Part 27

139 6 1
                                    

(နောက်ကျသွားတယ်ဆိုတာ ကျနော်သိပါတယ်ဗျာ..
မနေ့ကတည်းက တင်ဖို့ရာ စာလုံး ၁၀၀ကျော်လောက်ကပြန်ပျက်သွားလို့ ပြန်ရေးရတာ အချိန်ကြာနေတာပါဗျာ...တောင်းပန်ပါတယ်ဗျ...Don't forget to listen the song ''Why Not Me?'' )
.
.

ကျနော့် ခြေထောက်အောက်မှာ ခြောက်သွေ့နေတဲ့ သစ်ရွက်လေးတွေ ပြည့်လျက်...

သစ်ရွက်ခြောက်လေးတွေပေါ်ကို နင်းရင်း ကျနော် တစ်စုံတစ်ရာကို အသည်းအသန် ရှာဖွေနေလေရဲ့....

တောကြီးမျက်မည်းထဲမှာ အလင်းရောင် တစ်စိုးတစ်စ နဲ့ ကျနော်ရှာဖွေနေတဲ့ အရာကိုတွေ့နိုင်ပါ့မလား?

ကျနော် ကရော ဘာကို ရှာဖွေနေတာလဲ?

ကျနော့်ဘေးမှာ မတွေ့မိတဲ့ အသက်လို ချစ်ရတဲ့ ကျနော့်ညီလေးကိုပေါ့..

'''ညီ...ဘယ်မှာလဲ...ညီ...တောထဲ လျှောက်ပြေးနေပြန်ပြီလားကွာ....
.
.
မကြာပါဘူး..ကျနော် ချစ်ရတဲ့ ညီလေးက ကျနော့်ရှေ့နားမှာ ရပ်နေပြီး ကျနော့်ကို ပြုံးပြနေလေရဲ့..
သူ့အပြုံးလေးက ဖြူစင်လိုက်တာ...

ညီ...ကိုယ့်ဆီ လာပါဦး...ညီရေ...ညီ...''''

ညီတစ်ယောက် ကျနော်အော်ခေါ်နေသည်ကို ကြားဟန်မတူ....
ကျနော် ညီ့အနားကို ပြေးသွားခဲ့ပြီး...ညီ့မျက်နှာရှေ့တည့်တည့်မှာ ကျနော်ရပ်လိုက်တယ်လေ...

''''ညီ...ကိုယ်ခေါ်တာလည်း ပြန်မထူးဘူး..ညီ..''''

ကျနော် ဆန္ဒတစ်ခုကြောင့် ညီ့လက်ကို ဆွဲကိုင်ဖို့ ကြိုးစားလိုက်ပါတယ်....
သို့ပေမယ့် ကျနော်...ညီ့လက်ကို ဆွဲကိုင်လို့မရပါ..

''''ညီ...ဒါ..ဒါ..ဘာဖြစ်တာလဲ?''''

ညီတစ်ယောက်ရဲ့ ခန္ဓာကိုယ်က လေလွင့်ရာမျောသော အငွေ့အသက်တစ်ခုလိုပဲ...ကျနော်ကိုင်တွယ်ထိတွေ့မရပါ...
ညီကတော့ ဖြူဖြူစင်စင် ပြုံးပြနေတုန်းပဲ....
ခဏအကြာမှာတော့ အဖြူရောင် အငွေ့တွေအဖြစ် သူကျနော့်ရှေ့ကနေ အပြုံးတစ်ခုနဲ့ ပျောက်ဆုံးသွားတယ်...

ကျနော့် နှလုံးသားကနေ နာကျင်စွာ အော်လိုက်မိတယ်...
ညီ...ဆိုတဲ့ နာမ်စားလေးတစ်ခုကိုပေါ့...

''''ညီရယ်...ထွက်မသွားပါနဲ့ကွာ...ကိုယ့်ဆီ..ပြန်လာပါ..''''

''''ညီ...ညီ...''''
.
.
.
''''ကိုသက်တံ့...''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Waar verhalen tot leven komen. Ontdek het nu