5:00 AM (နံနက်အစောပိုင်းခွဲစိတ်ကုသမှုပြီးစီး၍ နာလန်ထူစ)
''''ညီ...''''
ညီဟုတစ်ခွန်းတည်းသာ ခေါ်ပြီး ဟိုဘက်လှည့်ကြည့်လိုက် ဒီဘက်လှည့်ကြည့်လိုက် ထလိုက်ထိုင်လိုက်ဖြင့် အလုပ်ရှုပ်နေသော သက်တံ့တစ်ယောက်....
''''ညီ....''''
''''ပြောလေဗျာ..ခဏခဏ ခေါ်နေတော့မှာလား?''''
''''ညီ နေလို့ကောင်းရဲ့လား?''''
''''ကောင်းပါတယ်....''''
''''တကယ်လား?'''
''''တကယ်ပါ..ဘာလို့လဲဗျ''''
''''ဘာမှ မဟုတ်ပါဘူး..ဒီလိုပဲ ကိုယ်ရင်ထဲမကောင်းလို့''''
''''ဩော်...ကျနော်နေကောင်းပါတယ်..''''
''''အင်းပါ...ဒါဆိုလည်း ကိုယ်စိတ်ချရပါပြီ...''''
''''ဒီနေ့ ကျနော် ဆေးရုံဆင်းရမှာဆို?''''
''''အင်း..ညီ..ပျော်နေတာမလား?''''
''''အိမ်ပြန်ရမှာကို မပျော်တဲ့သူရှိလို့လား?''''
''''ညီက အရမ်းပြန်ချင်နေလို့လေ..ဆရာဝန်တွေကလည်း အခုချိန် ညီစိတ်ချမ်းသာဖို့အရေးကြီးတယ်ဆိုလို့...တကယ်ဆို ကိုယ်က ပြန်စေချင်တာမဟုတ်ဘူး...''''
''''ကိုသက်တံ့ကလည်းဗျာ...ကျနော်ပြန်တောင်ကောင်းရင်ကောင်းလာဦးမှာပါဗျ..''''
''''ဟုတ်ပါပြီကွာ...ဒါဆို ပြန်မယ်...ထ''''
''''အင်္ကျီလဲဖို့ရော?''''
''''ကိုယ်အဆင်သင့်ယူလာပါတယ်ခင်ဗျာ...ဟင်းဟင်း''''
''''ကျေးဇူးပါ...''''
လရောင်တစ်ယောက် အင်္ကျီလဲရင်း ခေါင်းအုံးအောက်ကစာစောင်လေးကို ယူ၍ အဝတ်အိတ်ထဲထည့်ထားလိုက်သည်...
''''ညီ...''''
''''ဗျာ...''''
''''အိမ်ပြန်ရောက်ရင် ဘာလုပ်မယ်စဉ်းစားထားလဲ?''''
''''ခင်ဗျားနဲ့အတူနေမယ်လေ...''''
''''ကိုယ်နဲ့ကတော့ အမြဲအတူနေရမှာပဲလေညီရဲ့ ...ကိုယ်ပြောချင်တာက ညီဘယ်သွားချင်လဲ..ဘာစားချင်လဲ...ဘာလုပ်ချင်လဲ အဲဒါမျိုးကိုမေးတာ..''''
![](https://img.wattpad.com/cover/126535920-288-k585699.jpg)
VOCÊ ESTÁ LENDO
The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)
RomanceBoy×Boy (OC) သူခံစားနေရတာတွေကို ကူညီဖြေဖျောက်ပေးနိုင်ဖို့ ကျနော်သူ့ရဲ့ ကိုယ်ပိုင် painkillerဖြစ်ချင်တယ်.. နွေဦးသက်တံ့ Both Zawgyi and Unicode Versions are available ! Unicode Versions episodes are com...