(အပိုင်းတို)

1.6K 96 14
                                    

(ဒီနေ့ရှေ့မှာ part - 35တင်ပေးထားပါတယ်ဗျ....မဖတ်မိမှာစိုးလို့ပါ😁)

...........×..............×..............×.............×..........

''''ဗျာ.....ကိုသက်တံ့ ကားတိုက်ခံရလို့ ဟုတ်လား?သူဘယ်မှာလဲ?သူအခုဘယ်မှာလဲဗျာ?''''

''''ညီလေးလရောင် စိတ်ထိန်း..အရမ်းစိတ်မလှုပ်ရှားနဲ့ သူအခုဒီမှာရှိတယ်...ခုနက လူနာတင်ကားက သူပဲ..လာ...ကိုယ်တို့လိုက်သွားမယ်...''''

၂ယောက်သားပြေးလိုက်သွားကြကာ....

လရောင်လေးမှာ ကပျာကယာဖြင့်ပြေးရင်း သက်တံ့ကို တင်ထားရာ အရေးပေါ်ဆေးကုတင်သို့ ရောက်လာသည်...
သက်တံ့ကို ဘေးမှ သူနာပြုများက ဝိုင်းဝန်း၍ ဆေးသိပ်ကုသ ပေးနေကြသည်...

ကုတင်ပေါ်တွင်လှဲနေသော သက်တံ့ကို မြင်သောအခါ သက်တံ့၏ လက်ကိုပြေးကိုင်ရင်း

''''ကိုသက်တံ့...ကိုသက်တံ့...ကျနော်လာပြီ...မျက်လုံးဖွင့်ပါဦးဗျာ..''''

သက်တံ့၏ခေါင်းတွင်လည်း သွေးထွက်နေသေးသည်....

''''ကို သက်တံ့...မျက်လုံးဖွင့်ပါဦးဗျာ..ကျနော့်ကို ဒီလိုထားခဲ့လို့မရဘူးလေဗျာ😭..''''

''''ညီ..''''

သက်တံ့ မျက်လုံးကို မပွင့်တပွင့်ဖွင့်ရင်း...

''''ကိုသက်တံ့...အရမ်းနာနေလားဗျ😢?''''

''''မနာပါဘူးညီရယ်..''''

''''ဒီလောက်သွေးတွေထွက်နေတာ မနာဘူးဆိုတော့ ခင်ဗျားရူးနေတာပဲ..''''

''''ညီလေး ဘေးမှာရှိနေတာ ကိုယ်က ဘာကိုနာကျင်ရဦးမှာလဲ?''''

''''ကျနော့်ကို စက်ဘီးတင်စီးမှာဆို?အခုတော့😢😭''''

''''ဩော်...ညီကလည်း...ကိုယ်မသေသေးပါဘူးကွာ..အသက်ရှင်နေပါသေးတယ်..''''

''''ခင်ဗျားဘာလို့ ဂရုမစိုက်ရတာလဲ ?ဒီလိုနဲ့ ကျနော်ပဲထားခဲ့ခံရမှာမို့လား😢?''''

''''ကြည့်...ကလေးက ငိုနေပြန်ပြီ..''''

''''မငိုလို့ရမလား😭ခင်ဗျားက ဒီလိုဖြစ်နေတာကို..''''

''''ကိုယ် ဘာမှမဖြစ်ပါဘူး..ခေါင်းလေးတစ်ချက်ပဲ ပေါက်သွားတာပါ ညီရဲ့...ကျန်တဲ့နေရာတွေက အကောင်းတိုင်းပဲ..ကြည့်လိုက်လေ..''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)जहाँ कहानियाँ रहती हैं। अभी खोजें