Part - 13

3.2K 191 7
                                    

ဒီနေ့ ကျနော် kနောက်ကြောင်းကို စုံစမ်းဖို့ စုံထောက်ကြီးလုပ်စရာရှိသည်.....
ဒီနေ့ကစ၍ kလား?ညီလား?ရအောင် စုံစမ်းမည်...

''''K...''''

''''အင်း...ဘာလဲဗျ''''

''''ဒီနေ့ လက်တွေ့ သင်တန်းရှိတယ်နော်..သိလား?''''

''''ဟုတ်လား...စိတ်ဝင်စားဖို့ကောင်းလားဗျ''''

''''အင်း..သင်ကြည့်ရင် သိရမှာပဲလေ..ဟီး..ဒါနဲ့ K....''''

''''အင်း..ပြောလေဗျ''''

''''ဟို...ကိုယ်မင်းရဲ့ နိုင်ငံသားစိစစ်ရေးကဒ်လေးလိုအပ်လို့ ခဏလောက်ကြည့်ချင်တယ်ရမလား?''''

''''ဘယ် နေရာမှာ လိုအပ်လို့လဲ?''''

''''ဟိုလေ...kအတွက် အလုပ်အကိုင် လျှောက်ထားခွင့်မှာ ဖြည့်ဖို့လိုတယ်လေ....အဲဒါ အခုကတည်းက လုပ်ထားမလို့..''''

''''ဩော်...အင်း...ဒီမှာလေ...''''

''''အင်း...ကိုယ်ခဏကြည့်မယ်လေ..''''

အမှန်က ကျနော် k ၏အထောက်အထားရှာချင်၍တောင်းခြင်းဖြစ်သည်....
သို့သော် မှတ်ပုံတင်တွင်လည်း သူသည် kဖြစ်ကြောင်း Mr.sokyung ၏ သားဖြစ်ကြောင်း ငယ်စဉ်ကတည်းက koreaတွင်နေထိုင်ခဲ့ကြောင်း...သူ့မွေးနေ့ ကလည်း လရောင်လေးနှင့်မတူ ...ခန္ဓာကိုယ်အမှတ်အသားကလည်း ကျနော် ညီလရောင်လေး၏ ခန္ဓာကိုယ်ကိုမှ မမြင်ဖူးဘဲ....ကျန်အထောက်အထားများကလည်း သက်တံ့ အတွက်အသုံးမဝင်....

''''ဘာတွေ ဒီလောက် အကြာကြီးကြည့်နေရတာလဲဗျ?နံပါတ်မှတ်ပြီးရင်လည်း ပြန်ပေးတော့လေဗျ..''''

''''ဩော်...အေးပါအေးပါ..ရော့''''

ကျနော့်လက်ထဲမှ သူ့ကဒ်ကို ဆွဲယူလိုက်ပြီး မော့ကာမော့ကာ ထွက်သွားသည်...
Kတစ်ယောက်နဲ့လည်းမလွယ်...

''''ကို သက်တံ့ လာလေဗျာ...ဒီနေ့ hotelမသွားပဲ...အဲမှာပဲ ရပ်နေတော့မှာလားဟမ်?''''

''''အေးပါချာတိတ်ရာ  ...လာပါ့မယ်ဟ ''''

သူကျနော့်ကို စုံစမ်းချင်နေတာ သိပါတယ်...
ဒါပေမယ့် ကျနော် နောက်ဆုံးချိန်ထိ ဖွင့်ပြောမှာ မဟုတ်ဘူး...
သူ့မှာ အချိန်တန်ရင် လက်ထပ်ယူရမယ့် မဟူရာ ရှိနေတာလည်း သိပါတယ်...
ဒါကြောင့် ကျနော့်ကြောင့် သူတို့ခွာပြဲရတာတွေ မဖြစ်စေချင်တဲ့အတွက်
သက်တံ့ကို ပိုင်ဆိုင်ခွင့်ရဖို့ထက် သူ့အနားမှာ နေခွင့်ရဖို့ လမ်းကိုပဲ ကျနော်ရွေးချယ်ထားတာပါ...
အခုကျနော်ဟာ သက်တံ့ရဲ့ ဧည့်သည်ပါ...
အချိန်တန်ရင် အိမ်ပြန်သွားရမယ့် ဧည့်သည်ပါ...

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Where stories live. Discover now