Part 9

247 11 0
                                    

''''သက်တံ့....မင်းရဲ့ လရောင်လေးကို ဒီနေ့တစ်နေ့လုံး မတွေ့ဘူးနော်....မင်းလိုက်မရှာကြည့်ဘူးလား?''''ငကျော်မှမေးလိုက်သည်...

''''အေးကွာ...ညီကလည်း ဘယ်သွားနေမှန်းမသိဘူး..သူ့အမေကိုလွမ်းလို့ အိမ်ပြန်သွားတာလည်း မဖြစ်နိုင်ဘူး...ဘာလို့လဲဆိုတော့ သူ့အထုပ်တွေမယူသွားဘူးကွ...လူပဲ ပျောက်သွားတာ...ပြီးတော့ စာမေးပွဲလည်း နီးနေပြီကို..''''

''''အေးကွာ...လရောင် လေးကလည်း ဘာလို့ဒီလိုလုပ်ရတာလဲ မသိဘူးနော် ....''''

ရုတ်တရက် ကန်တင်းရှိ TV မှMNTV update newsတွင် သတင်းတစ်ခု ထွက်လာသည်....

''''ယနေ့ မြန်မာစံတော်ချိန် နံနက် ၈နာရီ ၃၀မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသအတွင်းရှိ ခရီးသွားနယ်မြေတစ်ခုဖြစ်သော ဦးပိန် တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ၍ သတ်သေမှုတစ်ခုဖြစ်ပွားကြောင်းကို မတော်တဆ video မှတ်တမ်းတင်ထားသော နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦးထံမှ သိရသည်...အခင်းဖြစ်ပွားရာနေရာတွင် သက်သေ အဖြစ် ခြေနင်း တစ်စုံကိုသာ တွေ့ရသည်... သို့သော် အလောင်းအား ယခုချိန်ထိရှာမတွေ့သေးကြောင်း ကိုလည်းထပ်ဆင့်သိရသည်...''''

''''သက်တံ့.....ဟိုမှာ....ကြည့်စမ်း...အဲ...အဲ့ဒီ...ဖိနပ်က..လ...လရောင်လေးရဲ့ ဖိနပ်မလား...???ဟုတ်တယ်မလား?သေချာကြည့်စမ်းပါကွာ..''''

''''အမ်...ငကျော်ကလည်းကွာ...ဒီလို ဖိနပ်တွေက အများကြီးရှိတာပဲကို.....
မင်းငါ့ကို မနောက်ပါနဲ့...ညီက ဒီလိုလုပ်မယ့် လူမျိုးမဟုတ်ဘူးကွ....''''

''''မင်း ပြန်စဉ်းစားကြည့်....ဒီဖိနပ်ကို လရောင် စီးထားတာ ငါမြင်ဖူးတယ် ....ပြီးတော့ မနက်ခင်းကတည်းက လရောင်ပျောက်နေတာလေ....ပြီးတော့ ...ပြီးတော့ ...''''

''''ပြီးတော့ ဘာဖြစ်လဲ?''''

''''ပြီးတော့ ခုန်ချတဲ့နေရာက ဦးပိန် လေကွာ...မင်းတို့ထိုင်ခဲ့တဲ့နေရာကွ....မင်းသွားကြည့်တာကောင်းမယ်နဲ့ တူတယ်နော်...''''

သက်တံ့ လက်ထဲမှ ရေနွေးကြမ်း ခွက်ကလေး ရုတ်တရက်မြေပြင်ပေါ်သို့ ဦးခိုက်သွားသည်...

''''အာ....ဒါ...ဒါ မဖြစ်နိုင်ပါဘူး....လုံးဝ မဖြစ်နိုင်ဘူး..''''

''''စိတ်...စိတ်ထိန်းပါဦး သက်တံ့ရယ်...ငါက သွားကြည့်ဖို့ပဲ ပြောတာပါ..''''

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Kde žijí příběhy. Začni objevovat