Part - 29

2.9K 158 15
                                    

''''Oh..Everytime I see you.......''''

ကျနော့်ဖုန်းringtoneသံလေးကားကျနော့်ဘောင်းဘီအိတ်ကပ်ထဲမှ နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်....

ဖုန်းringtoneသံ ကြားတိုင်း ကျနော့်ကို ထားသွားခဲ့သော ညီ့ကို လွမ်းရသည်မှာလည်းအလုပ်တစ်လုပ်...
ကျနော်ဖုန်းကို ကြည့်မိသောအခါ ခေါ်နေသောသူက ငကျော်

''''Hello...ငကျော် ပြော''''

''''အေး...မင်းသိပြီးပြီလား?''''

''''အမ်...အစမရှိ အဆုံးမရှိငါက ဘာကိုသိရမှာလဲကွာ?''''

''''သတင်းစာထဲပါတာကိုပြောတာ..''''

''''သတင်းစာထဲ ဘာပါလို့လဲ?'''''

''''မင်းနဲ့ မဟူရာ လက်ထက်မယ့်အကြောင်းပါလာတယ်..''''

''''အမ်....ဘယ်လိုပါလာတာလဲဟ..'''''

''''မေးစရာလိုသေးလားကွာ..ထည့်လို့ပါလာတာပေါ့..မင်း ငြင်းမှာဖြင့်လည်း ငြင်းလိုက်တော့လေ..အချိန်ဆွဲမနေနဲ့တော့''''

''''တော်ပါပြီကွာ...သန်ဘက်ခါပဲ ဆောင်ရတော့မှာကို...ငါမငြင်းတော့ပါဘူး''''

''''ဟျောင့်...တကယ်လက်ထပ်တော့မှာလား?မင်းညီအတွက်ကိုမစဉ်းစားတော့ဘူးလား?''''

''''ဒီလိုလုပ်တာက ညီ့အတွက်ပဲငကျော်...ညီကငါ့ကို ဒီလိုဖြစ်စေချင်နေတာ..တော်ပြီဟျောင့်..ငါဖုန်းချလိုက်တော့မယ်...'''''

ကျနော်လုပ်နေတာ မှန်ရောမှန်ရဲ့လား ဘုရားသခင်ရယ်...
တစ်ခါတစ်လေမှာ ကျနော်သိပ်စိတ်ညစ်ရပါတယ်...
လေယူရာယိမ်းရမယ့်ပန်းတစ်ပွင့်လို ကျနော်ခံစားရတယ်...
လရိပ်မရှိတဲ့ နွေညတွေကလည်း ဘယ်လိုသာယာနိုင်မလဲ..
.
.
.
ညနေခင်းမှောင်ရီပျိုးစ အိမ်ရှေ့က မီးပုံလေးနားမှာ လရောင်တို့ သားအမိနှစ်ယောက်ထိုင်နေပြီး လရောင်ကတော့ မိခင်ရဲ့ ရင်ခွင်ထဲ ယုန်လေးတစ်ယောင်လိုမျိုးတိုးဝင်နေလေရဲ့...

''''သား လရောင်...''''

''''ဗျာ မေမေ...''''

''''သား ပျင်းနေလား?''''

''''မပျင်းပါဘူး မေမေရဲ့...''''

''''သား သန်ဘက်ခါ ၁၄ရက်နေ့ကျရင် သွားမှာလား...သားကိုကိုရဲ့ မင်္ဂလာဆောင်ကို''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now