(အပိုင်းတို)2

1.8K 78 2
                                    

""သား...ညီသက်တံ့လေး""

""ဟုတ်..ဖေဖေ""

""ဒီနေ့ သားလေး ကျောင်းစတက်ရမှာနော်...ပျော်လား?""

""သားသား သွားချင်ဘူး..ဖေဖေနဲ့နေချင်တာ""

""သားသားမသွားချင်လို့မရဘူးလေကွာ...ကျောင်းရောက်ရင် သားသားပျော်သွားမှာပါ...မူကြိုတက်ရသလိုပဲလေ..""

""သွားချင်ဝူး...😭😭""

""သားလေးရယ်...သားသားကျောင်းသွားရင် ဖေဖေ မုန့်လုပ်ကျွေးမယ်လေ..သားသားကြိုက်တဲ့မုန့်လုပ်ပေးမယ်လေနော်""

""တကယ်လား?""

""တကယ်ပေါ့ သားလေးရယ်...ဒါဆို ကျောင်းသွားမယ်မို့လား?""

""ဟုတ်""

""သားလေးက ချစ်စရာကောင်းတယ်..ဖေဖေ့အတိုင်းပဲ..ဒါဆို ဖေဖေမှာဦးမယ်..ကျောင်းကျရင် အတန်းထဲကနေအပြင်ကို အရမ်းမထွက်နဲ့..ပြီးရင် ရန်လည်းမဖြစ်ရဘူး...ကြားလား သားလေး?""

""ဟုတ်ဖေဖေ""

""ဒါမှ ဖေဖေ့သားလေး...""

""သားကိုအခုကျောင်းကိုလိုက်ပို့လိမ့်မယ်...ညနေကျောင်းဆင်းရင်လည်း ဖေဖေပဲလာကြိုမယ်နော်..""

""ဟုတ်..""

""ကဲ..သွားကြမယ်လာ...ထမင်းဘူးရော ထည့်ပြီးပြီလား?""

""ပြီးပြီ....ဟီး..""

""မုန့်စားရမယ်လည်းပြောရော..ရုပ်ကိုက ဖြီးနေတာပဲ..ဘယ်လိုပေါက်စလေးလဲ?လာသွားစို့""
.
.
.
ဒီလိုနဲ့ ကျနော်နဲ့ သားလေးနဲ့ ၂ယောက်တည်းဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တယ် ...
သူဇာကလည်း မကြာမကြာ အိမ်ကိုလာပြီး သားနဲ့ပတ်သတ်တာ မှန်သမျှကူညီပေးရှာပါတယ်...
အခုဆိုရင် သားလေးလည်း ၇တန်းကျောင်းသားဖြစ်နေပြီလေ....
တစ်နေ့တော့...

""ကိုသက်တံ့...""

""ပြောလေ သူဇာ""

""လရောင်နဲ့ ကိုသက်တံ့ရဲ့အကြောင်းတွေကို ကလေးကို ဘာလို့မပြောပြတာလဲ?တစ်ချိန်ချိန်ကျရင်လည်း သိသွားမှာပဲ မဟုတ်လား? သူကရိုးရိုးတန်းတန်းမိခင်မရှိဘူးလို့ပဲထင်နေတာ...""

""သူဇာရယ်..ကိုယ်တို့ လူကြီးတွေတောင် ဒီလိုကိစ္စတွေရဲ့ အစမှာ သေလောက်အောင်ခံစားရတာပဲလေကွာ..သားလေးက ငယ်သေးတယ်..သူဒါတွေကို လက်ခံနိုင်မှာ မဟုတ်သေးဘူး...အချိန်တစ်ခုကို စောင့်နေလိုက်တာ ပိုကောင်းမလားလို့""

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now