Part - 9

3.7K 245 10
                                    

(တောင်းပန်ခြင်း - သာသာစိုင်းက ၂ရက်၃ရက်လောက်upနားမယ်လို့ပြောထားပေမယ့် ၄/၅ရက် လောက်ဖြစ်သွားပါတယ်...
ဒါကလည်း သာသာတို့ သွားတဲ့နေရာတွေက ကယားပြည်နယ်စွန်နယ်ဖျားတွေဖြစ်တာရယ်/တည်းတဲ့နေရာတွေကလည်း ဘုန်းကြီးကျောင်းတွေဖြစ်နေတော့ ဖုန်းဘက်ထရီကိစ္စဘာညာက သိပ်မဆင်မပြေလို့ သာသာအချိန်တွေကြာနေတာပါ...အဲဒါကြောင့် သာသာစိုင်း အကြာကြီးစောင့်စေမိလို့ တောင်းပန်ပါတယ်ဗျ..မနေ့က စနေနေ့ ညနေပြန်ရောက်တာနဲ့ ချက်ချင်းရေးပေးလိုက်ပါတယ်နော်..ကျေးဇူးပါဗျ )

.......*.........*.........*..........*..........*..........*........

''''သက်တံ့....မင်းရဲ့ လရောင်လေးကို ဒီနေ့တစ်နေ့လုံး မတွေ့ဘူးနော်....မင်းလိုက်မရှာကြည့်ဘူးလား?''''ငကျော်မှမေးလိုက်သည်...

''''အေးကွာ...ညီကလည်း ဘယ်သွားနေမှန်းမသိဘူး..သူ့အမေကိုလွမ်းလို့ အိမ်ပြန်သွားတာလည်း မဖြစ်နိုင်ဘူး...ဘာလို့လဲဆိုတော့ သူ့အထုပ်တွေမယူသွားဘူးကွ...လူပဲ ပျောက်သွားတာ...ပြီးတော့ စာမေးပွဲလည်း နီးနေပြီကို..''''

''''အေးကွာ...လရောင် လေးကလည်း ဘာလို့ဒီလိုလုပ်ရတာလဲ မသိဘူးနော် ....''''

ရုတ်တရက် ကန်တင်းရှိ TV မှMNTV update newsတွင် သတင်းတစ်ခု ထွက်လာသည်....

''''ယနေ့ မြန်မာစံတော်ချိန် နံနက် ၈နာရီ ၃၀မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသအတွင်းရှိ ခရီးသွားနယ်မြေတစ်ခုဖြစ်သော ဦးပိန် တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ၍ သတ်သေမှုတစ်ခုဖြစ်ပွားကြောင်းကို မတော်တဆ video မှတ်တမ်းတင်ထားသော နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦးထံမှ သိရသည်...အခင်းဖြစ်ပွားရာနေရာတွင် သက်သေ အဖြစ် ခြေနင်း တစ်စုံကိုသာ တွေ့ရသည်... သို့သော် အလောင်းအား ယခုချိန်ထိရှာမတွေ့သေးကြောင်း ကိုလည်းထပ်ဆင့်သိရသည်...''''

''''သက်တံ့.....ဟိုမှာ....ကြည့်စမ်း...အဲ...အဲ့ဒီ...ဖိနပ်က..လ...လရောင်လေးရဲ့ ဖိနပ်မလား...???ဟုတ်တယ်မလား?သေချာကြည့်စမ်းပါကွာ..''''

''''အမ်...ငကျော်ကလည်းကွာ...ဒီလို ဖိနပ်တွေက အများကြီးရှိတာပဲကို.....
မင်းငါ့ကို မနောက်ပါနဲ့...ညီက ဒီလိုလုပ်မယ့် လူမျိုးမဟုတ်ဘူးကွ....''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now