Part - 24

2.3K 141 4
                                    

လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိလာတဲ့အခါ အရာရာကို စွန့်လွှတ်နိုင်ကြတယ်...ကိုယ့်အသက်ပါ အပါအဝင်ပေါ့...
ကမ္ဘာပေါ်က လူတိုင်းက ချစ်တတ်ကြပါတယ်...
နှလုံးသားကိုယ်စီရှိကြပါတယ်...
ကျနော်တို့နှစ်ယောက်ကြားမှာလည်း အချစ်မေတ္တာတွေဖြစ်ပေါ်လာခဲ့ပြီးပါပြီ...ဒါပေမယ့် ဒီအချစ်သံယောဇဉ်လေး ပျက်ပြယ်သွားတော့မယ့်အချိန်ကိုတော့ ကျနော်ကြောက်တယ်....
.
.
.
မနက် ၁နာရီ ထိုးတော့မယ်....
ဆိုးဝါးနေတဲ့ ရောဂါ အခြေအနေက အနည်းငယ်သက်သာလာတဲ့အခါ...
ကျနော် ရေချိုးခန်းထဲက ရေပန်းတွေအောက်မှာ အသက်ကို ဖြည်းဖြည်းရှူရင်း...ကုန်းရုန်းထလိုက်တယ်..
သွေးပေနေတဲ့ အဝတ်အစားတွေကို ဆေးကြောပြီး...ဝရံတာမှာ လှန်းထားလိုက်တယ်..
ပြီးမှ ကိုသက်တံ့ ရှိတဲ့ ကုတင်ဆီ ပြန်သွားခဲ့တယ်...

''''ညီ...ဘာတွေဖြစ်နေတာလဲ?''''

''''ကျနော် ခလုတ်တိုက်မိတာပါ...ဘာမှမဟုတ်ပါဘူး..''''

''''လာပါဦး...ကိုယ့်နားကို.....
ညီ...တစ်ကိုယ်လုံးလည်းစိုနေတာပဲ...ဘာတွေလုပ်လာတာလဲ?''''

''''ရေပန်းမှားဖွင့်မိလို့ပါ...ဘာမှ မဖြစ်ပါဘူးဗျ...ကျနော် အဝတ်လဲလိုက်မယ်...ခင်ဗျားကလည်း အိပ်ပါဆို..ကျနော့်ကိုစောင့်နေပြန်ပြီ..''''

''''မစောင့်လို့ရမလား...တစ်ခုခုဖြစ်နေတဲ့ပုံကို...စိတ်ပူတာပေါ့လို့ ..''''

''''ကဲပါဗျာ...ခုကျနော် ဘာမှမဖြစ်တော့ဘူးမလား?အိပ်ပါတော့ဗျာ..''''

''''အင်းပါကွာ..ညီအအေးပတ်မှာစိုးလို့ပါ...မြန်မြန်လဲပြီး အိပ်တော့...''''

ကျနော့်ဘဝမှာ အမေပြီးရင် ကိုသက်တံ့က ကျနော့်ကို ဂရုအစိုက်ဆုံးပဲ...
မေမေနဲ့အဝေးမှာ နေရတော့လည်း သူကပဲ ကျနော့်ကို ဂရုစိုက်ပေးနေကျ...
သူမျက်လုံးတွေမမြင်ရတာတောင် ကျနော့်ကို ဂရုစိုက်တုန်းပဲ...
သူက ကျနော်ချစ်ရတဲ့သူပါ..
ကျနော့် အကိုဆိုလည်း ဟုတ်သေးတယ် ..
ကျနော့် ဖခင်နေရာလည်း သူဝင်တတ်သေးတယ်..
ကျနော့် အကိုလို/အဖေလို/သူငယ်ချင်းလို/ချစ်သူလို ဂရုစိုက်မှုတွေပေးနိုင်တဲ့ လူတစ်ယောက်ပါ..
သူ့ကြောင့် ကျနော်ပျော်ရွှင်မှုတွေရခဲ့ဖူးပါတယ်...
ကျေးဇူးတွေအများကြီးလည်း သူ့အပေါ်တင်နေပါပြီ...

The Sweetest Pains🌟(အချိုမြိန်ဆုံးသော ဒဏ်ရာများ)Kde žijí příběhy. Začni objevovat