Part 18

181 7 0
                                    

(စာဖတ်သူတို့ ဖတ်ပြီးတဲ့အခါ...commentsလေးတွေလည်း ပေးခဲ့ကြပါ...commentမပေးကြတော့လေ..ကောင်းမကောင်းမသိတော့ ရေးရတာ အဆင်မပြေပါဘူးဗျ...ဟီး...ကောင်းတယ်ဆိုရင်လည်းဆက်ကြိုးစားရအောင် မကောင်းဘူးဆိုလည်း ပြင်ဆင်ခွင့်ရအောင်လို့ပါဗျ❤luvUAll)
.......

''''ကိုသက်တံ့ ..''''

''''ဗျာ..''''

''''ကျနော် ဒီနေ့ အလုပ်သွားရှာမယ်နော်''''

''''ဘယ်မှာလဲ ညီ?''''

''''BlueSky Fashion companyမှာပါ''''

''''ညီက designerလုပ်ချင်လို့လား?''''

''''အင်း...ဒီနေ့ ဝန်ထမ်းရွေးချယ်ပွဲရှိတယ်တဲ့...designer skill show လုပ်နေတယ်ထင်တယ်..ကျနော် ဝင်ပြိုင်ကြည့်မလားလို့ပါ''''

''''အာ့ဆိုလည်း လုပ်လေ...ကိုယ်လည်း ဒီနေ့အလုပ်သွားရှာမယ်..''''

''''ခင်ဗျားကရော ဘယ်ကို သွားရှာမှာလဲ?''''

''''ကိုယ်ကတော့ ဒီနားက hotelတွေမှာ ရှာလိုက်လို့ဖြစ်ပါတယ်..''''

''''ခင်ဗျားကို ကြည့်ရတာ သိပ်မလန်းသလိုပဲ''''

''''ကိုယ်က ညီနဲ့ တစ်လမ်းစီ သွားရမှာလေ...အလုပ်ချင်းလည်းတူတာမှ မဟုတ်တာ''''

''''အဲ့တော့..''''

''''အဲ့တော့ စိတ်ပူတာပေါ့လို့''''

''''စိတ်မပူပါနဲ့ဗျာ...'''''

''''စိတ်မပူလို့ရမလား ညီရဲ့...ညီက တစ်ယောက်တည်းနေတတ်လို့လား?လူလည်းကြောက်တယ်မဟုတ်ဘူးလား?စကားပြောရမှာလည်း ကြောက်တယ်မလား? ကိုယ်မရှိရင်ရော ရပါ့မလား?''''

''''ကိုသက်တံ့...ကျနော် အများကြီးစဉ်းစားပြီးပါပြီ...ကျနော် သတ္တိရှိအောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်ဗျာ...ပြီးတော့ လေယာဉ်ကွင်းမှာတောင် ကျနော်သတ္တိရှိခဲ့တာပဲမလား?အဲ့ထက်ခက်တာတော့ မရှိလောက်တော့ပါဘူး''''

''''ဟုတ်ပါပြီ...ညီရယ်...ကိုယ့်ညီလေးကိုယုံတယ်..ကိုယ်တို့တွေ အကောင်းဆုံး လုပ်ကြမယ်''''

''''Omm..''''

''''လာ...ကိုယ်မင်းကို companyအရောင် လိုက်ပို့ပေးမယ်''''

''''ဟုတ်...''''
.
.
.
BLUESKY FASHION COMPANY

''''ညီ..ရောက်ပြီ....ပြန်လာချင်တယ်ဆိုရင် ဖုန်းဆက်လိုက်နော်ညီ...ကိုယ်တို့က ဒီနေ့ဒီနေ့အလုပ်ရခဲ့ရင်တောင် ချက်ချင်းတော့ အလုပ်ဆင်းရဦးမှာ မဟုတ်ဘူးလေ..''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now