနေတာ..မသိဘူးကွာ....ခင်ဗျားကြီးကို မုန်းတယ်''''

''''မဟုတ်ရပါဘူး ညီရယ်....''''

''''ကျနော် ဘယ်လောက် စိတ်တိုနေတယ်ထင်လဲ?ခင်ဗျားကို အဲ့လိုမြင်လိုက်ရတာလေ ရူးတောင်ရူးချင်တယ် ...မုန်းလည်းမုန်းချင်တယ်''''

''''ဒါဆို နောက်တစ်ခါ မဖြစ်စေရဘူးနော် ..ကိုယ်ကတိပေးတယ်...''''

''''တကယ်လား?''''

''''တကယ်ပါကွာ..''''

''''ကျနော်တို့အိပ်ခန်းထဲကို ဘယ်သူ့မှ မဝင်ခိုင်းရဘူးနော်''''

''''ဟုတ်ပြီ''''

''''ယောကျ်ားလေး ဖြစ်ဖြစ်...မိန်းကလေး ဖြစ်ဖြစ်..''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now