Part - 31

2.4K 140 15
                                    

(Song Recommand- LeeSunHee's WindFlower! It's a korean song but you can feel the melody to perfect the taste of fic)

''''ညီရေ...ညီလေးရေ..ချစ်လေးရေ...ကလေးလေးရေ..''''

''''ဘယ်လိုတွေခေါ်နေတာလဲဗျာ..''''

''''မကြိုက်ဘူးလား?''''

''''ကြိုက်ပါတယ်..''''

''''အဲဒါကိုများ...ဒါနဲ့..ညီဒီမှာ ခဏနေခဲ့ဦး...ကိုယ် အရင်hotelမှာပဲ အလုပ်ပြန်သွားလျှောက်လိုက်ဦးမယ်..မျက်စိလည်းပြန်သက်သာနေပြီဆိုတော့ ကိုယ်ပြန်အလုပ်လုပ်ရတော့မယ်ညီ''''

''''အင်းပါ...ရပါတယ်...ခင်ဗျားကို ကျနော် တစ်ခု မေးစရာရှိလို့''''

''''မေးလေညီရဲ့..''''

''''ခင်ဗျားဖေဖေကို မလွမ်းဘူးလား?''''

''''ကိုယ်ဖေဖေ့ကို လွမ်းသင့်လား မလွမ်းသင့်ဘူးလားဆိုတာတောင် မသိတော့ဘူး..ကိုယ့်မင်္ဂလာဆောင်နေ့တော့ သူပြန်လာပါသေးတယ်...အခုတော့ ပြန်သွားပြီလား မပြန်သေးဘူးလားဆိုတာ ကိုယ်မသိဘူး..ကိုယ့်ဘက်က ဖေဖေ့ကို မဆက်သွယ်ဖြစ်သလို..ဖေဖေကလည်း ကိုယ့်ကို မဆက်သွယ်ခဲ့ဘူးလေ''''

''''ခင်ဗျား ဖေဖေကို ခင်ဗျား ချစ်တယ်မလား?''''

''''ညီက ဘယ်လိုထင်လို့လဲ?''''

''''ကျနော့်အမြင်မှာတော့ ခင်ဗျားဖေဖေကို အရမ်းချစ်တယ်လို့ထင်တယ်...''''

''''ဒါဆို ညီကရော ?ကိုယ့်ဖေဖေကို ဘယ်လိုမြင်လဲ?''''

''''သူကလည်း ခင်ဗျားကို အရမ်းချစ်မယ့်ပုံပါ..''''

''''မဟုတ်ပါဘူးညီရယ်...သူကိုယ့်ကိုမချစ်ဘူး...သူသာကိုယ့်ကိုချစ်ရင် ကိုယ်စိတ်ချမ်းသာဖို့ တွေးပေးလိမ့်မယ်..ညီနဲ့ ဝေးဖို့ အကြောင်းအရာတွေ သူဖန်တီးခဲ့မှာ မဟုတ်ဘူး''''

''''ဒါတွေကလည်း သူခင်ဗျားကို ချစ်လို့လုပ်ခဲ့မိတာ ဖြစ်နိုင်ပါတယ်...သူ့အတွေးထဲမှာ ခင်ဗျားကို သဘာဝမဆန်တဲ့နယ်ပယ်ထဲမရောက်စေချင်လို့ သူကြိုးစားခဲ့တာဖြစ်မယ်..ဒါပေမယ့် သူဘာတွေပဲလုပ်လုပ် သူက ခင်ဗျားအဖေပဲလေ...ခင်ဗျားကပဲ နားလည်ပေးလိုက်ပါဗျာ...နော် ''''

''''ကောင်းပြီလေ...ကိုယ်နားလည်ဖို့ကြိုးစားကြည့်မယ်..ကြိုးစားလို့အကြောင်းမထူးလာဘူးဆိုရင်တော့ ..ကိုယ်လည်းမပြောတတ်ဘူး..''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Kde žijí příběhy. Začni objevovat