Part - 34

1.9K 121 19
                                    

ကြယ်ဆိုတာ ကြွေမှာပဲလို့ ကျနော်ပြောဖူးတယ်...
လမင်းကြီးကတော့ ထိန်မြဲထိန်နေမှာပဲဗျ...
ဒါပေမယ့် ကျနော်တို့က နေမင်းကြီးကို မေ့နေကြတယ်..
နေမင်းဆိုတာပေါ်လာရင် ကြယ်တင်မက..လမင်းကပါ ပျောက်ကွယ်သွားရတယ်မဟုတ်လားဗျာ....
.
.
.
ညီတစ်ယောက် အိပ်နေရာက နိုးမလာသေး၍ တုတ်တုတ်မှမလှုပ်..

ခါတိုင်း ညီတစ်ယောက် နေ့မြင့်အောင် မအိပ်ပေ...
ယခုမူ နံနက် ၉နာရီ တောင်ထိုးပြီးသွားချေပြီ...
မဖြစ်ချေ၍...ကျနော် လှုပ်နှိုးရန် ပြင်လိုက်သည်....

''''ညီ....''''

ညီတစ်ယောက် မလှုပ်...

''''ညီရေ...ညီ...ထတော့ကွာ...ဆေးသောက်ချိန်ကျော်သွားလိမ့်မယ်..''''

ညီတစ်ယောက်ကတော့ ငြိမ်သက်ဆဲ...

ကျနော် ခဏတာ တွေဝေမိသွားသည်...
ညီတစ်ယောက် မနိုးပေ...
ကျနော်အနည်းငယ် အသက်ရှူရခက်သွားသည်...
ထို့နောက် အသက်ကို ပုံမှန်ရှုလိုက်ပြီး နောက်တစ်ခေါက်နှိုးကြည့်သည်...

''''ညီ...ညီလေး...ညီလေး..ထတော့ကွာနော်..''''

ကျနော် ခေါင်းတွင်မှိုက်ခနဲ ဖြစ်သွားသည်...
ညီများကျနော့်ကိုထားသွားပြီလားဟူသော အတွေးတစ်စက တူနဲ့ရိုက်သွင်းသလို ဒိန်းကနဲ ခေါင်းထဲဝင်လာသည်...
ရင်ဘတ်ထဲက စူးကနဲ အောင့်သက်သက် ဖြစ်သွားသည်...
ထို့နောက် ကျနော် ညီ့ကို အသားကုန်နှိုးပေတော့သည်..

''''ညီ...ညီ...ထပါတော့ကွာ..မိုးလင်းနေပြီ...ညီဆေးသောက်ရဦးမှာလေကွာ...ညီလေး...ညီလေး...''''

အတော်အတန်နှိုးသော်လည်း ညီမနိုးပေ...
အလုပ်မဖြစ်..ဆရာဝန်ကိုခေါ်ရပေမည်...
ကျနော် အခန်းထဲမှ အပြင်သို့ ကျယ်နိုင်သမျှကျယ်အောင်အော်လိုက်သည်..

''''ဒေါက်တာ...ဒေါက်တာ...ဒီကို လာကြည့်..ပေးပါဦးဗျာ..ဒေါက်တာ ...''''

ကျနော်ညီ့ကုတင်ဘေးမှ ထွက်ခွာမည်အလုပ်...
ရုတ်တရက်...

ကျနော့်လက်ကောက်ဝတ်တွင် သေးသွယ်သွယ်အရာတစ်ခု...

ထိုအရာသည်..တခြားမဟုတ်...
ညီလရောင်၏ ဖြူဖျော့ဖျော့လက်ချောင်းသွယ်လေးများပင်

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now